သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-30
ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာအခြေစိုက် တပ်မတော်က တနိုင်းဘက်သွားမယ့် ကုန်ကားအစီး ၃၀ ကျော်ကို အခုလ ၂၇ ရက်နေ့ကစပြီး သွားလာခွင့်ပိတ်ပင်ထားပါတယ်။
2016-09-30
ရန်ကုန်မြို့ တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲခံထားရတဲ့ လန်ဒန်ဆရာတော် ဦး ကျောင်းတိုက်အရေးနဲ့ ပတ်သက်ပြီး သံဃာ့မဟာ နာယကအဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းဖို့ဆိုတာဟာ မဖြစ်နိုင်ကြောင်း သတင်းမီဒီယာတွေကို မိန့်ကြားပါတယ်။
2016-09-30
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ခန်လူးကျေးရွာမှာ ကျေးရွာပိုင်မြေနေရာကို ခြံစည်းရိုးဝင်ခတ်တဲ့ အမှတ်(၂) စစ် ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ) ကို တားမြစ်ခဲ့တဲ့ ကျေးရွာ သား ၉ ဦးကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ မနေ့က အမှုဖွင့်လိုက်ပါတယ်။
2016-09-30
တနင်္သာရီတိုင်း ထားဝယ်မြို့အခြေစိုက် တနင်္သာရီတိုင်းမ် အပတ်စဉ်ဂျာနယ်မှာ "ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါး ဟာ သတ္တုတူးဖေါ်တဲ့ Delco ကုမ္ပဏီ အကြောင်း ရေးသားတယ်ဆိုပြီး ဆောင်းပါးရှင် ကိုအောင်လွင်ကို ရေဖြူမြို့နယ်တရားရုံးက ထောင်ဒဏ် တစ်လ သို့မဟုတ် ဒဏ်ငွေ ၃သောင်း ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
2016-09-30
ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးတာနဲ့ ပတ်သက်ပြီး လေ့လာစိစစ်ရေးအဖွဲ့ကို ကျောင်းသား၊ အစိုးရ၊ ကုမ္ပဏီနဲ့ ဆရာ၊ ဆရာမ ကိုယ်စားလှယ်တွေ ပါဝင်ပြီး ဖွဲ့စည်းလိုက်ပါတယ်။
2016-09-30
ဇီကာဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံကို ကိုယ်ဝန်ဆောင်မိခင်တွေ ခရီးသွားလာဖို့ မသင့်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ထုန်ပြန်လိုက်ပါတယ်။
2016-09-30
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်မှာ အသက် ၅ နှစ်အောက် ကလေးငယ် ၆ ဦးမှာ ၁ ဦးနှုန်း သေဆုံးနေတယ်လို့ ကုလ သမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန် ပါတယ်။
2016-09-30
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက် ပြီး ဒေသတွင်း နိုင်ငံတွေက အပြု သဘောဆောင်တဲ့ ပံ့ပိုးကူညီ မှုတွေ ပေးကြဖိုနဲ့ အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် အပြင် ပဋိပက္ခကူးစက်ခံရတဲ့ နယ်မြေဒေသတွေ မှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ရယူနိုင်အောင် ကြိုးပမ်းသွားဖို့ ဆုံးဖြတ်ထားကြောင်း နိုင် ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားလိုက်ပါတယ်။
2016-09-30
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုရဲ့နေအိမ်ခြံဝန်းအတွင်း အလှဆင်ဖို့အတွက် ငွေကျပ် သိန်းငါးဆယ်ကို ပြည်နယ် အစိုးရရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ဘဏ္ဍာငွေ စာရင်းထဲမှာ ထည့်ထားတာကို ဒီကနေ့ကျင်းပတဲ့ ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးက ပယ်ချလိုက် ပါတယ်။
2016-09-30
ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး ကွန်ရက် KRW က ကရင်ပြည်နယ် ဟတ်ကြီးရေကာတာ စီမံကိန်းတည်ရှိရာ နယ်မြေ အတွင်း မြန်မာအစိုးရတပ်မတော်နဲ့ BGF နယ်ခြားစောင့် တပ်ဖွဲ့တွေရဲ့ စစ်ဆင်မှုတွေကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ ထိပ်တိုက်ရင်ဆိုင် မှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း မနေ့က သတိပေး လိုက်ပါတယ်။
2016-09-30
မြန်မာတပ်မတော်အတွင်းက လူတချို့ နဲ့ မြောက်ကိုးရီးယားနိုင်ငံအကြား စစ်ရေးအဆက်အသွယ်တွေ ဆက်လက်ရှိနေနိုင်တယ်လို့ အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။
2016-09-30
မြန်မာနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံက စွမ်းအင် စီမံချက်နှစ်ခုအတွက် AIIB အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် က ချေးငွေ ဒေါ်လာ သန်း ၃၂ဝ ပေးဖို့ အတည်ပြုလိုက်ပြီလို့ မနေ့က ပြောကြားပါတယ်။
2016-09-30
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ကို ထွက်ပြေးလာကြတဲ့ မြန်မာဒုက္ခသည်တွေ ကို နေရပ်ပြန်ပို့ဖို့ အတွက် ထိုင်းနဲ့မြန်မာ အာဏာပိုင်တွေက စာရင်းပြုစုနေကြတယ်လို့ မနေ့က ကျင်းပတဲ့ TBC- ထိုင်း-မြန်မာ နယ်ခြားကော်မတီ အစည်းအဝေးကနေထုတ်ဖော်ပြောကြားလိုက်ပါတယ်။
2016-09-29
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အရင်အစိုးရ လက်ထက်က စက်မှုရပ်ကွက်အဖြစ် သိမ်းဆည်းထားတဲ့ မြေတွေကို ပြည်နယ် အဆင့် အစိုးရအရာရှိတွေက အသီးသီးခွဲဝေယူထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကိုယ်စားလှယ် ၇ ဦးပါဝင်တဲ့ စိစစ်ရေး အဖွဲ့တစ်ခုကို ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်း တာဝန်ပေးအပ်လိုက်ပါတယ်။
2016-09-29
အိမ်အကူမိန်းကလေး နှစ်ယောက်ကို ညှဉ်း ပန်းနှိပ်စက်ခဲ့တဲ့ ရန်ကုန်တိုင်း ကျောက် တံတားမြို့နယ်က အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစု ၆ ဦးလုံးကို ဒီကနေ့ ရန်ကုန်မြို့ အနောက် ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။