သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-17
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲမြို့နယ် အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့လူမှုဒုက္ခတွေကို အမြန်ဆုံး အကူအညီပေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2016-02-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့ မနေ့ နေ့လည်ပိုင်း က နေပြည်တော်စစ်ဌာနချုပ် ပေါင်းလောင်းရိပ်သာ မှာ ၁ နာရီခွဲကျော် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါဟာ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး သူတို့ ၂ ဦး တတိယအကြိမ် တွေ့ ဆုံခြင်းဖြစ်ပါတယ်။
2016-02-17
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကို အံ့သြလေးစားခဲ့ရပြီး မဲဆန္ဒရှင်တွေရဲ့ စည်းကမ်းရှိမှုကြောင့် ရွေးကောက် ပွဲအောင်မြင်စွာ ပြီးဆုံးခဲ့တာဖြစ်ကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး က ပြော ပါတယ်။
2016-02-16
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ မြန်မာ အမျိုးသမီး အလုပ်သမားတစ်ဦး လည်ပင်း မှာ ဓါးဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ရတယ်လို့ မလေးရှား ကလာတဲ့ သတင်းတစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။
2016-02-16
တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး တန်ဖိုးဟာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ရဲ့ ပထမ ၁ဝ လဖြစ်တဲ့ မနှစ်က ဧပြီလကနေ အခုနှစ် ဇန်နဝါရီလထိ အမေရိကန်ဒေါ်လာ သန်း ၉ ထောင့် ၄ ရာဖိုးရှိခဲ့တယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့ ထုတ်ပြန်လိုက်ပါတယ်။
2016-02-16
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ ဟိုတယ်တွေဟာ နိုင်ငံပိုင် ဟိုတယ်တွေဖြစ် တာကြောင့် နိုင်ငံရေးပါတီတွေကပြုလုပ်တဲ့ အစည်းအဝေးတွေကို ကျင်းပခွင့် မပြုကြောင်း နေပြည်တော်ကောင်စီက ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့စွဲနဲ့ ကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
2016-02-16
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲ မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒေသ ခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အဲဒီတိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့လူမှု ဒုက္ခတွေကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ တိုက် တွန်းကြောင်း အရေးကြီးအဆိုကို ကျောက်မဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် က ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ပါတယ်။
2016-02-16
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့နယ် စက်မှုဇုန်မှာရှိတဲ့ Myanmar Handsome အထည်ချုပ်စက်ရုံမှာ လုပ်သား အင်အားနဲ့ အထည်မှာယူမှု မညီမျှတာ ကြောင့် အလုပ်သမား ၇၀ ကို အလုပ်ကနေထုတ်ပယ် မှာဖြစ်ကြောင်း ကြေညာ ထားတယ်လို့ သိရပါတယ်။
2016-02-16
မြန်မာနိုင်ငံဒေသအချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း မီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်ခဲ့ တာကြောင့် ရပ်ကွက်တွေအလိုက် တစ်အိမ် တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ကြဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြား ထားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေ က ပြောပါတယ်။
2016-02-16
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့နဲ့ တွေ့ဆုံစဉ် မေတ္တာရပ်ခံခဲ့ပါတယ်။
2016-02-16
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က မီးလောင် မှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသွားကြတဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်နဲ့ ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့နယ်တွေက မီးဘေး ဒုက္ခသည်တွေအတွက် ကချင်ပြည်နယ်နဲ့ စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အားလုံးက တစ်ရက်စာနေ့တွက် စရိတ်ကို ဒီကနေ့ လှူဒါန်းလိုက် ပါတယ်။
2016-02-16
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမှာ ဆန္ဒပြနေ တဲ့ ဒေသခံတွေကို ကျောက်တူးဖော်ရေး ကုမ္ပဏီတွေ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျောက်မျက် တူးဖော်ရေးဌာန တာဝန်ရှိသူတွေ ဒီနေ့ တွေ့ဆုံညှိနှိုင်းရာ မှာ ဒေသ ခံတွေဘက်က ဆန္ဒပြမှုတွေကို ရပ်ဆိုင်းပြီး ကုမ္ပဏီတွေက မြေစာစွန့်ပစ်တဲ့ ကားတွေ ဖြတ်သန်းသွား လာခြင်းမပြုဖို့ ယာယီသဘောတူလိုက်ကြပါတယ်။
2016-02-15
နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့ ဓာတ်ပုံတွေကို ပြုပြင် ပြီး ဖေ့ဘွတ်စ်မှာတင်ခဲ့တဲ့ ကြက်ဖကြီး အကောင့်ပိုင်ရှင် ဆိုသူ ကိုလှဖုန်းကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်တရားရုံးမှာ မနေ့က ပထမဆုံးအကြိမ် ရုံးထုတ် ခဲ့ပါတယ်။
2016-02-15
ဖားကန့်မြို့နယ်မှာရှိတဲ့ ဆိုင်းတောင်၊ လုံးခင်းနဲ့ ဆားပေါ့ရွာတွေမှာ ပုဂ္ဂလိက ကျောက်စိမ်းတူးဖေါ်တဲ့ ကုမ္ပဏီများကို ဆန္ဒပြနေကြသူ ဒေသခံများ ဖွင့်ထားတဲ့ သပိတ်စခန်းသုံးခုကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းက ယာယီရပ်ဆိုင်း လိုက်ပြီး အာဏာပိုင်တွေနဲ့ ၁၆ ရက်နေ့မှာ ညိုနှိုင်းမှုတွေ လုပ်မယ်လို့ သိရပါတယ်။
2016-02-15
ဒီနေ့ ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒုတိယနေ့ အစည်းအဝေးမှာ လွှတ်တော်ရေးရာကော်မတီ ၃ ခုကို ဖွဲ့စည်းခဲ့ပြီး လွှတ်တော် အစည်းအဝေးတွေကို တစ်လကျော်ကြာ ရပ်နားထားမှာဖြစ် တယ်လို့ သိရပါတယ်။