သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-24
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ ကဗျာဆရာ မောင်ဆောင်းခ ကို ရန်ကုန် တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် တရား ရုံးက အလုပ်နဲ့ ထောင်ဒဏ် ၆လ ချမှတ်လိုက်ပေမယ့် ချုပ် ရက်ခံစားခွင့်နဲ့ ဒီနေ့ လွတ်မြောက်ခဲ့ပါတယ်။
2016-05-24
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ လမ်းလျှောက်ဆန္ဒပြတဲ့ ကိုနေလင်းစိုးနဲ့ ကိုကျော်ဇင် တို့ဟာ စစ်ကိုင်းမြို့မှာ တရားမဝင် စီတန်းလှည့် လည်မှု ပုဒ်မ ၁၈နဲ့ မနေ့က အမှုဖွင့်ခံရပြီး အာမခံနဲ့ လွတ်လာပြီးနောက် မုံရွာမြို့မှာ ဒေသခံတွေနဲ့အတူ ဒီနေ့ ထပ်မံဆန္ဒပြတဲ့အတွက် မုံရွာမြို့မရဲစခန်းက ပုဒ်မ ၁၈ နဲ့ ထပ်ပြီး အမှုဖွင့်လိုက်ပါတယ်။
2016-05-24
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါ -မှော်သစ်ကုန်းကျေးရွာက ရတနာ ကြယ် ကျောက်စိမ်းလုပ်ကွက်မှာ မနေ့ ညက ကျောက်ကမ်းပါး ပြိုကျတာကြောင့် အဲ့ဒီလုပ်ကွက်မှာ တစ်နိုင်တစ်ပိုင် ကျောက်တူးဖော်နေသူ ၁၂ ဦး သေဆုံး ပြီး ပျောက်ဆုံးနေသူတွေ ရှိနေပါတယ်။
2016-05-23
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေ သတွေမှာ ကချင်လွတ်မြောက်ရေးတပ် KIA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား မနေ့ကနဲ့ ဒီကနေ့မနက် အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ ဒေသခံတချို့ တရုတ်ပြည် ဘက်ကို ထွက်ပြေးခဲ့တာတွေရှိသလို နေအိမ်တချို့လည်း မီးရှို့ခံခဲ့ရတယ်လို KIA အရာရှိတစ်ဦးက RFA ကို ပြော ပါတယ်။
2016-05-23
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာရဲ့ ရာအိမ်မှူး ဒေါ်နန္ဒာလှိုင်ကို မနေ့ညနေပိုင်း က သေနတ်သမား နှစ်ဦးက သူ့ရဲ့ နေအိမ် မှာ ဝင်ရောက်လုပ်ကြံခဲ့ပါတယ်။
2016-05-23
သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီးဌာနအလိုက် တကယ် ဖြေကြားပေးနိုင်မယ့် ပြောရေးဆိုခွင့်ရှိ သူတွေကို သီးသန့်တာဝန်ပေးဖို့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေက ဝန်ကြီးဌာနတာဝန်ရှိသူတွေကို ဒီနေ့ တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။
2016-05-23
ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ သေဒဏ် ချခံထားရတဲ့ မြန်မာအလုပ်သမား ၂ ဦး ရဲ့ နောက်ဆုံးအယူခံကို ဒီနေ့ ကော့စမွီခရိုင်တရားရုံးက လက်ခံလိုက်ပါတယ်။
2016-05-23
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်မှာ မလေးရှားနိုင်ငံ Petronas ကုမ္ပဏီက အကောင်အထည်ဖော်မယ့် ရေနံမြေ စီမံကိန်းမှာ ကြံခင်းမြို့ပေါ် ရပ်ကွက် ၃ ခုနဲ့ ကျေးရွာ ၂၀ ကျော် ပါဝင်နေတာကြောင့် ကုမ္ပဏီတာဝန်ရှိသူတွေ က ဒေသခံတွေနဲ့ ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။
2016-05-23
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ ရန်ကုန်မြို့ကနေ စစ်ကိုင်းမြို့အထိ လမ်းလျှောက်ဆန္ဒပြတဲ့ ကိုနေလင်းစိုးနဲ့ ဝန်းရံသူ ကိုကျော်ဇင် တို့ကို စစ်ကိုင်းမြို့မ ရဲစခန်းက ဒီနေ့ ဖမ်းဆီးခဲ့ပြီး အာမခံသိန်း ၂ဝ နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
2016-05-23
ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ၇၈၅ စင်တီမီတာကို ရောက်ရှိနေပြီး ၃၆ နာရီ အတွင်း ၁၀ ပေခန့် မြင့်တက်ခဲ့ပါတယ်။
2016-05-23
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲမှုကို ကိုယ်စားလှယ် ၅ ဦးက မတ်တပ်ရပ် ကန့်ကွက်ခဲ့ကြပါတယ်။
2016-05-23
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ၊ ထေးပလောခူကျေးရွာအနီးမှာရှိတဲ့ ကြက်မွေးမြူရေးခြံ ၄ ခြံကထွက်တဲ့ အနံ့အသက်တွေကို မခံနိုင်တာကြောင့် ဒေသခံ ၂၀၀ လောက်က ကြက်ခြံတွေကို ပြောင်းရွှေ့ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-05-23
၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် စိုက်ပျိုး စရိတ်ချေးငွေ ထုတ်ပေးနိုင်ဖို့ ငွေကျပ် ဘီလီယံ ၅၀၀ ကို မြန်မာနိုင်ငံတော် ဗဟို ဘဏ်ကနေ ချေးယူဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်ထံ တင်ပြထားတာကို အတည်ပြုလိုက်ပါတယ်။
2016-05-23
မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်မှာ သံဃာတော်တွေကိုယ်တိုင် ဆိုင်ကယ် နဲ့ကားတွေ မမောင်းကြဖို့ တိုင်းသံဃာ့မဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ်သံဃနာယက အဖွဲ့က သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
2016-05-23
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ကျစ်လစ်ခိုင်မာတဲ့ ပါတီဖွဲ့စည်းရေးလုပ်ငန်းတွေ လုပ်ပြီး ပြန်လည်တည်ဆောက်သွားဖို့နဲ့ ပြီးခဲ့ တဲ့ ရွေးကောက်ပွဲ ရလဒ်တွေအပေါ် ပြန်လည် သုံးသပ်ပြီး ပြင်ဆင်မူတွေလုပ်သွားဖို့ ပါတီဥက္ကဋ္ဌ နိုင်ငံတော် သမ္မတဟောင်း ဦးသိနိးစိန် က ပြော လိုက်ပါတယ်။