သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-29
ဘဝသရုပ်ဖော်စာပေတွေကို တခြားစာရေးဆရာများနဲ့ မတူူ တမူထူးပြီး လက်စွမ်းပြ ရေးသားခဲ့တဲ့ စာရေးဆရာ ကြီးမောင်သာရ (၈၇-နှစ်) ဟာ အမေရိကန်ပြည်ထောင်စု Las Vegas မြို့မှာ မနေ့က ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။
2016-02-29
ပြည်ထောင်စုအတွက် အားလုံးက လိုချင် တာတွေ တောင်းဆိုနေမယ်ဆိုရင် ညီညွတ်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်သလို အားလုံး က ပေးဆပ်မှုနဲ့ ချဉ်းကပ်မှသာ ညီညွတ်ရေး ကို ရောက်နိုင်မှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
2016-02-29
လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းနိုင်မယ့် ဥပဒေကို မပြဌာန်းနိုင်သေးတဲ့အတွက် လွှတ်တော် အာဏာရှင်စနစ် ပေါ်လာမှာကို စိုးရိမ်မိကြောင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြော ပါတယ်။
2016-02-29
နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက် ဖို့အတွက် ဒုတိယသမ္မတလောင်း ၃ ဦး အမည်စာရင်း တင်သွင်းနိုင်ရေး ဆွေးနွေးမယ့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အလိုက် အစည်း အဝေးတွေ ကျင်းပမယ့်ရက်ကို ပြင်ဆင်သတ်မှတ်မယ်လို့ သိရပါတယ်။
2016-02-29
ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှာ ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်းကို ဥက္ကဌအဖြစ် ခန့်အပ် တာဝန်ပေးပြီး အဖွဲ့ဝင် ၃၅ ဦးနဲ့ ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2016-02-29
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့တွေနဲ့ ဘိန်းစိုက်တောင် သူတွေအကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေ နောက်နောင်မဖြစ်ပေါ်စေဖို့နဲ့ ဘိန်းစိုက်တောင် သူတွေကို စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ကချင်ပြည်နယ် လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးအတည်ပြုလိုက်ပါတယ်။
2016-02-29
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နယ် မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ် နယ်ခြားမှတ်တိုင်အမှတ်- ၆၃၊ ၆၄ အနီးမှာ ရက္ခိုင့် တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ ပြီးခဲ့ တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော် AA က သတင်းထုတ်ပြန်လိုက်ပါတယ်။
2016-02-28
ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်တွေ ချိူးဖောက်ခံနေရတဲ့ ဖြစ်စဉ်တွေအပေါ် လေ့လာ ပြုစုထားတဲ့ သုံးသပ်ချက် စာတမ်း ကို ညီမျှချင်းမြန်မာ Equality Myanmar က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2016-02-28
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မူဆယ်၊ ကွတ်ခိုင်နဲ့ ကွမ်လုံမြို့ နယ်တွေဘက်မှာ အစိုးရတပ်က ဒီရက်ပိုင်း အတွင်း အင်အား တိုးချဲ့ချထားကြောင်း TNLA က ပြော ပါတယ်။
2016-02-28
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ တည်ဆောက်မယ့် ထိုင်းနိုင်ငံသား ပိုင် မော်လမြိုင် ဘိလပ်မြေစက်ရုံ အတွက် လောင်စာအသုံးပြု ဖို့၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတည်ဆောက်မယ့် ကိစ္စကို ဒေသ ခံတွေနဲ့အတူ ကန့်ကွက်ကြောင်း မွန်အမျိုးသား ပါတီ က ကြေငြာချက်တစ်စောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2016-02-28
ဧရာဝတီမြစ်ဆုံစီမံကိန်းကို လာမယ့် အစိုးရသစ်လက်ထက်မှာ ဆက်လက် ရပ်ဆိုင်း ထားသင့်တယ်လို့ ကချင်ပြည်နယ် လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေက ပြော ပါတယ်။
2016-02-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ဒီကနေ့ ကျင်းပခဲ့ရာမှာ၊ အစိုးရ ဖွဲ့ရေး၊ ၅၉ (စ) ဆိုင်းငံ့ရေးကိစ္စတွေ မပါဝင်ဘဲ၊ ပါတီတွင်း ကိစ္စတွေသာ ဆွေးနွေးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှု ဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန် က ပြောပါတယ်။
2016-02-28
နိုင်ငံတော်သမ္မတဖြစ်ခွင့်ကို ကန့်သတ် ထားတဲ့ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်မယ်ဆိုရင် စစ်တပ်နဲ့ ပူးပေါင်း သွားမယ်လို့ ကြေညာလိုက်ကြောင်း မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ကိုနေမျိုးဝေ က ပြောပါတယ်။
2016-02-27
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ဒီနေ့ စစ်ဆေးမယ့် ၉ တန်း စာမေးပွဲအတွက် ဇီဝဗေဒနဲ့ ဘောဂဗေဒဘာသာရပ်မေးခွန်း ၂ စောင်ဟာ မနေ့ညက ပေါက်ကြားခဲ့တာကြောင့် ဒီနေ့ မနက် ၉ နာရီ စစ်ဆေးမယ့် စာမေးပွဲအချိန်ကို နေ့လည် ၁ နာရီမှသာ ပြောင်းရွှေ့စစ်ဆေးခဲ့ရပါတယ်။
2016-02-27
ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနဲ့ ပြည် လမ်းထောင့်မှာရှိတဲ့ သူနာပြုတက္ကသိုလ်ရှေ့ က ကျမ်းမာရေးဝန်ကြီးဌာနပိုင် မြေကွက်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပုဂ္ဂလိကဆေးရုံ ဆောက်လုပ်ခွင့် ချထားပေးလိုက်တာကို အပြီးတိုင်ပယ်ဖျက်ပေးဖို့ ဖဲကြိုးနက် ဆရာဝန်များအဖွဲ့က လက်မှတ်ပေါင်း ၁ဝဝဝ ခန့် နိုင်ငံတော် သမ္မတထံ ပေးပို့တောင်းဆိုလိုက်ပါတယ်။