သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-21
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်မှာနေထိုင်တဲ့ မွတ်စလင်လူဦးရေ စာရင်းကို ပြည်နယ်အစိုးရရဲ့အစီအစဉ်နဲ့ ဒီနေ့မနက်ပိုင်းက စတင်ကောက်ယူနေပါတယ်။
2016-05-21
ဆိုင်ကလုန်းမုန်တိုင်း ရွန်နူဟာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို ဒီနေ့ညပိုင်း မှာ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက် ပါတယ်။
2016-05-20
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့က အာဆီယံ-ရုရှား ထိပ်သီး အစည်းအဝေးကို ရောက်ရှိနေ တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဟာ ၁၉ ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာနဲ့ မွန်းလွဲပိုင်းမှာ တွေ့ဆုံပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လူမှုဘဝလုံခြုံရေး၊ ကျန်းမာရေးနှင့် ဘဝအာမခံချက် အကျိုးခံစားခွင့်များရရှိရေး၊ အလုပ်သမားများ အလုပ်အကိုင်ရရှိရေးနဲ့ နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ သဘော တူညီချက်များရရှိရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2016-05-20
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စောဝေရဲ့ အဆိုဟာ အဆိုရှင်က လွှတ်တော် က အတည်ပြုပေးဖို့ တင်ပြပေမယ့် လွှတ်တော် က မဲခွဲဆုံးဖြတ်ပြီး မှတ်တမ်းတင်ဖို့သာ ဒီကနေ့ ဆုံးဖြတ် လိုက်ပါတယ်။
2016-05-20
ရခိုင်ပြည်နယ် ဘူးသီးတောင် နဲ့ ကျောက်တော်မြို့နယ်အတွင်းက စစ်ဘေး ဒုက္ခသည်တွေကို မြို့နယ်အုပ်ချုပ်ရေးမှူးတွေ က နေရပ်ကိုပြန်ကြဖို့ တိုက်တွန်းနေကြောင်း စစ်ဘေးဒုက္ခ သည်တွေက ပြောပါတယ်။
2016-05-20
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိူးနဲ့ သီပေါမြို့ကြားမှာရှိတဲ့ ရှမ်းပြည်တိုး တက်ရေးပါတီ SSPP/SSA အမှတ် (၁၀) အုပ်ချုပ်ရေးဌာနစခန်းကို တပ်မတော်က ဒီရက်ပိုင်းတွေ အတွင်း ထိုး စစ်ဆင်တိုက်ခိုက်နေတာဟာ စစ်ရေးပဋိပက္ခကို ကြီးထွားစေတာကြောင့် ကန့်ကွက်ကြောင်း ရှမ်းပြည်တိုး တက်ရေးပါတီ ဗဟိုဌာနချုပ်က မနေ့က မေလ ၁၉ ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-05-20
မြန်မာနိုင်ငံက အလုပ်သမားတွေ အာဆီယံစံနှုန်းအတိုင်း လုပ်ခလစာရနိုင်ဖို့ ဆိုရင်အတွက် လုပ်ငန်းခွင် အရည်အချင်း တိုးတက်အောင် နည်းပညာပိုင်းဆိုင်ရာကို ILO အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့ ထံမှာ တောင်းဆိုသွားမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ က ပြောပါ တယ်။
2016-05-20
မွန်ပြည်နယ် ရေးမြို့နယ်၊ မန်ကျည်းချောင်း ဝကျေးရွာမှာ တပ်မတော်အရာရှိတစ်ဦး က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံ ၂ ဦး သေဆုံးရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူအခွင့်ရေးကော်မရှင် က သွားရောက်စစ်ဆေးမေးမြန်းခဲ့ပါတယ်။
2016-05-20
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ စိတ်ကြွဆေးပြား ၄၀၀၀ ကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ရှမ်းပြည်နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောပါတယ်။
2016-05-19
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံက အကူအညီပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။
2016-05-19
ရုရှားနဲ့ မြန်မာနှစ်နိုင်ငံအကြား လာမယ့် ၂ဝ၁၇ ခုနှစ် အတွက် ပူးပေါင်းဆောင် ရွက်ရေးအစီအစဉ် မူကြမ်းတစ်ခုကို ရေး ဆွဲကြမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။
2016-05-19
ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ရွန်နု Roanu အမည်ရှိ အပူပိုင်း မုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဘင်္ဂလာဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာ ဒီသီတင်းပတ်ကုန်အတွင်း မိုးကြီးပြီး ရေလျှံနိုင်တယ်လို့ မိုးလေဝသသတင်းတွေ က ဖော်ပြပါတယ်။
2016-05-19
မြန်မာနိုင်ငံရဲ့ ရှေ့ရေးအနာဂတ်ဟာ အများကြီး မျှော်လင့်စရာရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန်ဘာလာ ခရစ်ရှနန်က ပြောကြားလိုက်ပါတယ်။
2016-05-19
မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ စစ်တပ်ချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ်နေ တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော် အကြီးတန်းအရာရှိ တစ်ဦးက ပြောပါတယ်။
2016-05-19
ပုဒ်မ ၃ ခုနဲ့ တရားစွဲခံခဲ့ရတဲ့ မိုးကုတ်မြို့ က ရေပူဆရာတော် ဦးဣန္ဒက ကို နောက် ဆုံးကျန်နေတဲ့ တရားမဝင် ကျောက်မျက် တူးဖော်တဲ့အမှုကို ပြင်ဦးလွင်ခရိုင် တရားရုံး က အမှုပိတ်သိမ်းလိုက်ပြီး ဒီကနေ့ အပြီးသတ်လွှတ်ပေးခဲ့ ပါတယ်။