သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-14
အယ်လ်နီညို ရာသီဥတု သက်ရောက် မှုကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုမှာ ဖြစ်ပေါ်နေ တဲ့ သောက်သုံးရေ ပြတ် လပ်မှုကို ဖြေရှင်းနိုင်ဖို့အတွက် ပညာရှင်တွေရဲ့ အကူအညီ ရယူပြီး အစိုးရနဲ့ ပြည်သူတွေ စုပေါင်းလှူဒါန်းကြဖို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက တိုက်တွန်းလိုက်ပါတယ်။
2016-05-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော်နဲ့ ပတ်သက်ပြီး ပါတီရဲ့ ဗဟိုတိုင်ကြားရေးဌာန ထံ တိုင်ကြားစာ ပေးပို့ထားကြောင်း ဌာနတာဝန်ခံ ဒေါက် တာမျိုးညွန့် က ပြောပါတယ်။
2016-05-14
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ မနေ့က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် အိမ်အလုံးရေ ငါးဆယ်ကျော် ပျက်စီးခဲ့ပြီး လူဦးရေ သုံးရာဝန်း ကျင်လောက် နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေပါတယ်။
2016-05-14
မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ရည် ရွယ်ပြီး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လမ်းလျှောက် ဆုတောင်းပွဲကို ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းသားတွေ ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
2016-05-14
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မှာ ငွေကျပ်သိန်း ၁၆၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ သောင်းကို ဖမ်းဆီးရမိထားတယ်လို့ လားရှိုးမြို့အမှတ် ၂၄ မူးယစ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
2016-05-14
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ဟာ ရန်ကုန်မြို့ရွှေလီလမ်းမှာရှိတဲ့ မြန်မာ့ ငြိမ်းချမ်းရေးစင်တာကို ဒီနေ့ ပထမဆုံးအကြိမ် သွားရောက်ကြည့်ရှုခဲ့ပါတယ်။
2016-05-13
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ လာမယ့်သီတင်းပတ် အတွင်း မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။
2016-05-13
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်မှာနေကြတဲ့ မွတ်စလင်တွေကို မြို့ပြင်ပြောင်းရွှေ့ ပေးဖို့အတွက် စစ်တွေမြို့က သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် ၇ဝဝ ကျော်တို့ လက်မှတ်ရေး ထိုးပြီး ပြည်နယ်ဝန်ကြီးချုပ်ထံ ပြီးခဲ့တဲ့ ၁၂ ရက်နေ့က စာရေးသားတောင်းဆိုလိုက်ကြပါတယ်။
2016-05-13
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ ရဲ့ နေအိမ်တွေကို ပြုပြင်ထိန်းသိမ်းဖို့အတွက် ဝန်ကြီး တစ်ဦးကို ကျပ်သိန်း ၆ဝ စီ ပြင်ဆင်စားရိတ် ချထားပေး ပါတယ်။
2016-05-13
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးကျော်တင့်ဆွေကို ခန့်အပ်ဖို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်ကို အမည်စာရင်း တင်သွင်းလိုက်ပါတယ်။
2016-05-13
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ရဲလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ လာဘ်ပေးလာဘ်ယူမှုတွေ ကင်းရှင်းအောင် ကြိုးစားကြဖို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က တိုက်တွန်းလိုက် ပါတယ်။
2016-05-13
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှာရှိတဲ့ တိုင်းလိုင် ( ရှမ်းနီ ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ မြို့နယ်ရုံးဟာ မနေ့မနက် အစောပိုင်း လေး နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ ရပါတယ်။
2016-05-13
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဖားကြွယ်ကျေးရွာနဲ့ အထက်သင်ပုန်း တန်းကျေးရွာတွေရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ဝမ်းရောဂါတွေဖြစ်ပွားနေပြီး ဖာကြွယ်စစ်ဘေး ဒုက္ခသည်စခန်းက မိန်းကလေးငယ်တစ်ဦး မနေ့က သေဆုံး သွားတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
2016-05-13
နိုင်ငံ့အကြီးအကဲဟာ နိုင်ငံတော်သမ္မတဖြစ် တာကြောင့် အရပ်သားအစိုးရသမ္မတရဲ့အစီအစဉ် အတိုင်း တပ်မတော်က ပူးပေါင်းဆောင်ရွက်နေ တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
2016-05-13
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အတိုင်ပင်ခံရာထူး ရယူခြင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မဆန့်ကျင်ကြောင်း NLD ပါတီ ဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန် က သူရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။