သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-20
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုက လေးအိမ်စုရွာမှာ ဒီကနေ့ မိုးကြီးပြီး ရေတိုက်စားတာကြောင့် အိမ်အလုံး ၃၀ ကျော် ပျက်စီးဆုံးရှုံးပြီး လူတစ်ရာကျော် အိုးမဲ့ အိမ်မဲ့ဖြစ်နေပါတယ်။
2016-06-20
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မြို့နယ်၊ ကံကုန်းကျေးရွာအနီးမှာရှိတဲ့ မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ်စက်ရုံက ထွက်တဲ့ အနံ့ အသက်ဆိုးတွေကြောင့် ကံကုန်းကျေးရွာက စာသင်ကျောင်း မှာ ကလေးငယ်တွေ ကျောင်းမတက်ဘဲ ခွင့်တိုင်ကြားကြ ပါတယ်။
2016-06-20
ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စု စာရင်း ထုတ်ပေးမယ့် အစိုးရစီမံကိန်းဟာ တိုင်းရင်းသားတွေအတွက် အကျိုးမရှိနိုင်ဘဲ ထိခိုက်မှုတွေ ရှိလာနိုင်တဲ့ အတွက် ပြန်လည်ရုပ်သိမ်းပေးဖို့ မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ မွန်အမျိုးသားပါတီက စာရေးသားပေး ပို့တောင်းဆိုလိုက်ပါတယ်။
2016-06-20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ် ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေနဲ့ ထိုင်းနိုင်ငံ မဟာချိုင်မြို့က တလေထိုင်းခန်းမမှာ လာမယ့် ဇွန်လ ၂၃ ရက်နေ့မှာ တွေ့ဆုံမှာဖြစ်ပြီး အဲဒီတွေ့ဆုံ ပွဲကို နိုင်ငံကူးလက်မှတ်နဲ့ ပန်းရောင်ကဒ် ကိုင်ဆောင်ထား သူတွေကိုသာ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။
2016-06-19
မြန်မာနိုင်ငံကနေ ဘင်္ဂလာေးဒ့ရှ်နိုင်ငံတွင်း တရားမဝင်ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေရဲ့ လူဦးရေသန်းခေါင်စာရင်းဆိုင်ရာ နောက် ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီနေ့ သတင်းစာရှင်းလင်းပွဲကျင်းပမှာဖြစ်ပါတယ်။
2016-06-19
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အဖြစ် နော်ဝေနိုင်ငံ Froland မြို့မှာ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံနဲ့ ရုပ်တုဖွင့်ပွဲကို ဒီနေ့ ကျင်းပပါတယ်။
2016-06-19
နေပြည်တော်ကောင်စီနယ်မြေမှာ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖွင့်လှစ်ဖို့ အတွက် နေပြည်တော် ကောင်စီနယ်မြေ ဥက္ကဌ ဒေါက်တာမျိုးအောင်နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်သစ် က ပြောပါတယ်။
2016-06-19
၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် ကြိုတင် ညှိနှိုင်းတဲ့ မူဘောင်ဆွေးနွေးပွဲတွေကို UWSA "ဝ"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ NDAA မိုင်းလားတပ်ဖွဲ့က ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ဖို့ သဘောတူလိုက်ပါတယ်။
2016-06-19
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်း ကြီးမြို့နယ် ကံကုန်းကျေးရွာနားက ဦးပိုင် ကုမ္ပဏီပိုင် မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ် စက်ရုံက အနံ့ ဆိုးတွေထွက်နေတဲ့အတွက် စက်ရုံကို ရပ်ဆိုင်းပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဒေသခံတွေက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ စာရေးသား တောင်းဆိုလိုက် ပါတယ်။
2016-06-19
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် Ms.Yang Hee Lee ဟာ မြန်မာနိုင်ငံကို ဒီနေ့ရောက်ရှိလာပြီး သူ့ရဲ့ခရီးစဉ် အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။
2016-06-19
ဒီနေ့ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၁ နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အခမ်းအနားနဲ့ အန် အယ်လ်ဒီပါတီ ရုံးချုပ်အသစ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန် တိုင်း ဗဟန်းမြို့နယ်မှာ ကျင်းပခဲ့ပါတယ်။
2016-06-18
စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေ တဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ကိုယ်ရေး အချက် အလက်တွေ၊ ငွေလွှဲခိုင်းတာတွေရှိလာရင် မပေးကြဖို့ စင်္ကာနိုင်ငံ အလုပ်သမား အင်အားဝန်ကြီးဌာနက မနေ့က ရက်စွဲ နဲ့ ကြေညာချက်ထုတ်ပြန် သတိပေးထားပါတယ်။
2016-06-18
ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စိစစ်နိုင်ဖို့အတွက် ပြည်နယ်အဆင့်နဲ့ မြို့နယ်အဆင့် နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ရခိုင်ပြည်နယ်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။
2016-06-18
ကြေးနီစီမံကိန်းအတွက် အသုံးပြုဖို့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်း ကြီးမြို့နယ် ကံကုန်းရွာနားမှာ စစ်တပ် ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလိမိတက်က လည်ပတ်နေ တဲ့ မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ်စက်ရုံက အနံ့ဆိုးတွေ ထွက်လာတဲ့အတွက် ဒီကိစ္စဖြေရှင်းပေးဖို့ ရွာသားတွေက စက်ရုံရှေ့ ဒီနေ့သွားစုဝေး ကြပေမယ့် တစုံတရာ အရေး ယူဖြေရှင်းပေးတာ မရှိဘူးလို့ မွန်းလွဲ ၄ နာရီလောက်မှာ ရွာသားတွေက ပြောကြပါတယ်။
2016-06-18
ရှမ်းပြည်နယ်မြောက်ပိုင်းက အရပ်ဘက် အဖွဲ့အစည်းတွေ စုပေါင်းပြီး အရေးပေါ် အခြေအနေတွေမှာ အကူအညီပေးနိုင်မယ့် အဖွဲ့တစ်ခုဖွဲ့စည်းဖို့ စီစဉ်နေကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင် သန်းမောင်က ပြောပါတယ်။