သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-31
နာရေးကူညီမှုအသင်းကို ဦးစီးဆောင် ရွက်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူကို ၂၀၁၅ ခုနှစ် အတွက် Ramon Magsaysay ဆု ဖိလစ်ပိုင် သမ္မတ က မနေ့က ချီးမြှင့်လိုက်ပါတယ်။
2015-08-31
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russel ဟာ စက်တင်ဘာ လအတွင်း မြန်မာ၊ တရုတ်နဲ့ မွန်ဂိုလီးယားနိုင်ငံတွေကို သွားရောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2015-08-31
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်မြင်းကျေးရွာမှာ ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို မနေ့ညက သွားရောက် ဖမ်းဆီးရာမှာ ဒေသခံတွေနဲ့ နှစ်ဘက်တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး ဝိုင်းမော်မြို့နယ်ရဲစခန်းက လူ ၂၀ ကို ခေါ်ယူစစ်ဆေးနေ ပါတယ်။
2015-08-31
ချင်းပြည်နယ် တွန်းဇံမြို့နယ်က ဟားခါးလေးကျေးရွာအပါအဝင် ရွာ ၅ ရွာဟာ နုန်းမြေတွေ နစ်မြုပ်နေတာအပြင် မြေကွဲအက်နေ တာကြောင့် လူနေထိုင်ဖို့ မသင့်တော်တဲ့အတွက် ပြောင်းရွှေ့ ဖို့ စီစဉ်ထားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့က ပြော ပါတယ်။
2015-08-31
မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို လာမယ့် စက်တင်ဘာလလယ်လောက်မှာ ထုတ်ပြန်ပေးမှာဖြစ်ပြီး မဲစာရင်းထဲမှာ မှားယွင်းနေတာတွေ ရှိနေမယ်ဆိုရင်လည်း ပြင်ဆင်လို့ရသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြော ပါတယ်။
2015-08-31
နိုဝင်ဘာလ ၈ရက်နေ့မှာ ရွေးကောက်ပွဲဝင်ဖို့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်ထားတဲ့ လွှတ်တော်ကိုယ်စား လှယ်လောင်း ၆၁၈၉ ယောက်ထဲမှာ အခုချိန်ထိ ပယ်ချခံရသူ ၄၀ နီးပါးလောက် ရှိသွားပြီ ဖြစ်ပါတယ်။
2015-08-31
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် မဲဆန္ဒနယ်မြေတွေကနေ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဥပဒေနဲ့အညီ မဲဆွယ်စည်းရုံးကြဖို့ ဒီနေ့ တိုက်တွန်းခဲ့ပါတယ်။
2015-08-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒ ရှင်ပြည်သူတွေ အနေနဲ့ ခြိမ်းခြောက်မှုတွေကို စိုးရိမ်ကြောက် လန့်ခြင်းမရှိပဲ လာမယ့်ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား မဲသွားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
2015-08-30
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသမှာ ဒီရက်ပိုင်းအတွင်း မိုးသည်း ထန်စွာရွာသွန်းနေတာကြောင့် ဥရုချောင်းရေကြီးလာပြီး ဖားကန့်မြို့နဲ့ ဆိပ်မူ၊ လုံးခင်း စတဲ့ကျေးရွာတွေဟာ ဒုတိယ အကြိမ် ရေနစ်မြုပ်နေပါတယ်။
2015-08-30
လာမယ့် ရွေးကောက်ပွဲမှာ မြို့နယ်တစ်ခုမှာ သတင်းဌာနတစ်ခုက သတင်းသမား ၃ ဦး သာ သတင်းယူခွင့်ရှိမယ်လို့ ထုတ်ပြန်ထား တာဟာ ရွေးကောက် ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ နေ ရာမှာသတင်းယူဖို့အတွက် ထုတ်ပြန်တာဖြစ်ကြောင်း ကော် မရှင်ရဲ့ ထုတ်ပြန်ချက်အပေါ် နားလည်မှုလွဲတာ သာဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီ တာဝန်ရှိသူက ပြောပါတယ်။
2015-08-30
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် စာရင်း တင်သွင်းထားသူ ၅၅ ဦး ရှိရာမှာ၊ အဲဒီထဲက ၁၉ ဦး ကို မောင်တော ခရိုင်ရွေးကောက် ပွဲ ကော်မရှင်က မနေ့က ပယ်ချလိုက်ပါတယ်။
2015-08-30
လာမယ့်ရွေးကောက်ပွဲရလဒ်ကို ဘယ်လိုအကောင် အထည်ဖေါ်ပေးမလဲဆိုတာ အခုအချိန်မှာ စိုးရိမ် မနေကြဘဲ ပြတ်ပြတ်သားသား ရပ်တည်မဲပေးကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2015-08-29
ကယားပြည်နယ် လွိုင်ကော်ခရိုင် မဲဆန္ဒနယ်အမှတ် ၁ မှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားတဲ့ ကယန်းအမျိုးသားပါတီက ဦးခွန်ဘီးဒူ ကို ရွေးကောက်ပွဲမတိုင်မီ မြန်မာနိုင်ငံမှာ ဆယ်နှစ်ဆက် တိုက် နေထိုင်ခဲ့ခြင်းမရှိဘူးဆိုပြီး ပြည်နယ်ရွေးကောက် ပွဲကော်မရှင်က ပယ်ချလိုက်ပါတယ်။
2015-08-29
ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ မနေ့က မိုးကြီးပြီးတောင်ပေါ်ရေကန် ကျိုးပေါက်လို့ ဟားခါးလေးနဲ့ တွီးခိဖန်ကျေးရွာတို့ဟာ ရေနဲ့အတူပါလာ တဲ့ နုန်းတွေ ၇ ပေ လောက်ထိ ဖုံးသွားတယ်လို့ သိရပါတယ်။
2015-08-29
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ရွေးကောက်ပွဲ အသိ ပညာပေးဟောပြောပွဲကို မနက်ဖြန် နေပြည်တော် မြို့နယ် ၅ ခုမှာ ကျင်းပမှာဖြစ်တဲ့အတွက် ဦးရဲလွင် ဦးဆောင်တဲ့ ပန်းရဲ့ လမ်းဂီတအဖွဲ့က ကြိုတင်လှုံ့ဆော်မှုအနေနဲ့ ဒီကနေ့ တေး သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။