သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-30
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ အုပ်စုအတွက် ဆေးရုံတည်ဆောက်ပေးဖို့ ဒေသခံ ၃၀၀ လောက်က ရသေ့တောင်မြို့ပေါ်မှာ မနေ့က ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-06-30
ထိုင်း မြန်မာ နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်း ကိုးခုက မြန်မာဒုက္ခသည် တစ်သိန်း တစ်သောင်းကျော်ကို UNHCR က အခုအခါ Biometric ခေါ် ခေတ်မီစက်ပစ္စည်းတွေနဲ့ မှတ်ပုံတင်လုပ်ငန်းတွေ လုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။
2015-06-30
ကချင်ပြည်နယ် မြစ်ကြီးနား နည်းပညာ တက္ကသိုလ်မှာ နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း မြစ် ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်က မန္တလေးကျောင်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2015-06-30
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မိုးကောင်း-ဖားကန့်လမ်းပေါ် ခွန်ဆိုင်ဇွပ်ရွာအနီးမှာ မိုးကောင်းကနေ ဖားကန့်ကို မောင်းနှင် လာတဲ့ ခရီးသည်ယာဉ်တစ်စီး မိုင်းထိမှန်ပြီး ခရီးသည် တစ်ဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2015-06-30
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားကျောင်းသူနဲ့ ဝန်းရံသူ ၆၈ ဦးကို သာယာဝတီမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ ဝန်းရံသူ ကိုခင်လှိုင်ဆိုသူဟာ သတိလစ်သွား တဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်လိုက်ပါတယ်။
2015-06-30
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် တဲ့မူကြမ်းမှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယ သမ္မတကို ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေထဲကသာ ရွေးချယ်ရမှာဖြစ်ကြောင်း ပြင်ဆင်ထားတာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေက ဒီနေ့ ထောက် ခံဆွေးနွေးကြပါတယ်။
2015-06-30
တစ်နိုင်ငံလုံးက အလုပ်သမားတွေအတွက် အခြေခံလုပ်ခလစာ တစ်ရက် ၃၆၀၀ ကျပ်နှုန်း သတ်မှတ်လိုက်တာကို အလုပ်ရှင်နဲ့ အလုပ် သမားတွေ နှစ်ဘက်စလုံးက ကန့်ကွက်သွားမယ်လို့ ပြော ပါတယ်။
2015-06-30
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်နေတာကြောင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲက နှုတ်ထွက်ပေးဖို့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသကျောင်း သားတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။
2015-06-29
မွန်ဂိုလီယားနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား သတ္တုတူးဖော်ရေး၊ သယံဇာတများ စနစ် တကျ ထုတ်ယူသုံးစွဲမှု၊ စိုက်ပျိုးရေးနဲ့ ခရီး သွားလုပ်ငန်း စတဲ့ ကဏ္ဍတွေမှာ အတွေ့ အကြုံဖလှယ်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
2015-06-29
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေကျေးရွာအုပ်စု ဒါဝကျေးရွာမှာ မနေ့ညက လေဆင်နှာမောင်း တိုက်ခတ်တာကြောင့် အိမ်ခြေ ၄၀ လောက် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2015-06-29
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နဲ့ တနိုင်း-ဟူးကောင်းဒေသက စိုက်ခင်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ရခိုင်ပြည်နယ် က ရွှေ့ပြောင်းလုပ်သား ၅၀၀ ကျော်ကို မြစ်ကြီးနားမြို့ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့ထံ ဒီနေ့ ပို့ဆောင်လိုက်ပါတယ်။
2015-06-29
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကို လေးပွင့်ဆိုင် သဘောတူညီချက်တွေနဲ့ အညီ ပြန်လည်ပြင်ဆင်ပေးဖို့ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒီနေ့ ကြေညာ ချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2015-06-29
မြန်မာ့တပ်မတော် စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ်လွင်ဦးကို ရာထူးက ဖယ်ရှားလိုက်ကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
2015-06-29
ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အငြင်းပွားမှုတွေ ကို ဖြေရှင်းဖို့အတွက် "ရွေးကောက်ပွဲ ဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ" တွေကို ဖွဲ့စည်း ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြား လိုက်ပါတယ်။
2015-06-29
ရွေးကောက်ပွဲစောင့်ကြည့်ရေး အရပ်ဘက် အဖွဲ့အစည်းတချို့နဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်းပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း အတွင်းက နယ်မြေတချို့ကို စမ်းသပ်နယ်မြေတွေအဖြစ် အခြေခံမဲစာရင်းတွေ ပြန်လည်စစ်ဆေးနေရာမှာ မဲစာရင်း အမှား ၇၀%လောက်အထိ တွေ့ရှိရတယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။