သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-02
အရင်အစိုးရအဆက်ဆက်က ဆောက်လုပ် ခဲ့တဲ့ ဆည်တွေနဲ့ မြစ်ရေတင် စီမံကိန်းတချို့ ဟာ ကိုယ်ကျိုးစီးပွားအတွက် ဆောက်လုပ် ခဲ့တာတွေ ရှိတဲ့အတွက် တိုင်းပြည်နဲ့ ဒေသခံတွေအတွက် အကျိုးရှိ မရှိ ပြန်လည်သုံးသပ်သွားမယ်လို့ စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းဝင်း က ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ပြောပါတယ်။
2016-08-02
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ် ချုပ်ရေး ဥပဒေမှာ ဧည့်စာရင်းတိုင်ကြား ရမယ်ဆိုတဲ့အချက်ကို ပြန်လည်ဖြည့်စွက်တဲ့အပေါ် ကန့်ကွက်ကြောင်း ပေးပို့ဖို့အတွက် လက်မှတ်တွေကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ က ကောက်ခံနေပါတယ်။
2016-08-02
မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ သဘာဝဘေး အတွက် သြစတြေးလျနိုင်ငံက နောက်ထပ် အမေရိကန် ဒေါ်လာ ၁၂ သန်း တိုးမြှင့်ကူညီမယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ကြေညာ ခဲ့တဲ့အပေါ် ကလေးသူငယ် ကူညီကယ်ဆယ်ရေး Save the Children အဖွဲ့က ကြိုဆိုလိုက်ပါတယ်။
2016-08-01
၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ ကို ရုပ်သိမ်းဖို့ ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီက ပြည်သူ့လွှတ်တော်ထံ တနင်္လာနေ့က တင်ပြခဲ့ပါတယ်။
2016-08-01
စက်ရုံ အလုပ်ရုံ အလုပ်သမားတွေအတွက် လက်ရှိသတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်ခလစာ တစ်ရက် ငွေကျပ် ၃၆၀၀ ကို ထပ်တိုးမြှင့်ပေးသွားနိုင်ဖို့ အမျိုးသားလွှတ်တော်ရဲ့ ပြည် တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီက စီစဉ်နေ ပါတယ်။
2016-08-01
ထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့ မြန်မာ အလုပ်သမား အရေအတွက် သောင်း ဂဏန်းလောက်ရှိမယ်လို့ မြန်မာ အလုပ်သမားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေ က ပြော ပါတယ်။
2016-08-01
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ထိရောက် ဖို့အတွက် အကျင့်ပျက်လာဘ်စားနေတဲ့ ရဲဝန်ထမ်းတွေကို စိစစ်အရေးယူဖို့ လိုအပ်တယ်လို့ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းက ဒီနေ့ အမျိုး သားလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-08-01
မိုင်းလားအဖွဲ့ဟာ နိုင်ငံတော်က ခွဲမထွက်ရေးမူကို အမြဲတမ်းဆုပ်ကိုင်ထားကြောင်းနဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေးအတွက် နိုင်ငံရေးမူဘောင် ပြင် ဆင်ရေး ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြာင်း NDAA မိုင်းလားအဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း က ပြောလိုက်ပါတယ်။
2016-08-01
နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ လွှတ်တော်ရေးရာ ကော်မရှင်အဖွဲ့ဝင်တွေဟာ တစ်ရက် အခန်းငှားရမ်းခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာ ခိုင်နှုန်း ပေးဆောင်ရမယ်လို့ ဒီနေ့ ပြည်သူ့လွှတ်တော်ရုံး က ကြေညာလိုက်ပါတယ်။
2016-08-01
ဧရာဝတီ၊ ချင်းတွင်းနဲ့ ဒုဌဝတီမြစ်ရေ မြင့် တက်တာကြောင့် မန္တလေးတိုင်း ညောင်ဦး၊ အမရပူရ၊ ပုသိမ်ကြီး၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့ မြို့နယ် ၁၀ မြို့နယ်လောက်က ဒေသခံ နှစ်သောင်းကျော်ဟာ ဘေးလွတ် ရာကို ပြောင်းရွှေ့နေထိုင်နေရပါတယ်။