သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-18
၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်ရေးမူကို ချမှတ်ခဲ့တဲ့ အပေါ် ကြိုဆိုထောက်ခံကြောင်းနဲ့ ညီလာခံတက်ရောက်ဖို့ အဆင်သင့်ရှိနေကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2016-08-18
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ် ၂ နဲ့ ၃ ရပ်ကွက်မှာ ကာကွယ်ရေးဝန်ကြီး ဌာနက သိမ်းယူထားတဲ့ မြေကွက်တွေ အတွက် လျှော်ကြေးငွေရရှိဖို့ မြေသိမ်းခံရသူ ၅ဝ လောက် က ရန်ကုန်မြို့ လူထုဟစ်တိုင်ကွင်းမှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2016-08-18
၆၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီဌာနချုပ်၊ ထားဝယ်ခရိုင် ဝယ်ဇင်းစခန်းအပါအဝင် မွန်ပြည်နယ်က မြို့နယ်တွေမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-08-17
တရုတ်နိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက် အရ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့နေ့လည်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ တရုတ်ပြည် ကူမင်းမြို့ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။
2016-08-17
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် ဦးဆောင်တဲ့ ပြည်နယ်အစိုးရ အဖွဲ့ဟာ မေခနဲ့ မလိခမြစ် ပေါင်းဆုံတဲ့ ဧရာဝတီမြစ်ဆုံနဲ့ မြစ်ဆုံစီမံကိန်းဧရိယာထဲကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
2016-08-17
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ နိုင်ငံ သားလျှောက်ထားတဲ့ မွတ်စလင် ၂၉ ဦး ကို နိုင်ငံသားပြုခွင့်ပေးဖို့ကိစ္စကို မြို့ခံတွေ က ဒီနေ့ အစည်းအဝေးမှာ ကန့်ကွက်လိုက်ပါတယ်။
2016-08-17
မှုခင်းဖြစ်ပွားမှုနှုန်းမြင့်မားနေတာဟာ ဒီမိုကရေစီစနစ်ကို သွားနေတဲ့ မြန်မာနိုင်ငံ အတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်စေတဲ့ အတွက် မှုခင်းဖြစ်ပွားမှုနည်းအောင် မဖြစ်မနေ လုပ်ဆောင် ရမှာဖြစ်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သန်းဦးလွင် က ဆွေးနွေးခဲ့ပါတယ်။
2016-08-17
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော် လူးမှော်မှာ တရားမဝင် ကျောက်မျက် တူးဖော်မှုနဲ့ ဒဏ်ငွေ ချမှတ်ခံထားရတဲ့ ကုမ္ပဏီနှစ်ခုကို တိုင်းဝန်ကြီးချုပ် က လုပ်ငန်း လည်ပတ်ခွင့် ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားလိုက်ပါတယ်။
2016-08-17
Mobile Team လို့ခေါ်တဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ဖျက်သိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသတွေမှာ တရားမဝင် ကုန်သွယ်မှုတွေ များလာတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ဒီကနေ့အမျိုးသားလွှတ်တော်မှာ တင်ပြ ခဲ့ပါတယ်။
2016-08-16
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှာ ကချင်လွတ်မြောက်ရေးတပ် KIAနဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေရာမှာ မနေ့ က ကျောင်းဆရာမတစ်ဦးနဲ့ ကလေးတစ်ဦး လက်နက်ကြီး ကျည်ဆံ ပေါက်ကွဲ မှုကြောင့် ဒဏ်ရာရရှိသွားတယ်လို့ ဖါးကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးကပြောပါတယ်။
2016-08-16
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့ရဲ့ မေတ္တာရပ်ခံချက်အရ ပြည် ထဲရေး ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်အတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို စွဲဆိုထားတဲ့ အမှုပေါင်း ၄၅၀ ကျော်ကို အမှုပိတ်သိမ်းပေးခဲ့ တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့် က ပြောကြား လိုက်ပါတယ်။
2016-08-16
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချူပ်ခွင့်ဒေသကို ကူညီနိုင်ဖို့အတွက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ကို ပြင်ဆင်ပေးဖို့နဲ့ အစိုးရအနေနဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေကို သွားရောက်ကူညီခွင့်ပေးဖို့ လိုအပ်ကြောင်း နာဂအဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။
2016-08-16
ကမ္ဘာ့ဘဏ်ကနေ ချေးယူမယ့် အမေရိကန်ဒေါ်လာသန်း ၁၀၀ ဟာ အစိုးရဝန်ထမ်းတွေကို လစာတိုးပေးဖို့ မဟုတ်ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။
2016-08-16
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် မနက်ဖြန် ရန်ကုန်မြို့ကနေ ထွက်ခွာမှာဖြစ်ပါတယ်။
2016-08-16
ရှမ်းပြည်နယ်မြောက်ပိုင်း ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့မှာ ပြီးခဲ့ တဲ့နှစ်ရက်လောက်က မြို့လယ်မှာရှိတဲ့ နမ့်ဆန်ချောင်းရေလျှံတာကြောင့် နေအိမ် ၂၀၀ နီးပါးမှာ နုန်းတွေ ဝင်ရောက်ပြီး လူဦးရေ တစ်ထောင် ဝန်းကျင်လောက် နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေ ပါတယ်။