သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-31
ရန်ကုန်မြို့ အနောက်မြောက်ဘက် ကီလို ၂၇ဝ အကွာ၊ ပဲခူးတိုင်း ရွှေတောင်မြို့အနီး မှာ လျှပ်စစ်ဓါတ်အားပေးစက်ရုံကြီး တစ်ရုံ ထူထောင် လည်ပတ်ဖို့အတွက် တင်ဒါအောင်မြင် အရွေးချယ်ခံရတယ် လို့ တောင်ကိုရိယားနိုင်ငံက ဒေဝူးကုမ္ပဏီက ကြေညာလိုက်ပါတယ်။
2016-07-31
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာရှိတဲ့ SAW (Social Action Women) အမျိုးသမီးများ လူမှုလှုပ်ရှားမှုအဖွဲ့ က စောင့်ရှောက်ထားတဲ့ စွန့်ပယ်ခံ မြန်မာကလေး ၆၉ ယောက်အတွက် တရားဝင်နေထိုင်ခွင့်ပေးဖို့ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် NHRC ဆပ်ကော်မတီ ဥက္ကဌ Surapol က ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2016-07-31
မူးယစ်ဆေးသုံးစွဲသူတွေထက် မူးယစ်ဆေး ဝါး စိုက်ပျိုးထုတ်လုပ်ရောင်းချသူတွေကို တိုက်ဖျက်ဖို့ လိုအပ်ကြောင်း ကချင်ပြည်နယ် စည်ပင်သာ ယာရေးဝန်ကြီး ဦးနေဝင်း က ပြောပါတယ်။
2016-07-31
မန္တလေးမြို့မှာ ဒီနေ့ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံပွဲနဲ့ ကာတွန်းပြပွဲ ကို ကြိုဆိုကြောင်း မန္တလေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။
2016-07-31
ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် မှာ အိမ်ထောင်စု ၄ ထောင်ကျော် လူဦးရေ ၂ သောင်းနီး ပါး ရေဘေးဒဏ်ခံနေရတဲ့အတွက် ကုန်းမြင့်တဲ့နေရာတွေ ကို ပြောင်းရွှေ့နေထိုင်နေကြပါတယ်။
2016-07-31
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဆဲဆိုထားတဲ့ အသံဖိုင်ကို အသံချဲ့စက်နဲ့ ဖွင့်လှစ်ခဲ့တဲ့ ပဲခူးတိုင်း ပြည် မြို့နယ်က ဒေသခံတစ်ဦးကို နိုင် ငံတော်အစိုးရကို အကြည်ညို ပျက်စေမှုနဲ့ တရားစွဲဆိုဖို့ ပဲခူးတိုင်းဝန်ကြီးချုပ်က ညွှန်ကြားလိုက်ပါတယ်။
2016-07-31
ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ ညောင်ပင်သာကျေးရွာ အနီးက တောစပ်မှာ မနေ့ညက မိုင်းနင်းမိပြီး ညောင်ပင်သာ ရွာက တောင်သူနှစ်ဦး သေဆုံးခဲ့ပါတယ်။
2016-07-31
ပုဂံယဉ်ကျေးမှုနယ်မြေအတွင်းမှာ ခွင့်ပြု ချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ နေအိမ်အဆောက်အအုံ ၄၀၀ ကျော်ကို ပုဂံ ယဉ်ကျေးမှုဒေသ စီမံခန့်ခွဲရေးကော်မ တီက စိစစ်အရေးယူသွားမယ်လို့ ရှေးဟောင်းသုတေသနဲ့ အမျိုးသားပြတိုက်ဦးစီး ဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော် က ပြောပါတယ်။
2016-07-30
မိုင်ဂျာယန်နောက်ဆုံးအစည်းအဝေးမှာ ရည်ရွယ်ချက် ၂ ရပ်၊ ခေါင်းစဉ်ကြီးလေးခုနဲ့ ကျင်းပလာရာ ၅ ရက်မြောက်နေ့မှာ ဘုံ သဘောတူညီချက်တွေ ရရှိကြပြီး အစည်းအဝေး အောင်မြင် မှုရရှိတယ်လို့ သိရပါတယ်။
2016-07-30
ထိုင်းနိုင်ငံ ရနောင်းမြို့မှာဖြစ်ပွားခဲ့တဲ့ ထိုင်းကျောင်းသူသေဆုံးမှုအတွက် ဖမ်းဆီး ခံထားရတဲ့ မြန်မာအလုပ် သမားလေးဦးရဲ့ DNA မျိုးရိုးဗီဇ နဲ့ သေဆုံးသူဆီ မှာတွေ့ရတဲ့ DNA မျိုးရိုး ဗီဇတွေ တူညီမှုမရှိဖူးလို့ မနေ့က အဖြေထွက်ခဲ့ပါတယ်။
2016-07-30
ထိုင်းနိုင်ငံ မဲဆောက်မြို့က ဈေးတွေ မှာ မြန်မာနိုင်ငံသားတွေကို ဈေးရောင်းချခွင့် မပြုပဲ ထိုင်းအစိုးရက လိုက်လံ ဖမ်းဆီးနေ တယ်လို့ မဲဆောက်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ သားတွေက ပြောပါတယ်။
2016-07-30
၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးပါတီ အားလုံး တန်းတူညီမျှစွာပါဝင်ခွင့်ပြုဖို့ ရန်ကုန်တိုင်းအခြေစိုက် နိုင်ငံရေးပါတီ ၃၀ ကျော်က တောင်းဆိုလိုက်ပါတယ်။
2016-07-30
မိုင်ဂျာယန်မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ အစည်း အဝေးကို ဒီနေ့ ၃၀ ရက်နေ့ အထိ တစ်ရက်တိုးကျင်း ပကြပါတယ်။
2016-07-30
ရှမ်းပြည်နယ် ပင်လုံမြို့မှာ ကျင်းပနေ တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များညီလာခံ ၄ ရက်မြောက်နေ့မှာ တိုင်းရင်းသားဒေသအတွင်း အများဆုံးဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါးပြဿနာတွေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။
2016-07-30
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးဆက်တိုက်ရွာခဲ့တာကြောင့် မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ လမ်းကြောင်း မှာ မြေပြိုတာတွေရှိတဲ့အတွက် ခရီးသွားလာသယ်ယူ ပို့ဆောင်ရေးအတွက် အခက်အခဲဖြစ်နေပါတယ်။