သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-31
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာမွတ်စလင် အမျိုးသမီးတဦး ဒီရက်ပိုင်းအတွင်း သေဆုံးခဲ့ရတဲ့အမှုကို စုံစမ်းစစ်ဆေးဖို့ လန်ဒန်အခြေစိုက် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာအစိုးရကို တိုက်တွန်း လိုက်ကြောင်း ရန်ကုန်မြို့က ဗုဒ္ဓဟူးနေ့လာတဲ့ ရိုက်တာ Reuters သတင်းမှာ ဖေါ်ပြထားပါတယ်။
2016-08-31
ဒီနေ့ စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ အောင်မြင်မှာဖြစ်ကြောင်း ကေ အိုင်အို ဒုတိယဥက္ကဌ(၂) ဖြစ်တဲ့ ဗိုလ်ချုပ် ဂွမ်မော် က ပြောပါတယ်။
2016-08-31
ကုလသမဂ္ဂအထွေထွေအတွင်းရေမှူးချုပ် မစ္စတာဘန်ကီမွန်းက ဘာသာမတူသူတွေ အကြား အမုန်းစကားတွေ၊ ခွဲခြားဆက်ဆံမှုတွေ လျှော့ နည်းအောင် ဘာသာရေးခေါင်းဆောင်တွေက ကြိုးစားကြဖို့ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်း လိုက်ပါတယ်။
2016-08-31
၂၁ရာစု ပင်လုံညီလာခံ စတင်ကျင်းပချိန် ဒီနေ့ကစပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး တရားဝင် အပစ်ခတ်ရပ်စဲကြောင်း ကြေညာ ချက် ထုတ်ပြန်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော် က တောင်းဆိုလိုက်ပါတယ်။
2016-08-31
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မနေ့က စိတ်ကြွဆေးပြားနဲ့ ဘိန်းဖြူ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း တစ်သောင်းကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
2016-08-31
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် NCA ဟာ ငြိမ်းချမ်းရေးအတွက်သာမက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း နိုင် ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။
2016-08-30
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိ အစိုးရအပေါ် နိုင်ငံတကာ အသိုင်းအဝန်း ရဲ့ မျှော်လင့်ချက်တွေ အင်မတန်မြင့်မားနေကြောင်းနဲ့ ဒီကနေ့ စတင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို အလေးအနက် ဂုဏ်ပြုထောက်ခံကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက် ပါတယ်။
2016-08-30
မြန်မာအစိုးရဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂအနေနဲ့ အပြည့်အဝ ထောက် ခံကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ပြောကြားလိုက်ပါတယ်။
2016-08-30
မနက်ဖြန်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်ချက်ထဲမှာ "ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု" ဆိုတဲ့စာသား ပါဝင်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုပြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး က ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်လိုက်ပါတယ်။
2016-08-30
ချင်းပြည်နယ် မြို့ပြတည်ဆောက်ရေး လုပ်ငန်းတွေအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ကို လာမယ့်ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်သန်းပေါင်း တစ်သောင်း ခွဲဝေချထားပေးဖို့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စား လှယ် ဒေါ်နီရွှေလျန်း က တင်ပြခဲ့ပါတယ်။
2016-08-30
၂၁ ရာစု ပင်လုံညီလာခံမှာ ရခိုင့် တပ်မတော် AA ၊ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့်တပ်မတော် MNDAA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ တက်ရောက်ခွင့်ရရှိရေးအတွက် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် ၂၀ ကျော်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ လက်မှတ်ရေး ထိုး တောင်းဆိုလိုက်ပါတယ်။
2016-08-30
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကနေ သြဂုတ် ၂၉ ရက်နေ့ မနေ့ကအထိ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၈၀၀ ကျော် ရှိတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီး ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
2016-08-30
တနသာၤရီမြို့နယ် ကြိမ်ချောင်းတလျှောက်မှာ တရားမဝင် သတ္တုတူးဖော်နေတဲ့လုပ်ငန်း ၁၀၀ နီးပါးကို ရပ်ဆိုင်းဖို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က နောက်ဆုံးအကြိမ် သတိပေးလိုက်ပါတယ်။
2016-08-30
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဘာသာရေးအဓိကရုဏ်းတွေကို တားဆီးနှိမ်နင်းနိုင်ဖို့အတွက် အရေးပေါ်ကာလစီမံခန့် ခွဲရေး ကော်မတီတွေ စတင်ဖွဲ့စည်းနေပါတယ်။
2016-08-30
ကချင်ပြည်နယ် လုံးခင်း-ဖားကန့် မှာ ကျောက်စိမ်းတူးဖော်ရေးလုပ် ကွက် နှစ်ထောင်ကျော်ဟာ လာမယ့် စက်တင်ဘာလမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ကြောင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။