သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-24
မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့ရဲ့ အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၆.၈ ရစ်ချ်တာစကေး ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။
2016-08-24
ကုလသမဂ္ဂ အတွင်းရေမှူးချုပ် (ဟောင်း) ကိုဖီအာနန် Kofi Annan ဥက္ကဌ အဖြစ် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနက ဖွဲ့စည်းလိုက်ပါတယ်။
2016-08-24
ငြိမ်းချမ်းရေးညီလာခံ မအောင်မြင်ရင် ငြိမ်းချမ်းရေး ရဖို့ နောင်ဘယ်လောက်ထိ စောင့်ရမလဲ မပြောနိုင် သလို စောင့်နေတဲ့ကာလမှာ တိုင်းပြည်မှာ ဘယ်လောက် ထိခိုက်နစ်နာမှုတွေ ရှိနိုင်မလဲဆိုတာ စဉ်းစားစေချင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2016-08-23
မြစ်ကြီးနား- ဗန်းမော် ကားလမ်းအရှေ့ ဘက် ဝိုင်းမော်မြို့နယ်အတွင်းရှိ KIA စခန်း တစ်ခုကို သြဂုတ်လ ၂၃ရက်နေ့က အစိုးရတပ်တွေက တိုက်ခိုက်ရာမှာ ရဟတ်ယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့တယ် လို့ KIA က ပြောကြားလိုက်ပါတယ်။
2016-08-23
ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခု နဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ က တင်ပြတောင်းခံထားတဲ့ ငွေကျပ် ဘီလီယံ ၂သောင်းကျော်ထဲက ဘီလီယံ ၅၀၀ နီးပါးကို ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက် လိုက်ပါတယ်။
2016-08-23
အခြေခံပညာကျောင်းတွေမှာ သင်ကြားနေ တဲ့ ဆရာ၊ ဆရာမတွေကို လစာ တိုးမြှင့်ပေး ဖို့ စီစဉ်ဆောင်ရွက်နေကြောင်း ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦး က ပြောပါတယ်။
2016-08-23
နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှာ ကျင်းပနေ တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ညီလာခံကနေ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ကို ပြောင်းလဲရွေးချယ်လိုက်ပါတယ်။
2016-08-23
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ပလောက်မြို့နယ်ခွဲ ပြင်ဘု ကြီးကျေးရွာအနီးက သဲသောင်ပြင်ကနေ သဲတွေစုပ်ထုတ် ပြီး ရောင်းချမယ့် စီမံကိန်းကို ဒေသခံတွေက ကန့်ကွက်လိုက် ပါတယ်။
2016-08-23
၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက် ဖို့အတွက် ရွေးကောက်ပွဲ အနိုင်မရ တဲ့ နိုင်ငံရေးပါတီ ၇၀ ကိုယ်စားပြုပြီး ၅ ဦး တက်ရောက်ဖို့အတွက် ဒီကနေ့ ရွေးချယ်ပွဲကျင်းပရာ မှာ နိုင်ငံရေးပါတီတွေက ကန့်ကွက်လိုက်ပါတယ်။
2016-08-23
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က မွတ်စလင် ၂၉ ဦးကို နိုင်ငံသားခွင့်ပြုပေးဖို့ မြို့နယ်အဆင့် စိစစ်ရေးကော်မတီက ပြည် နယ်အဆင့်ကော်မတီထံ တင်ပြထားတာကို ကန့်ကွက်တဲ့ အစည်းအဝေး ဦးဆောင်ကျင်းပသူ မြို့ခံတစ်ဦးနဲ့ ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူးတို့ကို မြို့နယ်ရဲစခန်းက တရားစွဲဆိုလိုက် ပါတယ်။
2016-08-23
ရခိုင်ပြည်နယ် မောင်တောမြို့မှာ ကာလ တန်ဖိုး ငွေကျပ် သိန်း ၃ ထောင်ကျော် တန်ဖိုးရှိတဲ့ WY စိတ်ကြွ မူးယစ်ဆေးပြားပေါင်း တစ်သိန်းခွဲကျော်ကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
2016-08-23
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် ဆာကူရာအထည်ချုပ်စက်ရုံမှာ ချုပ်ပေးရမယ့် အထည်အရေအတွက် တိုးပြီးချုပ်ခိုင်းတာကြောင့် အလုပ်သမား ၃၀၀ ကျော်က စက်ရုံရှေ့မှာ ဆန္ဒပြနေကြပါတယ်။
2016-08-23
လက်ရှိတည်ဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ FDI ဟာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို ခွဲခြား ဆက်ဆံထားတဲ့ ဥပဒေဖြစ်နေကြောင်း မြန်မာနိုင် ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marciel က ပြောပါတယ်။
2016-08-23
အမေရိကန် ပြည်ထောင်စုမှာ “အဆင့်အတန်းဝင် မြန်မာကော်ဖီ” စတင်မိတ်ဆက်တဲ့ပွဲကို ဝါရှင်တန်ဒီစီ မြို့တော်က La Colombe ကော်ဖီဆိုင်မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2016-08-22
မြန်မာအစိုးရသစ်က ဦးဆောင်ကျင်ပမယ့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းလည်း ကိုယ်တိုင်တက်ရောက်မယ်လို့ နိုင်ငံတော်သမ္မရုံး ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က AFP သတင်းဌာနကို ဒီကနေ့ အတည်ပြုပြောကြားလိုက်ပါတယ်။