သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-30
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (န.က.သ) ကို တစ်နိုင်ငံလုံးက ကျောင်းသား ကျောင်း သူတွေရဲ့ ဆန္ဒသဘောထားမပါဘဲ ဖွဲ့စည်းလိုက်တဲ့ အတွက် ကန့်ကွက်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်း သားသမဂ္ဂက မနေ့က ကြေညာချက်ထုတ်ပြန် ပါတယ်။
2016-05-30
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို လုပ်ကြံတိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်း အရေးအခင်း ၁၃ နှစ် ပြည့် အခမ်းအနားကို ဒီပဲယင်းအရေးအခင်းလို့ လူသိများစေခဲ့တဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီးက ကျည်ရွာ မှာ ဒီနေ့ ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
2016-05-29
ရခိုင်ပြည်နယ်အတွင်းက စစ်ပွဲတွေရပ်စဲရေး နဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ဆုတောင်းပွဲတစ်ရပ်ကို အမေရိကန်ပြည်ထောင်စုရောက် ရခိုင်တိုင်းရင်းသားတွေက မနေ့က အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့မှာ ကျင်းပခဲ့ပါတယ်။
2016-05-29
တိုင်းရင်းသားတွေအနေနဲ့ လာမယ့်နိုင်ငံရေးမူဘောင်ရေး ဆွဲရေးမှာ သူတို့နဲ့ကိုက်ညီတဲ့ မူဝါဒတွေချပြနိုင်ဖို့အတွက် ၂ နှစ်နီးပါးကြာ ဆွေးနွေးပြုစုထားတဲ့ မူဝါဒ ၉ ခုကို အချော သတ်ပြုစုပြီး ဘုံသဘောတူညီတဲ့ မူဝါဒတစ်ခုရရှိဖို့အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပနေပါတယ်။
2016-05-29
အဆင့်မြင့်ပညာရေး ဥပဒေထဲ မှာ ကျောင်းသား သမဂ္ဂတွေ ပါဝင်ရေး ဆွဲခွင့်နဲ့ တက္ကသိုလ်တစ်ခုချင်း စီရဲ့ ပဋိဉာဉ်တွေရေးဆွဲတဲ့အခါ ကျောင်းသား သမဂ္ဂတွေ ပါဝင် ခွင့်ရှိမယ်ဆိုတဲ့ ၂ ချက်ကို ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် နကသ အဖွဲ့ဝင်ကျောင်းသားတွေ သဘောတူညီခဲ့ကြ ပါတယ်။
2016-05-29
ရှမ်းပြည်နယ်က နိုင်ငံရေးပါတီ ၁၃ခု ပူးပေါင်းပြီး ရှမ်းပြည်တိုင်းရင်းသား ပါတီများအဖွဲ့ချုပ်ကို ဒီနေ့ ဖွဲ့စည်းလိုက် ပါတယ်။
2016-05-29
HIV/AIDS ဝေဒနာရှင်တွေကို ခွဲခြား မဆက်ဆံကြဖို့ လူထုဟောပြောပွဲ နဲ့ ဝေဒနာကြောင့် သေဆုံးသွားသူတွေ အတွက် ဆုတောင်းပွဲကို ကချင်ပြည်နယ် မိုးကောင်းမြို့ မြို့တော်ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-05-29
တအာင်းလူမျိုးနဲ့ ရှမ်းလူမျိုးအကြား လူမျိုးရေးပဋိပက္ခတွေ မဖြစ်အောင် ဒေသ ခံပြည်သူအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံနေထိုင်ကြဖို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က တိုက်တွန်းလိုက်ပါတယ်။
2016-05-29
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ကျပ်သိန်းပေါင်း၂၀၀ ကျော်တန်ဖိုးရှိတဲ့ WY စာတန်းပါ မူးယစ် ဆေးဝါးတွေကို မူဆယ်ခရိုင်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ ပါတယ်။
2016-05-28
မြန်မာနိုင်ငံတွင်း တိုင်းရင်းသားဒေသတွေမှာ အစိုးရ တပ်တွေက စစ်ပွဲတွေဆင်နွှဲနေတာ အမြန်ဆုံးရပ်ဆိုင်းပေးဖို့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်း မြို့ရောက် မွန်တိုင်းရင်းသားတွေက တောင်းဆို လိုက်ကြ ပါတယ်။
2016-05-28
၁၁ ကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲကို မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး ဆု ၈ ဆုရွေးချယ်ကာ ဆုတစ်ဆုကို ကျပ် ၁ဝ သိန်းကျော် ခီးြျမှင့်ခဲ့ပါတယ်။
2016-05-28
အစိုးရစာသင်ကျောင်းတွေမှာ စာကြည့်တိုက်လေ့လာရေးအခန်းကဏ္ဍ အားနည်းခဲ့မှုတွေကြောင့် ကျောင်းသား လူငယ်တွေစာဖတ်လေ့လာတာတွေ အားနည်းကြတာဖြစ်တယ်လို့ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှား မှု ဦးဆောင်တဲ့ စာကြည့်တိုက်များကွန်ယက်အဖွဲ့ဝင်တွေ က ပြောပါတယ်။
2016-05-28
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ကျောက်မဲမြို့က ရှမ်းတိုင်းရင်းသား သံဃာတော်တွေ နဲ့ရှမ်းလူငယ်အဖွဲ့အစည်းက လူငယ်တွေခေါင်းဆောင် ပြီး ဒေသခံ သုံးထောင်ကျော် တို့ဟာ ဒီကနေ့ ဆန္ဒပြတောင်း ဆိုကြပါတယ်။
2016-05-28
၂၁ ရာစုပင်လုံညီလာခံ ပြင်ဆင်ရေးကော် မတီက အပစ်အခတ်ရပ်စဲရေး NCA မှာ လက်မှတ်မထိုး ရသေးတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ လာမယ့် ဇွန်လပိုင်းအတွင်း သွားရောက်တွေ့ဆုံ ဆွေးနွေးမယ် လို့ ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောပါတယ်။
2016-05-28
ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့မှာ အခြေစိုက်တဲ့ ဒေါက်တာ စင်သီယာမောင် ရဲ့ ခုတင် ၁၄ဝ ဆန့် မယ်တော် ဆေးခန်း သစ်ကို ဒီနေ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။