သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-27
ရခိုင်အမျိုးသားပါတီ (ANP) က ပြည်နယ် အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်နဲ့ ပြည်နယ် ဝန်ကြီးချုပ်နေရာကို ရရှိရေးအတွက် ရခိုင်ပြည်နယ် မြောက် ဦးမြို့ ဦးဥတ္တမပန်းခြံမှာ ဒေသခံ ၁၀၀ ကျော်လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-03-27
မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရာမှာ အဓိကနှောင့်ယှက်ဟန့်တားမှု ၂ ခုက စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေကို လေးစားလိုက်နာမှု အားနည်းတာနဲ့ လက်နက်ကိုင်သောင်းကျန်းမှုတွေ ရှိနေခြင်းတွေဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော ပါတယ်။
2016-03-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့အတွက် တိုင်းရင်းသား အဖွဲ့အစည်းအတွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး ရှေ့ဆက်ဆောင်ရွက်ရမယ့် ကိစ္စတွေဟာ ကြီးမားတဲ့ရင်ဆိုင်မှုတွေနဲ့ ကြုံရဦး မှာဖြစ်ကြောင်း NLD နာယက သူရဦးတင်ဦးက ပြောကြား လိုက်ပါတယ်။
2016-03-27
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေး ကနေ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team (EAO PPST) ကို ဖွဲ့စည်းခဲ့ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။
2016-03-26
ရှမ်းပြည်နယ်အစိုးရအဖွဲ့ထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပါဝင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကမ်းလှမ်းခဲ့ပေမယ့် SNLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
2016-03-26
အစိုးရသစ်လက်ထက်မှာ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိစ္စတွေ အကောင်အထည်ဖော်ဖို့ အတွက် 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ် နယ်မြေ ပန်ဆန်းမြို့မှာ အပစ်ရပ်စာချုပ် လက်မှတ်မထိုး ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇ ) ဖွဲ့တို့ ဆွေးနွေး ပွဲပြုလုပ်နေပါတယ်။
2016-03-26
စစ်ကိုင်းတိုင်းဒေသကြီးမှာ တပ်မတော်၊ စီးပွားရေးကုမ္ပဏီတွေက သိမ်းဆည်းထား တဲ့ လယ်ယာမြေ ဧကပေါင်း ၃ သိန်းကနေ ၄ သိန်းကြား ရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးက တောင်သူလယ်သမား အဖွဲ့အစည်းတွေက ပြောပါတယ်။
2016-03-26
ကယားပြည်နယ်ကို ကရင်နီပြည်နယ် လို့ ခေါ်ဆိုဖို့နဲ့ကရင်နီလူမျိုးလက်အောက်မှာ လူမျိုးစု ငယ်တွေကို ပြန်လည်ထားရှိဖို့ကယားပြည်နယ်က လူမျိုးစုခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။
2016-03-26
ရှမ်းနီတိုင်းရင်းသားတွေကို ရှမ်းနီ လူမျိုးအဖြစ် သတ်မှတ်ပေးဖို့နဲ့ ရှမ်းနီ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပေး ဖို့ လာမယ့်အစိုးရသစ် လက်ထက်မှာ တောင်းဆိုသွားမယ်လို့ ရှမ်းနီတိုင်းရင်းသားခေါင်းဆောင်တွေက ပြောကြားကြပါတယ်။
2016-03-25
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က စည်းကမ်းဖောက်ဖျက်တဲ့ ကျောက်စိမ်းတွင်း ကုမ္ပဏီတွေကို စစ်ဆေးပေးဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးစေလိုကြောင်း ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့စည်းတွေက လာမယ့် အစိုးရသစ်ထံ တောင်းဆိုလိုက်ပါတယ်။
2016-03-25
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ ၊ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှု စစ်ဆေးနေတာတွေကို ရပ်ဆိုင်းထားပြီး ရွေးကောက် ပွဲကော်မရှင်အသစ်ထံ လုပ်ငန်းတာဝန်တွေ လွှဲပြောင်းပေး သွားမယ်လို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
2016-03-25
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ရခိုင် အမျိုးသားပါတီက ဦးဆောင်ဖွဲ့စည်းခွင့် ရရှိရေး တောင်းဆိုတဲ့စာရွက်တွေကို ဘူးသီးတောင်မြို့မှာ ကပ်ထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
2016-03-25
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကို ကော်မရှင်ဥက္ကဌ အပါအဝင် ၅ဦးနဲ့ ဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသူ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော် မှာ တင်သွင်းလိုက်ပါတယ်။
2016-03-25
အစိုးရသစ်ဖွဲ့စည်းပြီးနောက် ရက်ပေါင်း ၁ဝဝ အတွင်း ဆောင်ရွက်မယ့် ဝန်ကြီးဌာနအလိုက် စီမံချက်တွေကို ရေးဆွဲထားကြဖို့နဲ့ ဝန်ကြီးအိမ်တွေ မှာ ထားရှိမယ့် ပရိဘောဂတွေအတွက် ကုန်ကျစရိတ် ကို လစာထဲကနေ သုံးစွဲဖို့ ဝန်ကြီး ၁၄ ဦးကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2016-03-25
မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ဝန်ဆောင် မှုဈေးကွက်မှာ ပြည်တွင်းကအများပိုင် ကုမ္ပဏီ ၁၁ ခု၊ ကာကွယ်ရေးဝန်ကြီးဌာန တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဗီယက်နမ်နိုင်ငံက Viettel ကုမ္ပဏီကို ရွေးချယ်ထားကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်း က ဒီနေ့ ပြောပါတယ်။