သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-26
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ ကချင်ပြည်နယ်အတွင်း သဘာဝသယံဇာတ တူးဖော်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ကချင်နိုင်ငံရေး ပါတီ ၃ ပါတီက မနေ့က ကြေညာချက်ထုတ်ပြီး တောင်းဆို လိုက်ပါတယ်။
2016-05-26
မနေ့က အသစ်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (န.က.သ) နဲ့ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တို့ဟာ လာမယ့် မေလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့ သထုံလမ်းက အဆင့်မြင့်ပညာဦးစီးဌာနမှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
2016-05-26
ကယားပြည်နယ်၊ ဖာဆောင်းမြို့ နယ်၊ မော်ချီးသတ္တုတွင်းက ရပ်ကွက် ၃ ခုမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မြေပြိုကျ မှုကြောင့် ပိတ်ထားခဲ့တဲ့ စာသင်ကျောင်းတွေကို အခုချိန် ထိ ပြန်မဖွင့်နိုင်သေးတာကြောင့် ဒေသခံ ကျောင်း သား ကျောင်းသူ ၆၀၀ ကျော်ဟာ ဒီနှစ် ကျောင်းတက်နိုင်ဖို့ မသေချာ ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2016-05-26
မိုးကြီးပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ပျက်စီးသွားတဲ့ ကချင်ပြည်နယ် ချီဖွေမြို့နယ် က လမ်းတွေကို မပြင်ဘူးဆိုရင် လေပြင်း မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့ ချီဖွေဒေသခံ ၂ ထောင်ကျော်ဟာ လာမယ့်ဇွန်လ နောက်ပိုင်း စားနပ် ရိက္ခာပြတ်လပ်သွားနိုင်ကြောင်း ချီဖွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်းတိန့်က ပြည်သူ့လွှတ်တော် ထံ အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်။
2016-05-26
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါ -မှော်သစ်ကုန်းကျေးရွာမှာ ကျောက်ကမ်း ပါးပြိုကျမှုကြောင့် ပျောက်ဆုံးနေသူတွေကို ရတနာကြယ် ကျောက်တူးဖော်ရေးကုမ္ပဏီ၊ အရပ်ဘက် အဖွဲ့တွေနဲ့ ဒေသခံတွေ စုပေါင်းပြီး ဒီနေ့ ရှာဖွေမှုတွေ ပြန် လည်စတင်လုပ်ဆောင်နေပါတယ်။
2016-05-26
စက်မှုလုပ်ငန်း လိုင်စင်တွေလျှောက်ရာမှာ အရင်ကလို ၁ နှစ်လောက်အထိ ကြာတာမျိုးမဟုတ်တော့ဘဲ ၁ လခွဲနဲ့ လုပ်ငန်းလိုင်စင်ရအောင် ချပေးသွားမယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက စက်မှုဇုန်လုပ်ငန်းရှင်တွေကို ကတိပေးလိုက်ပါတယ်။
2016-05-26
အရင်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင် စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UPDJC အဖွဲ့ဝင်တွေဟာ မနက်ဖြန်ကစပြီး နေပြည်တော် မှာ နှစ်ရက်ကြာ ဆွေးနွေး ကြမှာဖြစ်ပါတယ်။
2016-05-25
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဝက်တိုး ရွာနားက အစိုးရစီမံကိန်းမှာပါတဲ့ မြေဧက ၄ထောင်နီးပါးထဲက ဧက၂၅၀၀ ကို တောင် သူတွေထံ ပေးအပ်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-05-25
အရင်အစိုးရလက်ထက်က သမ္မတရဲ့ သီးသန့်ရန်ပုံငွေထဲက ကျပ်သန်းပေါင်း နှစ်ထောင်နီးပါး အကုန်အကျခံပြီး လုပ်ကိုင် ခဲ့တဲ့ မိုးကုတ်မြို့လယ်က အင်းကြီး ပြုပြင်ထိန်းသိမ်းမှု မပြီး စီးသေးတာကြောင့် အစိုးရက ဘယ်လိုဆောင်ရွက်ထား သလဲဆိုပြီး မိုးကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော် က ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
2016-05-25
မန္တလေးတိုင်းအတွင်း လူမှုရေး အသင်းအဖွဲ့တွေက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံ နှစ်စဉ် ငွေကျပ် ၃ သောင်းစီ ပေးဆောင်နေရတာကို ဖြေလျှော့ပေးဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်ထံ လူမှုရေးအဖွဲ့တွေက ဒီကနေ့ တင်ပြတောင်းဆိုခဲ့ပါတယ်။
2016-05-25
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့က ကုန်တင်ကုန်ချလုပ်သားတွေ၊ သစ်စက် လုပ်သားတွေနဲ့ အနှေးယာဉ်လုပ်သား စုစုပေါင်း ၃၀၀ နီးပါးက အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းပေးဖို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။
2016-05-25
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင်စီမံကိန်းတွေကြောင့် မြေယာဆုံးရှုံးသူတွေကို လျော်ကြေးပေးဖို့ ဦးဆောင်ဆန္ဒပြခဲ့သူ ၃ ဦးရဲ့ အမှုတွေကို ဆားလင်းကြီးမြို့နယ် တရားရုံးက ရုပ်သိမ်းလိုက်ပါတယ်။
2016-05-25
ဒီလဆန်းပိုင်းက ဖါးကန့်မြို့နယ် က ကျောက်စိမ်းကုမ္ပဏီတွေနား မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာနဲ့ ကုမ္ပဏီတွေကို မီးရှို့ဖျက်ဆီးရာမှာ ပါဝင်ပတ်သက်နေသူ ၃ ဦးကို တပ်မတော်က ဖမ်းဆီးရမိခဲ့ပြီး ဖားကန့်မြို့မရဲစခန်းကို လွှဲပြောင်းပေးထားတယ်လို့ မြဝတီသတင်းစာက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2016-05-25
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် ဝှေခါ-မှော်သစ်ကုန်းကျေးရွာက ရတနာကြယ် ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ထဲ မှာ ကျောက်ကမ်းပါးပြိုကျမှုကြောင့် ပျောက် ဆုံးနေသူ ၇၀ ကျော် ရှိကြောင်း ဆိပ်မူကျေးရွာ အန်အယ်လ်ဒီ ပါတီ က ပြောပါတယ်။
2016-05-25
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဒီကနေ့ မေလ ၂၅ ရက်နေ့ ကစတင်ပြီး နောက်ထပ် ကျူးကျော်တွေရှိ လာရင် တည်ဆဲ ဥပဒေအရ အရေးယူသွားမှာ ဖြစ် သလို စီးပွားရေးလုပ်ပြီး မြေနေရာဦးထားသူတွေကို လည်း ဥပဒေအရ အရေးယူသွား မယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။