သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-30
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့ကထုတ်ပြန် ခဲ့တဲ့ ၂ဝ၁၆ ခုနှစ် နိုင်ငံ တကာ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အနိမ့်ဆုံးဖြစ်တဲ့ အဆင့် (၃) နေရာကို လျှော့ချလိုက်ပါတယ်။
2016-06-30
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ကျေးရွာအဝင်မှာ လူသေအလောင်း ၇ လောင်းကို တွေ့ရှိခဲ့ပါတယ်။
2016-06-30
လာမယ့် သြဂုတ်လမှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားတွေ လိုလားချက်တွေကို စုစည်းတင်ပြနိုင်ဖို့ အတွက် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ ENAC က ကိုယ်စားလှယ်တွေ ရန်ကုန်မြို့ အင်းလျား လိတ် ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
2016-06-30
မြန်မာ့မီးရထားက မန္တလေးတိုင်း မြို့ဟောင်းဘူတာကနေ ကချင်ပြည် နယ် မြစ်ကြီးနားဘူတာအထိ ကုန်မျိုးစုံနဲ့ ဆီတွေတင်ဆောင်တဲ့ ကုန်ရထားတန်ဆာခနှုန်းထားတွေကို အခုလလယ်ပိုင်းကစပြီး လျှော့ချလိုက်ပါတယ်။
2016-06-30
တပ်မတော်က တရားစွဲဆိုခဲ့တာကြောင့် 7 Day သတင်းစာအနေနဲ့ နိုင်ငံပိုင်သတင်းစာ မှာ ပြန်လည်တောင်းပန်ကြောင်း ဖော်ပြခဲ့ ရတာဟာ မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ထင်မြင်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်က သဘော ထားထုတ်ပြန်ချက်တစ်စောင် ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2016-06-30
အစိုးရရဲ့မူဝါဒတွေ၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေဆီကို ဖြန့်ဝေဖို့ နဲ့ ပြည်သူတွေရဲ့ သဘောထားတုန့်ပြန် ချက်တွေကို သိရှိနိုင်ဖို့ နိုင်ငံတော်သမ္မတရုံး က Viber အကောင့်ကို ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
2016-06-30
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ တို့ လာမယ့် ဇူလိုင်လအတွင်း နေပြည်တော်မှာ တွေ့ ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
2016-06-30
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာ သီရိမြို့နယ်၊ ဝဲကြီးကျေးရွာမှာ ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းစာတိုက်နဲ့ ပုံနှိပ်စက် အဆောက်အအုံအတွက် သိမ်းဆည်းခဲ့တဲ့ တောင်သူ ၇၄ ဦးပိုင် လယ်ယာမြေ ဧက ၂ဝဝ ကျော်ကို တောင်သူတွေ ဆီ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
2016-06-30
မန္တလေးမြို့က မီးလောင်သွားခဲ့တဲ့ မင်္ဂလာဈေးကို အသစ်ပြန်လည် တည်ဆောက်ရာမှာ ဈေးသူ ဈေးသားတွေ ရဲ့ ဆန္ဒအတိုင်းသာ ဆောင်ရွက်ပေးဖို့အတွက် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီကို ဈေးသူ ဈေး သားတွေက ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2016-06-30
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA သဘောတူစာချုပ်ကို လိုက်နာမှုရှိမရှိ လေ့ လာစောင့်ကြည့်မယ့် မွန်ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ကို ဒီနေ့ မော်လ မြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ဖွဲ့စည်းခဲ့ပါတယ်။
2016-06-30
ကယားပြည်နယ် ဖားဆောင်းမြို့ နယ် မော်ချီးမှာ မြေပြိုနိုင်တဲ့ အန္တရာယ်တွေကြောင့် ဒေသခံ ၅ဝဝ ကျော် ပြောင်းရွှေ့နေထိုင်ဖို့ ပြည်နယ်အစိုးရက ဒီနေ့ ပေ ၆ဝ ပတ်လည်ရှိတဲ့ မြေကွက် ၁၅ဝ ကျော် လွဲှပြောင်းပေးအပ်ခဲ့ပါတယ်။
2016-06-29
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ လာမယ့် ဇူလိုင်လဆန်းကျင်းပမယ့် ကုလသမဂ္ဂ အမျိုးသမီးများ ခွဲခြားဆက်ဆံမှုပပျောက်ရေး စီးဒေါ အစည်းအဝေးမှာ မြန်မာနိုင်ငံက အစိုးရမဟုတ်တဲ့ အမျိုးသမီးအဖွဲ့ ၅ ဖွဲ့ တက်ရောက်မှာဖြစ်ပြီး၊ မြန်မာနိုင်ငံ တွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု၊ အကာအကွယ် ကင်းမဲ့မှုနဲ့ အခွင့်အလမ်း တန်းတူညီမျှ မရရှိမှုတွေကို တင်ပြမယ်လို့ အဲ့ဒီအဖွဲ့တွေက ဒီနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
2016-06-29
ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်းထား တဲ့ နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့် ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ မှာ ဒေသခံတွေ ပါဝင်ခွင့်မရတဲ့အတွက် ကန့်ကွက်ကြောင်း ဘူးသီးတောင်မြို့နယ်မှာ ဒေသခံတွေက စုပေါင်းလက် မှတ်ရေးထိုးကြပါတယ်။
2016-06-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အပြီး ထိုင်းအရာရှိ ၂၃ ဦး ရာထူးကနေ ယာယီဖယ်ရှားခံရတာဟာ လူကုန်ကူးမှုတွေ မှာ ပါဝင်ပတ်သက်နေတာကြောင့်ဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်မှု မရှိကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ General Prawit Wongsuwon က ပြောပါတယ်။
2016-06-29
7 Day သတင်းစာ အယ်ဒီတာချုပ် နဲ့ သတင်းထောက်ကို တပ်မတော်က ကမာရွတ်မြို့နယ်ရဲစခန်းမှာ တရားစွဲဆို ထားတာကို တရားစွဲဆိုသူ ဒုတိယ ဗိုလ်မှူးကြီး လင်းထွန်းက ဒီနေ့ ပြန်လည်ရုပ်သိမ်းလိုက် ပါတယ်။