သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-28
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ်အတွက် သတ္တမ အကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆု ရွေးချယ်ခံသူတွေကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် က တော်ဝင်နှင်းဆီမှာ ဒီနေ့ ဆုချီးမြှင့်ခဲ့ပါတယ်။
2016-05-28
ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင် ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းရံပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ ၈၆ သန်း ကိစ္စအတွက် အမှုဆောင်တွေရဲ့တိုင်ကြားချက်ကို ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်အပါအဝင် လူ ပုဂ္ဂိုလ် ၃ ဦးနဲ့ ခုံရုံးဖွဲ့ပြီး တိုင်တန်းသူကျောက်မျက်အသင်း အမှု ဆောင်တွေကို မနေ့က စတင်စစ်ဆေးခဲ့ပါတယ်။
2016-05-28
ရှမ်းပြည်အရှေ့ပိုင်း ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ ကျပ်ငွေသိန်းပေါင်း ၅ ထောင်ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ ဘလောက်တုံး ကီလို ၃ဝ ကျော်ကို ဒီကနေ့ မေလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ တာချီလိတ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။
2016-05-28
ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော် ချီးမှာရှိတဲ့ အလင်းတန်းပြောင်းရွှေ့ကျေးရွာ မှာ မနေ့ညနေက အရပ်ဝတ်နဲ့ ရဲအုပ်တစ်ဦး က အရက်ဘီယာရောင်းတယ် ဆိုပြီး ဒေသ ခံတစ်ဦးကို ဖမ်းမယ်လို့ ပြောရာက အဲဒီရွာဒေသခံတွေက ဖမ်းဝရမ်းပြဖို့ တောင်းခံရာမှာ အခြေအတင် စကားများပြီး ရဲအုပ်က သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့ပါတယ်။
2016-05-27
ရာဇဌာနီ ကုမ္ပဏီက ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ တန်ချိန်နှစ်ထောင်လောက်ရှိတဲ့ ယမ်းတွေကို မနေ့က ကားအစီးတစ်ရာကျော်နဲ့ ဖားကန့်ကို သယ်ယူနေပါတယ်။
2016-05-27
အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်အကြား ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပေမယ့် လုပ်ပိုင်ခွင့်ကို ကျော်လွန်တဲ့ အနေအထားမျိုး မဖြစ်အောင် သတိပြုဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်တွေကို ပြောလိုက်ပါတယ်။
2016-05-27
သမ္မတဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေအနေနဲ့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ ၈၆ သန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပေးဖို့ တိုင်ကြားစာတစောင်ကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ထံ ကျောက်မျက်ရတနာအသင်း ဥက္ကဌ ဦးဆောင်ပြီး အသင်းရဲ့အမှုဆောင်တွေက စုပေါင်းလက်မှတ်ထိုး ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
2016-05-27
လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်မှာ တိုက်ပွဲတွေဖြစ်နေတာရဲ့ အခြေခံပြဿနာဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကြောင့်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဦးခွန်ထွန်းဦး က ပြောပါတယ်။
2016-05-27
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်က စက်ရုံတွေကို ၂၄ နာရီပတ်လုံး လျပ်စစ်မီး ပေးနိုင်အောင် တစ်နှစ် အတွင်း ဖြေရှင်းဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန် တိုင်းဒေသကြီး အစိုးရက ပြောလိုက်ပါတယ်။
2016-05-27
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၄၀၀ နီးပါးအတွက် ရခိုင်ပြည်နယ်အစိုးရက ငွေကျပ်သိန်းပေါင်း ၈၀၀ အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2016-05-27
ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံးတစ်ဦး ရွေးချယ်ခံခဲ့ရတဲ့ နိုင်ငံရေး ပါတီတွေကိုသာ အခုပြန်လည်ဖွဲ့စည်း မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နဲ့ မကြာခင်ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်ခွင့်ပြုတော့မယ် လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2016-05-27
ရုပ်သံလုပ်ငန်းလုပ်ကိုင်ခွင့် တင်ပြထား သူတွေ အများအပြားရှိနေပြီး တန်းတူညီမျှ လုပ်ကိုင်ခွင့်တွေရရှိလာဖို့ ဆွေးနွေးဆောင် ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် က ပြောပါတယ်။
2016-05-27
နိုင်ငံရေးယုံကြည်ချက်ကြောင့် ပြည် ပရောက်သွားတဲ့ မြန်မာနိုင်ငံသားဟောင်းတွေ ပြည်တော်ပြန်နိုင်ဖို့ အစိုးရသစ်ရဲ့ ရက်ပေါင်းတစ်ရာဆောင်ရွက်ချက်မှာ ထည့်သွင်းလုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြောလိုက်ပါတယ်။
2016-05-26
အစိုးရဝန်ထမ်းတွေရဲ့ ဆောင်ရွက်ချက်တွေ အပေါ် အဆင်မပြေမှုတွေကို ဥပဒေနဲ့အညီ တိုင်ကြားနိုင်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက် တာဇော်မြင့်မောင် က ပြောပါတယ်။
2016-05-26
တောင်သူလယ်သမား အလုပ်သမား အရေး ကူညီသူ ဦးမျိုးဝင်းကို ပုသိမ်ကြီး မြို့နယ် တရားရုံးက စွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းလိုက်ပြီး ဒီကနေ့ ပြန်လွှတ်ပေးခဲ့ ပါတယ်။