သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-22
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုခရီးစဉ် ပြီးမြောက်အောင်မြင်ဖို့ လက်ရှိအခြေခံဥပဒေက အတားအဆီးဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆို ခဲ့ပါတယ်။
2016-05-22
ပြည်သူ့ဂုဏ်ရည်အသင်းက ပေးအပ်တဲ့ ၂ဝ၁၆ ခုနှစ် အတွက် ပြည်သူ့ဂုဏ်ရည်ဆု ကို ပင်းတယ ဖန်မီးအိမ်ရှင် ပရဟိတဆရာဝန် ဒေါက်တာ သန်းမင်းထွဋ် က ရရှိပြီး အထူးဆုရှင်တွေအဖြစ် မြန်မာ ပုံပြောသူများအဖွဲ့၊ ပန်းရဲ့လမ်းအဖွဲ့နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအတွက် ဒေါ်ခင်မမမျိုးတို့က ရရှိခဲ့ပါတယ်။
2016-05-22
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် သီပေါမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် တစ်ထောင်လောက်ထိ တိုးလာနေ ပါတယ်။
2016-05-22
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ မှာ သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ကျောင်းသူ မဝင်းမော်ဦး အတွက် အမျှပေးဝေပွဲ နဲ့ ဂုဏ်ပြုပွဲကို မိဘတွေ က ဒီကနေ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က နေအိမ်မှာ ကျင်းပခဲ့ပါတယ်။
2016-05-22
၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်နိုင်ဖို့ အတွက် NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေနဲ့ အလွတ်သဘော တွေ့ ဆုံဆွေးနွေးနိုင်ဖို့ ညီလာခံပြင်ဆင်ရေးကော်မတီက ပြင် ဆင်နေပါတယ်။
2016-05-22
ဆရာတော် ဦးဝီရသူနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပုတ်ခတ်စော်ကားတဲ့ စာသားတွေတင်တယ်ဆိုပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရာပြည့် ခေါ် ကိုမျိုးဝင်းသူကို ရန်ကုန်တိုင်းဒေသ ကြီး မှော်ဘီရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။
2016-05-22
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်မှာနေထိုင်တဲ့ မွတ်စလင်တွေ လူဦးရေစာရင်းကို ပြည်နယ်အစိုးရက ဒီနေ့ ဆက် လက်ကောက်ယူခဲ့ပါတယ်။
2016-05-22
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးမရှိကြောင်း အစိုးရအနေနဲ့ ထုတ်ပြန်ပေးဖို့ အမျိုးဘာသာ သာသနာ ချစ်မြတ်နိုးသူများအဖွဲ့က ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-05-22
ရိုဟင်ဂျာ၊ ဘဂါၤလီ အမည်ခေါ်ဝေါ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အကောင်းဆုံး ဖြစ် နိုင်မယ့် အဖြေကိုရှာဖွေနေကြောင်းနဲ့ အဲ့ဒီအဖြေဟာ လူ့အဖွဲ့အစည်း ၂ ခုစလုံးက လက်ခံနိုင်လောက်မယ့် အဖြေမျိုးဖြစ်ဖို့ ကြိုးစားနေကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။
2016-05-21
မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံမယ်လို့ နေပြည်တော် သမ္မတရုံးက အတည်ပြု ပြောပါတယ်။
2016-05-21
တောင်လေးလုံးဆရာတော် ဘဒ္ဒန ္တပညာဇောတ ခေါ် အမျိုးသားစာပေဆုရှင် ကိုပညာ - အမရပူရဟာ ဒီနေ့မနက် ၁၀ နာရီလောက်က တောင်လေးလုံးကျောင်း တိုက်မှာပဲ ဘဝနတ်ထံပျံလွန်တော်မူသွားပါတယ်။
2016-05-21
ရွန်နူ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် နိုင်ကြောင်း ရခိုင်ပြည်နယ် ပေါက်တော၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ အုပ်ချုပ်ရေး အဖွဲ့တွေက မုန်တိုင်းသတိပေး ချက် လိုက်လံကြေညာ တာတွေ၊ ဘေးလွတ်ရာ ကို ပြောင်းရွှေ့တာတွေ ဆောင်ရွက်ပေးနေပါတယ်။
2016-05-21
ရန်ကုန်တိုင်းမြို့နယ် ၄၅ မြို့နယ်မှာ တရားဥပဒေစိုးမိုးမူရှိအောင် လောင်း ကစားဝိုင်းတွေ၊ လူဆိုးလူမိုက်ဂိုဏ်းတွေကို နှိမ်နင်းအရေးယူသွားမယ်လို့ ရန်ကုန်တိုင်ဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။
2016-05-21
တိုက်ပွဲဖြစ်ခဲ့တဲ့ ရှမ်းပြည်မြောက် ပိုင်း ကျောက်မဲမြို့နယ်က ပန်လော့နဲ့ ဝိုးလုံရွာတွေမှာ မီးရှိုးခံထားရတဲ့ အလောင်း ၈လောင်းကို တွေ့ရှိခဲ့တယ်လို့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း က ပြောပါတယ်။
2016-05-21
ရှစ်လေးလုံးအရေးအခင်းမှာ စစ်တပ် ရဲ့ပစ်ခတ်ဖြိုခွဲမှုကြောင့် သေနတ်ထိ မှန်သေဆုံးခဲ့တဲ့ ကျောင်းသူ မဝင်းမော်ဦးကို ရည်စူးပြီး ဂုဏ်ပြုအမျှဝေပွဲကို မကွေး တိုင်းဒေသကြီး မင်းဘူးမြို့နယ် တော့ဘို့ကုန်းကျေးရွာမှာ ကျင်းပခဲ့ပါတယ်။