သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-04
တရုတ်ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတို့ လုပ် ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို မနက်ဖြန်မှာ ပြန်လည် စတင်တော့မှာဖြစ်တဲ့အတွက် ဒေသခံပြည် သူ ၂ဝဝ ကျော်က ဝမ်ပေါင်ကုမ္ပဏီရုံးကို ချီတက်ပြီး ဒီနေ့ ဆန္ဒပြနေကြပါတယ်။
2016-05-04
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ဒီရက်ပိုင်းအတွင်း မိုးကြီးနိုင်ပြီး မြေပြို တာတွေ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က သတိပေးလိုက် ပါတယ်။
2016-05-04
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ရက္ခိုင့်တပ်မတော် AA ဆက်နွယ်မှုနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသား ၃၅ ဦး ကို ကျောက်ဖြူအကျဉ်းထောင်နဲ့ သံတွဲအကျဉ်းထောင်တွေ ကို ထောင်အာဏာပိုင်တွေက ဒီနေ့ ပြောင်းရွှေ့လိုက် ပါတယ်။
2016-05-04
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဆက်ကြေးငွေကောက် ခံနေသူတစ်ဦးကို ပြည်နယ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီး ရမိထားပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ထားပါတယ်။
2016-05-04
ပထမအကြိမ် ပါတီညီလာခံ ကနေ ရွေးကောက်ထားတဲ့ ဗဟိုကော်မ တီဝင် ၁၃၆ ဦးက ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကို အရေးပေါ်ညီလာခံ ကျင်းပပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုထားတာဟာ တရားမဝင်တဲ့ သဘောမျိုး လက်ရှိပါတီတာဝန်ရှိသူတွေ က ပြောဆိုနေကြပေမယ့် တောင်းဆိုရတဲ့ အကြောင်းရင်း က ပြောင်းလဲမှာမဟုတ်ကြောင်း ပါတီကနေ ထုတ်ပယ်ခံရ သူတွေက ပြောပါတယ်။
2016-05-04
ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲဒေသက မုန်းဝန်းလူမျိုးတွေကို မုန်းဝန်း ဗမာဆိုပြီး မှတ်ပုံတင်တွေမှာ ဖေါ်ပြခဲ့တာဟာ လူမျိုး တစ်မျိုးအဖြစ် သတ်မှတ်တာမဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြည်သူ့လွှတ်တော်မှာ တင်ပြ ခဲ့ပါတယ်။
2016-05-04
စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်နေ တဲ့ Myanmar Veneer သစ်ချောထည် စက်ရုံအလုပ်သမားတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ခုံသမာဓိကောင်စီက မနေ့က ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက် ဟာ တရားမျှတမှုမရှိတဲ့အတွက် သပိတ်မှောက် အလုပ် သမားတွေက လက်မခံဘဲ နေပြည်တော်ကို ဆက်လက် ချီတက်နေပြီး၊ ဒီနေ့မှာတော့ ကူမဲမြို့နားရောက်နေပါတယ်။
2016-05-04
ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနဲ့ ပြည်လမ်းထောင့် မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေနေ ရာကို ပုဂ္ဂလိကဆေးရုံ တည်ဆောက်ခွင့် အတွက် ဌားရမ်းခဲ့တာကို ရပ်ဆိုင်းပေးဖို့တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2016-05-04
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိူးမြို့နယ် ဟူးမွန်ကျေးရွာအုပ်စု ဟတ်ကာကျေးရွာ အနီးမှာ မနက်က မူးယစ်ဆေးဝါး ရောင်း ဝယ်ဖောက်ကားနေတယ်ဆိုတဲ့ နေရာကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှာ မူယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေ သူ ၄၆ ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ ပါတယ်။
2016-05-04
နွေရာသီကာလ တစ်နိုင်ငံလုံး လျှပ်စစ် ဓါတ်အားသုံးစွဲမှု မဂ္ဂါဝပ် ၂၄၀၀ ကျော်ရှိပြီး လိုအပ်တဲ့ မဂ္ဂါဝပ် ၃၀၀ နီးပါးကို ထပ်တိုး ရရှိအောင် ဆောင်ရွက်နေကြောင်း လျှပ်စစ်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း က ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-05-04
ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရရေးအတွက် ဥပဒေပြဌာန်းပြီး ဆောင်ရွက်သွားဖို့ရှိတာကြောင့် လတ်တလောကြုံတွေ့နေရတဲ့ ဘာသာရေးပြဿနာတွေကို စိတ်ရှည်သည်းခံပေးဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။
2016-05-04
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေးရွာက ရှင်မာကုအင်္ဂလီကန် ဘုရားကျောင်းဝန်းအတွင်း မြိုင်ကြီးငူဆရာတော်မှ နောက် ထပ်စေတီတစ်ဆူတည်ရာမှာ မနေ့က ညပိုင်းက စေတီကို ညတွင်းချင်း အပြီးတည်ပြီးသွားပြီလို့ သိရပါတယ်။
2016-05-04
AA လက်နက်ကိုင်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုသမ္မတ ကြီး ဦးထင်ကျော် လက်ထက်မှာ ဆန္ဒဖေါ်ထုတ်ခြင်း၊ အရေး ကြီးအဆိုတင်သွင်းခြင်းတို့ဟာ နိုင်ငံရေး အကျပ်အတည်း ဖြစ်ပေါ်အောင် ပုံဖေါ်ဖန်တီး ရာ ရောက်နေကြောင်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြော ပါတယ်။
2016-05-04
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဝန်ကြီးဌာနအသစ်တစ်ခု ထပ်တိုးဖွဲ့စည်း ဖို့အတွက် မနက်ဖြန် မေလ ၅ ရက်နေ့ မှာ ပြည်ထောင်စုလွှတ်တော်ထံ တင်ပြပြီး လွှတ်တော် ရဲ့အဆုံးအဖြတ်ကို တောင်းခံမှာဖြစ်ပါတယ်။
2016-05-04
ကျောင်းအပ်နှံချိန်အပါအဝင် ဘယ်လို အချိန်မျိုးမှာမှ ငွေကြေးကောက်ခံတာ မပြုလုပ်ဖို့ ပညာရေးဝန်ကြီးဋ္ဌာန အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားပါတယ်။