သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-30
မြန်မာနိုင်ငံမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းသမား ၅ ယောက် ပြန်လည် လွတ်မြောက်ရေးအတွက် နိုင်ငံတကာ သတင်းလွတ်လပ် ခွင့်နေ့ဖြစ်တဲ့ မေလ ၃ ရက်နေ့မှာ တောင်းဆိုလှုပ်ရှားကြဖို့ AI ခေါ် နိုင်ငံတကာလွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက် တွန်းလိုက်ပါတယ်။
2015-04-30
အမေရိကန်အစိုးရရဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူထားတဲ့ စာရင်းထဲကနေ ကင်းလွတ်ခွင့်ရခဲ့တဲ့ ပထမဆုံး စီးပွားရေး လုပ်ငန်းရှင် ဦးဝင်းအောင်က စာရင်းထဲမှာ ကျန်နေသေးတဲ့ လုပ်ငန်းရှင်တွေကိုလည်း ကင်းလွတ်ခွင့်ပြုသင့်တယ်လို့ မနေ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2015-04-30
မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် အတွက် စိုးရိမ်စရာကောင်းတဲ့အဆင့်မှာပဲ ဆက်ပြီးရှိနေသေးတယ်လို့ အမေရိကန် အစိုးရက မနေ့ကထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
2015-04-30
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမေရိကန်ကောင်စစ်ဝန် Mr. Michael Heath ဟာ ရှမ်းပြည်နယ်ထဲက စစ်ဘေး ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ခိုလှုံနေ ထိုင်ရာ ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင်ရှိ ကုန်းကျော်ဒုက္ခ သည်စခန်းကို ဧပြီလ ၂၈ ရက်နေ့အင်္ဂါနေ့က သွားရောက် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
2015-04-30
မန္တလေးတိုင်းဒေသကြီး မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းနယ်မြေထဲမှာ မနေ့က တောင်သူတွေနဲ့ ရဲတပ် ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး တောင်သူတွေကို ကူညီဆောင်ရွက်ပေးတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
2015-04-30
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးရဲ့ မျိုးရိုးဗီဇ DNA ကို ပြန်လည်စစ်ဆေး ဖို့ ကော့စမွီခရိုင်တရားရုံး တရားသူကြီးက ဒီကနေ့ ညွှန်ကြားလိုက်ပါတယ်။
2015-04-30
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ လက်ပံတန်းကျောင်း သားသပိတ် စစ်ကြောင်းက ကျောင်းသူ ကျောင်းသား ၇၀ ကို ဒီကနေ့ သာယာဝတီတရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
2015-04-30
ချင်းပြည်နယ်မှာ တက္ကသိုလ်ပညာရေးအဆင့်ထိ သင်ကြားနိုင်အောင် တောင်းဆိုသွားဖို့ ရည်ရွယ်ပြီး နေရာ အနှံ့က တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ ချင်းတိုင်း ရင်းသား ကျောင်းသူကျောင်းသားတွေ စုပေါင်းပြီး မြန်မာနိုင် ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းလိုက် ပါတယ်။
2015-04-30
ဒီကနေ့ ဧပြီလ ၃၀ရက်နေ့မှာ သက်တမ်းကုန် ဆုံးပြီဖြစ်တဲ့ White Card ခေါ် ယာယီသက်သေခံ လက်မှတ်တွေကို ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကတည်းက သိမ်းဆည်းနေရာမှာ ဒီနေ့အထိ တစ်လအတွင်း သက်သေခံလက်မှတ်ပေါင်း သုံးသိန်း တစ်သောင်းကျော် လက်ခံရရှိထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ပြော ပါတယ်။
2015-04-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတအဖြစ် အရွေးချယ်ခံခွင့် ပေးရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့ အကျိုး စီးပွားကို အဓိကထား စဉ်းစားသင့်တယ်လို့ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က မနေ့က ပြောကြား လိုက်ပါတယ်။
2015-04-30
ကိုးကန့်တပ်ကဖမ်းမိထားတဲ့ အစိုးရတပ် ဘက်က စစ်သုံ့ပန်း ၅ ယောက်ရှိနေပြီး၊ အဲ့ဒီလူတွေကို မကြာခင်ပြန်လွှတ်ပေးမယ် လို့သိရပါတယ်။
2015-04-29
မြန်မာနိုင်ငံမှာ သတင်းထောက်တွေ ဖမ်းဆီးထောင်ချတာနဲ့ သတင်းမီဒီယာတွေ အပေါ်တင်းကြပ်လာ တာတွေကြောင့် လွတ်လပ်စွာရေးသားထုတ်ဖေါ်ပြောဆိုခွင့်၊ အရပ်ဘက် ဆိုင်ရာလွတ်လပ်ခွင့် နှုန်းဟာ အဆင့် ၅ ကနေ၊ အဆင့် ၆ ကို လျော့ကျသွားတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးလေ့လာ စောင့်ကြည့်တဲ့ Freedom House အဖွဲ့က မနေ့ကပြောလိုက်ပါတယ်။
2015-04-29
လန်ဒန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးက ဘာသာသာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) နဲ့ တရားစွဲဆိုခံထားရတဲ့အမှုကို ပယ်ဖျက်ပေး ဖို့ နေပြည်တော် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးမှာ စာတင်လိုက်ပါတယ်။
2015-04-29
ပြီးခဲ့တဲ့စနေနေ့ဖြစ်တဲ့ ဧပြီလ ၂၅ ရက်နေ့ က နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေသူတွေကို အကူအညီ ပေးဖို့အတွက် မြန် မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်က အလှူငွေကောက်ခံရာမှာ ဒီနေ့အထိ ဒေါ်လာ သုံးသောင်းကျော် ရရှိထားပါတယ်။
2015-04-29
အသတ်ဖြတ်ခံလိုက်ရတဲ့ ကချင်တိုင်းရင်း သူ စေတနာ့ဝန်ထမ်းဆရာမနှစ်ဦး၊ လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်းနဲ့ အလွတ် သတင်းထောက် ကိုပါကြီး တို့အတွက် အောက်မေ့ ဖွယ်အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် တီးတိန်ချင်း နှစ်ခြင်း အသင်းတော်ခန်းမမှာ ကျင်းပခဲ့ပါ တယ်။