သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-25
ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် ကလေးတွေ ဒီပညာသင်နှစ်မှာ ကျောင်းတက် နိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆို တစ်ရပ် တင်သွင်းဖို့ လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းမိုးက တင်ပြခဲ့ပေမယ့် မေးခွန်းအဖြစ်သာ ခွင့်ပြုကြောင်း လွှတ်တော်ရုံး က ဒေါ်နန်းမိုးထံ အကြောင်းပြန် ခဲ့ပါတယ်။
2016-05-25
မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာအနီးမှာ ဒီနေ့မနက်က အစိုးရတပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေအကြား တိုက်ပွဲ ဆက်ဖြစ်ပွားနေ တယ်လို့သိရပါတယ်။
2016-05-25
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဧရိယာ ထဲမှာ ဆောက်လုပ်ထားတဲ့ ဟိုတယ် ၂၅ လုံးကို ဥပဒေနဲ့အညီ စိစစ်ဖို့ အစီအစဉ်ရေး ဆွဲနေတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန က ဒီကနေ့ ပြော ပါတယ်။
2016-05-25
ပြည်သူတွေကသာ မြေယာပိုင်ဆိုင်ခွင့်ရှိ တယ်ဆိုပြီး အခြေခံရေးဆွဲထားတဲ့ မြေယာ မူဝါဒကို ကရင်အမျိုးသား အစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။
2016-05-25
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် တဲ့အဖွဲ့ဟာ ထိုင်း ဝန်ကြီးချူပ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အပါအဝင် ထိုင်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဖို့အတွက် ဘန်ကောက်မြို့ကို ဒီကနေ့ မနက် လေကြောင်းနဲ့ ရောက်ရှိလာပါတယ်။
2016-05-25
တက္ကသိုလ်ကျောင်းသမဂ္ဂ (တကသ)နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များ အဖွဲ့ချုပ် ဗကသ (မြေလတ်ဒေသ)တို့ ပူးပေါင်းပြီး နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (န.က.သ) ကို ဖွဲ့စည်းကြောင်း ကြေညာ လိုက်ပါတယ်။
2016-05-24
မန္တလေးတိုင်း အမရပူရမြို့နယ်က တောင်လေးလုံး ဆရာတော် ဘဒ္ဒန ္တပညာဇောတ ခေါ် အမျိုးသား စာပေဆုရှင် ကိုပညာ (အမရပူရ) ရဲ့ ဈာပနအခမ်းအနားကို ကျောင်းဝင်း အတွင်းက သူဌေးဘုရား ရင်ပြင်မှာ ဒီနေ့မနက် ၉ နာရီ ကကျင်းပခဲ့ပြီး၊ ကျွင်းကျန်တဲ့ရုပ်ကလာပ်ကို နေ့လည် ၁၂ နာရီက ကျောင်းနဲ့ကပ်နေတဲ့ လင်းဇင်းကုန်းသုဿန်မှာ မီးပူဇော် သြင်္ဂိုလ်ကြပါတယ်။
2016-05-24
ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ ယာဉ် လိုင်းပေါင်း ၃၀၀ လောက်ကို လျှော့ချသွားဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ တာဝန်ရှိသူတွေ ကို ပြောထားပါတယ်။
2016-05-24
မန္တလေးမြို့တော်စည်ပင်သာယာရေးကော် မတီရဲ့ တရားစွဲဆိုမှုကြောင့် ဖမ်းဆီးခံထား ရတဲ့ လယ်သမားအရေး ကူညီဆောင် ရွက်ပေးသူ ဦးမျိုးဝင်းကို လွှတ်ပေးဖို့ တောင်သူ ၃၀ ကျော်က ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-05-24
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်အတွင်း ဝင်ထွက်သွားလာသူတွေ ကို ရဲတပ်ဖွဲ့က စောင့်ကြည့်သွား မယ်လို့ စစ်တွေမြို့ အမှတ် (၁၂) လုံခြုံရေး တပ်ဖွဲ့ခွဲမှူး၊ ဒုရဲမှူးစိုးမြင့်အောင် က ဒီနေ့ ဆွေးနွေးပွဲမှာ ပြောပါတယ်။
2016-05-24
ရန်ကုန်တိုင်းမြို့နယ်တွေမှာ အမှိုက်သိမ်း စနစ် ပိုကောင်းဖို့နဲ့ ရေကြီးရေလျှံမှုတွေ ကို ဖြေရှင်းနိုင်ဖို့ ဒီနှစ် မိုးရာသီ မတိုင် ခင် ဖြေရှင်းပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2016-05-24
ပြီးခဲ့တဲ့အစိုးရလက်ထက်က တာဝန်ထမ်းဆောင် ခဲ့တဲ့ ဝန်ကြီး၊ ဒုဝန်ကြီးဟောင်းတွေအနေနဲ့ အငြိမ်း စား ဖြစ်သွားပေမယ့် နိုင်ငံ့ကောင်းကျိုးကို ဆက်လက် သယ်ပိုးဆောင်ရွက်ဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဥက္ကဋ္ဌ သမ္မတဟောင်း ဦးသိန်းစိန်က ဒီနေ့ ပြောပါတယ်။
2016-05-24
ရှမ်းပြည်နယ် လားရှိုးမြို့မှာ ထားရှိမယ့် ဗိုလ်ချုပ်ကြေးရုပ်ဟာ ကြေးရုပ်သွန်းလုပ်တဲ့ မန္တလေးမြို့ကနေ လားရှိုးမြို့ကို ရောက်ရှိနေ ပြီဖြစ်ပေမယ့် ကြေးရုပ်တည်ဖို့နေရာ ခွင့်ပြုချက် မရသေးတဲ့ အတွက် အခက်အခဲဖြစ်နေပါတယ်။
2016-05-24
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းတိုက်နယ်က ကွင်းခလောင်ကျေးရွာမှာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ည က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရှိခဲ့ပါတယ်။
2016-05-24
တနင်္သာရီတိုင်း ထားယ်မြို့အခြေစိုက် တနင်္သာရီတိုင်း အပတ်စဉ်ဂျာနယ် မှာ ပါရှိတဲ့ "ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးဟာ သတ္တုတူးဖေါ်တဲ့ Delco ကုမ္ပဏီ ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ဆောင်းပါးရှင် ကိုအောင်လွင်ကို ကုမ္ပဏီက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ရေဖြူမြို့နယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။