သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-02
ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ယာဉ်တိုက်မှုကြောင့် သေဆုံးသွား တဲ့ မြန်မာလုပ်သား ငါးယောက်အတွက် လူမှုဖူလုံရေးနဲ့ ပတ်သက်တဲ့ ခံစားခွင့်တွေရရှိအောင် မြန်မာ သံရုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံ အလုပ် သမားဝန်ကြီး General Sirichai Distakul က ပြောပါတယ်။
2016-05-02
စစ်ကိုင်းမြို့ကနေ နေပြည်တော်ကို လမ်းလျှောက်ချီတက်လာတဲ့ Myanmar Veneer စက်ရုံအလုပ်သမားတွေ ဟာ ပြည်ထောင်စုအစိုးရ၊ စစ်ကိုင်းတိုင်းအစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တို့နဲ့ မနက်ဖြန် တွေ့ဆုံဆွေးနွေး ကြမှာဖြစ်ပါတယ်။
2016-05-02
နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှာ ဥပဒေ ကြမ်းကော်မတီက ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
2016-05-02
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး AA တပ်မတော်ကို ၂၁ ရာစု ပင်လုံညီလာခံမှာ ဖိတ်ခေါ်ပြီး နိုင် ငံရေးအရ ဆွေးနွေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင် က အမျိုးသားလွှတ်တော်မှာ ဒီနေ့ တင်သွင်း လိုက်ပါတယ်။
2016-05-01
ဖားကန့်မြို့မှာ ရောက်ရှိနေတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး ဦးအုန်းဝင်းက သဘာဝ သယံဇာတပစ္စည်း များကို စနစ်တကျထုတ်ယူရေး၊ ရေရှည် တည်တံ့ရေးအပြင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး မြို့မိ မြို့ဖများနဲ့ တွေ့ဆုံပြီး ဆောင်ရွက်မယ့် အစီအစဉ်တွေ ဒီကနေ့ ချပြပါတယ်။
2016-05-01
မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့နယ်မှာ မနေ့ညနေက လေပြင်းတိုက် ခတ်ပြီး မိုးကြီးတာကြောင့် လူနေအိမ်ခြေ ၇ဝဝ ကျော် ပျက်စီးပြီး ဒေသခံ ၃ ဦး သေဆုံးခဲ့ပါတယ်။
2016-05-01
ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ညီလာခံကို လာမယ့် သြဂုတ်လအတွင်းမှာ ကျင်းပသွားဖို့ရှိကြောင်း ပါတီရဲ့ ဗဟို အတွင်းရေးမှူး ဒေါ်ဝင်းမော်ထွန်း က ပြောပါတယ်။
2016-05-01
ကျောက်မျက်တူးဖော်တဲ့ ကုမ္ပဏီတွေ စည်းကမ်းဖောက်ဖျက်ကြောင်း ပြည်သူတွေ က သတင်းပေးတိုင်ကြားလာရင် အစိုးရ ဌာနဆိုင်ရာတွေအနေနဲ့ စည်းကမ်းပျက်တဲ့ ကုမ္ပဏီတွေကို ကြပ်မတ်ဆောင်ရွက်ဖို့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပြည်နယ်အစိုးရအဖွဲ့ကို မှာကြားလိုက်ပါတယ်။
2016-05-01
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ အကြား ဖြစ် ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး ငြိမ်း ချမ်းရေးဆွေးနွေးကြဖို့ စစ်တွေ၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော စတဲ့ မြို့နယ် ၉ မြို့နယ်နဲ့ ရန်ကုန်မြို့မှာ ဒီနေ့ တပြိုင်တည်း ဆန္ဒပြတောင်း ဆိုကြပါတယ်။
2016-05-01
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဋ္ဌာနချုပ်ရဲ့ ညွှန်ကြား ချက်နဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီကနေ့ မေ လ ၁ ရက်နေ့ကစပြီး အကောင်အထည်ဖော်ဆောင်ရွက်နေ ပါတယ်။
2016-05-01
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကွန်ကော်ကျေး ရွာနဲ့ကောင်းနိမ့်ကျေးရွာကြားမှာ မိုင်းတစ်လုံးပေါက်ကွဲ တာကြောင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
2016-05-01
အစိုးရသစ်အနေနဲ့ အလုပ် သမားပြဿနာတွေ ဖြေရှင်းရာမှာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပါရှိတဲ့ သဝဏ် လွှာကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားတွေ ကို ပေးပို့ခဲ့ပါတယ်။
2016-05-01
၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပေမယ့် UWSP ခေါင်းဆောင်တွေဘက်က မဆုံးဖြတ် ရသေးဘူးလို့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေး က ပြောပါတယ်။