သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-24
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ရွာက ရတနာစန်းရွှင် ကျောက်စိမ်း လုပ်ကွက်မှာ ဒီကနေ့ နေ့လည် ၂ နာရီက ကျောက်ကြော ကမ်းပါးပြိုကျလို့ ကျောက်တူးနေသူ ၂ ဦး ပျောက်ဆုံးနေကာ ၇ ဦး ဒဏ်ရတွေရလို့ ဖားကန့်ဆေးရုံမှာ ကုသခံယူနေရ ပါတယ်။
2016-06-24
ကချင်ပြည်သူ့စစ် ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးစခုန်တိန့်ယိန်းဟာ ၂ဝ၁၅ ရွေးကောက်ပွဲကာလအတွင်း တရားမဲ့ပြုကျင့်တာကို စစ်ဆေးတွေ့တဲ့အတွက် ကချင်ပြည်နယ် အမှတ် ၅ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ရုပ်သိမ်းခံ လိုက်ပါတယ်။
2016-06-24
ရှမ်းပြည်နယ်အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် တအာင်းပလောင်ပါတီက ကြားဝင် ညှိုနှိုင်းပေးဖို့ဆန္ဒရှိကြောင်း တအာင်းပလောင် ပါတီခေါင်းဆောင်က ပြောပါတယ်။
2016-06-24
ရက္ခိုင့်တပ်မတော် AA အဖွဲ့က အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ရခိုင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ALP ကို တိုက်ခိုက်တဲ့အတွက် သူတို့တပ်ဖွဲ့ဝင် တစ်ယောက်ပျောက်နေပြီး၊ တယောက်ကိုဖမ်းဆီးသွား တယ်လို့ ALP ဘက်က မနေ့က သတင်းထုတ်ပြန်လိုက် ပါတယ်။ ဒီဖြစ်ရပ်က ပလက်ဝမြို့နယ်ထဲမှာ ဇွန်လ ၂၁ ရက်နေ့ကဖြစ်ခဲ့တာပါ။
2016-06-24
ငြိမ်းချမ်းရေးအပြည့်အဝမရနိုင်ခင် နိုင်ငံအတွင်းက ပဋိပက္ခဖြစ်ပွားနေတဲ့အဖွဲ့တွေကြား ယုံကြည်မှုရှိရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြား လိုက်ပါတယ်။
2016-06-24
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေကို အစိုးရက ပစ်ထားမှာမဟုတ်ဘဲ တာဝန်ယူသွားမှာဖြစ်ကြောင်းနဲ့ သူတို့အားလုံးဟာ ထိုင်းဥပဒေရဲ့ အကာအကွယ်ရရှိရမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
2016-06-24
စမ်းချောင်းမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးရဲ့ နေအိမ် ဒီကနေ့မနက်က ဖောက်ထွင်းခံရပြီး အသက် ၇၀ ကျော်အရွယ် အိမ်ရှင်အမျိုးသမီး ဓါးထိုးခံခဲ့ရ တာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုခံယူရ ပါတယ်။
2016-06-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးဆောင်တဲ့ အစိုးရအသစ်အနေနဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက်က မှားယွင်းခဲ့တဲ့ ကိစ္စတွေ ကို နောက်ကြောင်းပြန်အရေးယူဖို့ မရှိကြောင်း နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်က ပြောကြားလိုက်ပါတယ်။
2016-06-24
ကချင်ပြည်နယ်အတွင်းက တိုင်းရင်း သားတွေရဲ့ လူအခွင့်အရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခြင်းမရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ဆောင်ရွက်ချက်တွေဟာ ထိရောက် တဲ့ လုပ်ဆောင်ချက်မဟုတ်ဘူးလို့ ကချင်ပြည်နယ် လီဆူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန် က ဝေဖန်ပြောကြားလိုက်ပါတယ်။
2016-06-24
ကယားပြည်နယ်အတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ ပြည်နယ် အစိုးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဒီနေ့ ကယားပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ ပြည်နယ်အတွင်း ဖွံ့ဖြိုးရေး ဆောင်ရွက်နေတဲ့အဖွဲ့၂၈ ဖွဲ့တို့ဟာ ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ဆွေးနွေးခဲ့ကြပါတယ်။
2016-06-24
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲ သမိန်ကျေးရွာမှာဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေး အဆောက်အဦ တစ်ခုနဲ့ နေအိမ်တစ်လုံး ဖျက်ဆီးခံခဲ့ရတယ် လို့ ပဲခူးတိုင်းဒေ သကြီး အစိုးရအဖွဲ့က ပြောပါတယ်။
2016-06-24
၅၃ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ က ကျောက်မျက်ကုမ္ပဏီ ၈၀၀ က ကုန်သည် ၁၈၀၀ ကျော် အပါအဝင် ပြည်တွင်းပြည်ပ ကုန်သည်ပေါင်း ၃၄၀၀ နီးပါး တက်ရောက်ဖို့ စာရင်းပေးသွင်းထားတယ်လို့ သိရပါတယ်။
2016-06-23
ရခိုင်လွတ်မြောက်ရေးပါတီ ALP ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်စောမြ ရာဇာလင်းက သူ့ရဲ့ဒီမိုကရေစီ လှုပ်ရှားမှု အနှစ်နှစ်ဆယ်ကျော် ကာလအတွင်းရေးသားခဲ့တဲ့ ကဗျာတွေ ကို မြိုင်ညိုနန်းမှ လွမ်းချင်းများ ဆိုတဲ့အမည်နဲ့ ကဗျာပေါင်းချုပ် တစ်အုပ် ဒီနေ့ ဖြန့်ချိလိုက်ပါတယ်။
2016-06-23
အလုပ်ရှင်-အလုပ်သမား သဘောတူစာချုပ် ချိုးဖေါက်မှုနဲ့ တရားစွဲခံနေရတဲ့ ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်အလိပ်စက်ရုံ အလုပ်ရှင်ကို ဒီနေ့ ပထမဆုံးအကြိမ် တရား ရုံးချိန်းရှိခဲ့ပေမယ့်၊ တာဝန်ရှိရဲတပ်ဖွဲ့က မစစ်ဆေးရသေးလို့ ဆိုပြီး၊ လာမယ့် ၃၀ ရက်နေ့ကို နောက်တစ်ကြိမ် ရုံးချိန်းပေး လိုက်ပါတယ်။
2016-06-23
မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) ကို ဖျက်သိမ်းပြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို လာမယ့် ၃ လအတွင်း ဖွဲ့စည်းသွားဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ညွှန်ကြားထားပါတယ်။