သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-31
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တရားရုံးက ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှု စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ခံလိုက်ရတဲ့ ရခိုင်အမျိုးသားပါတီဝင်၊ မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို မင်းပြား မြို့နယ်ရဲစခန်းကနေ ကျောက်ဖြူအကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်ပါတယ်။
2016-01-31
ထိုင်းမြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မူးယစ် စိတ်ကြွဆေးပြား ပြုလုပ်ရာမှာ အသုံးပြုတဲ့ ကျပ်သိန်းပေါင်း ၅၅၀ ကျော်တန်ဖိုးရှိတဲ့ ဓါတုဆေးတွေကို ဇန်နဝါရီလ ၃၀ ရက်နေ့က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ တယ်လို့ မူးယစ်ရဲအုပ် အောင်ကျော်စိုး က ပြောပါတယ်။
2016-01-31
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်က ဟိုက်ပါစစ်ဘေးဒုက္ခသည်စခန်းမှာ ခှိုလှုံနေကြတဲ့ ဒုက္ခသည်တွေရဲ့ နစ်နာ ဆုံးရှုံးမှုတွေကို လာမယ့် ပြည်သူ့လွှတ်တော် မှာ တင်ပြဖို့အတွက် စစ်တမ်းကောက်ယူနေပါတယ်။
2016-01-31
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျီရာပြင်ကျေးရွာနဲ့ စေတီတောင်ကျေးရွာမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို နီးစပ်ရာကျေးရွာတွေမှာ ပြည် နယ်အစိုးရက လုံးချင်း နေအိမ်တွေဆောက်လုပ်ပြီး နေရာ ချထားပေးနေပါတယ်။
2016-01-31
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိ၊ NLD ဥက္ကဋ္ဌရုံးတာဝန်ခံ ဒေါက်တာ တင်မာအောင်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ ကစပြီး တာဝန်က အနားယူမှာဖြစ်ပါတယ်။
2016-01-31
မနက်ဖြန်ကျင်းပမယ့် ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေး ပထမနေ့မှာ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်သစ်တွေ ကျမ်းသစ္စာ ကျိန်ဆိုကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေကို ရွေးချယ်တင်မြှောက် မှာ ဖြစ်ပါတယ်။
2016-01-30
တိုင်းရင်းသားတွေနဲ့ ကိုက်ညီတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုှပ်နှံမှု မူဝါဒ တစ်ခုထွက်ပေါ် လာဖို့ ရည်ရွယ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ က ခေါင်းဆောင်တွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပနေပါတယ်။
2016-01-30
ပဲခူးမြို့အနီး ဟံသာဝတီ နိုင်ငံတကာ လေ ဆိပ်ကြီး တည်ဆောက်ရေးအတွက် အရေး ကြီးတဲ့ ပဏာမသဘောတူညီချက်ကို မြန် မာနိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန နဲ့ ပြည်ပကုမ္ပဏီ သုံးခု တို့ဟာ မနေ့က တရားဝင် လက်မှတ်ရေးထိုးလိုက်ကြတယ် လို့ ချယ်နယ်လ် နယူးအေးရှား သတင်းဌာနက ဖေါ်ပြ ပါတယ်။
2016-01-30
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့တဲ့ မင်္ဂလာဈေးသစ် ကို ဈေးသူ၊ ဈေးသားတွေရဲ့ ဆန္ဒအတိုင်းတည်ဆောက်ပေး ဖို့အတွက် ဖေဖော်ဝါရီလမှာ စတင်မယ့် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်မှာ တင်သွင်းသွားမယ်လို့ သိရပါတယ်။
2016-01-30
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ဟာ အရင်က လှူဒါန်းနေတဲ့ အခြေခံစား ကုန်တွေအစား ဒုက္ခသည်တစ်ဦးစီကို ငွေကြေးနဲ့ ပြောင်း လဲထောက်ပံ့လိုက်ပါတယ်။
2016-01-30
ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်ပြီး အိုးပိုင်၊ အိမ်ပိုင်မရှိသူတွေအတွက် အိမ်ခန်းပေါင်း ၁၂ဝဝ (တစ်ထောင့်နှစ်ရာ) ကို တစ်လကို ကျပ် သုံးသောင်းနှုန်းနဲ့ ငှားရန်နေထိုင်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ လျှောက်ထားနိုင် ပြီလို့ သိရပါတယ်။
2016-01-30
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ နမ့်ခမ်းမြို့နယ်တွေမှာ တအာင်း လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်တွေ အကြား တိုက်ပွဲတွေ မကြာခဏဖြစ်နေပေမယ့် ညှိနှိုင်းဆွေးနွေးမှု မရှိသေးဘူးလို့ နှစ်ဘက်ခေါင်းဆောင်တွေ က ပြောပါတယ်။
2016-01-30
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာစတင်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေ ရွေးချယ်နိုင်ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်အသစ်တွေက ဒီနေ့ပြည်သူ့ လွှတ်တော် အစည်းအဝေးခန်းမမှာ အစမ်းလေ့ကျင့် ခဲ့ကြပါတယ်။
2016-01-29
လာမယ့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်မှာ ဒုတိယ ဥက္ကဌရာထူး အတွက် အဆိုပြုခံထားရတဲ့ ကြံ့ခိုင် ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးတီခွန်မြတ်က သူဟာ ဘိန်းချက်စခန်းတွေကို တိုက်ဖျက်ခဲ့သူသာဖြစ်ကြောင်း၊ ဘိန်းစိုက်ပျိုးမှုနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ ဝေဖန်နေ သူတွေအနေနဲ့လည်း သူ့ဒေသကို သွားရောက်လေ့လာ သင့်ကြောင်း ပြောလိုက်ပါတယ်။
2016-01-29
ရခိုင်အမျိုးသားပါတီ ANP ရဲ့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်မှာ အနိုင်ရရှိ ထားတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို မြေပုံမြို့နယ်တရားရုံးက အိမ်ကျော် နင်းမှု၊ ခြိမ်းခြောက်မှုစတဲ့ပုဒ်မ ၂ခုနဲ့ ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။