သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-27
ဧရာဝတီမြစ်ဆုံ မြစ်ညှာတွေမှာ ဆောက် လုပ်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ ချီဖွေမြို့နယ် နဲ့ ဆော့လော်မြို့နယ် ဒေသခံတွေက နိုင်ငံတော် သမ္မတထံ ဒီကနေ့ စာတင်ပြတောင်းဆိုလိုက်ပါတယ်။
2016-09-26
မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံဒေသကို ကုလသမဂ္ဂ ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေး မှု အမွေအနှစ်နေရာအဖြစ် သတ်မှတ်ဖို့ အလွန်နီးစပ်နေပြီလို့ ယူနက်စကို အရာရှိတစ်ဦးကပြော ဆိုကြောင်း AFPသတင်းကဖေါ်ပြပါတယ်။
2016-09-26
စစ်ကိုင်းတိုင်း ခန္တီးခရိုင် နန်စီဘွန်ဒေသ က ရေမဆေးကျောက်ရှာဖွေသူတွေ ကို ကျောက်မျက်ဥပဒေနဲ့ လိုက်လံဖမ်း ဆီးနေတာတွေ ရပ်တန့်ပေးဖို့နဲ့ တရားဝင်လုပ်ကိုင်ခွင့် ရရှိဖို့ ရေမဆေးလုပ်သား နှစ်ထောင်က ဒီကနေ့ ခန္တီးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-09-26
လယ်ယာမြေသိမ်းဆည်းခံရမှု၊ မြေယာ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တိုင်ကြား စာ ၅ ထောင်ခန့် ရောက်ရှိနေပြီး အဲဒီတိုင်ကြား စာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်လည်စိစစ်ဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မနေ့က ညွှန်ကြားလိုက်ပါ တယ်။
2016-09-26
အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူ လုပ်ကိုင်နေတဲ့ မိန်းကလေးနှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူပေးဖို့ တိုက်တွန်းတဲ့ အဆို ကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-09-26
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို စစ်တွေတရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပြီး တရားလိုကို စစ်ဆေးခဲ့ပါတယ်။
2016-09-26
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာ မရှိဘဲ အခုချိန်မှာ အနားယူနေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2016-09-26
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်း သိုမြို့နယ်မှာ တရားမဝင်ရွှေတူးဖော်မှုတွေ လုပ်ကိုင်နေတယ် ဆိုတဲ့ ဒေသခံတွေတိုင်ကြားချက်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့က အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီး စိစစ်ဖို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ညွှန်ကြားလိုက်ပါတယ်။
2016-09-26
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် အဖွဲ့ဝင်တွေ နှုတ် ထွက်ပေးဖို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မှာ လူ့အခွင့် အရေးလှုပ်ရှားနေသူ ၆၀ လောက်က ဒီနေ့ ဆန္ဒပြတောင်း ဆိုကြပါတယ်။
2016-09-25
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ အမေရိကန်ခရီးစဉ် အတွင်း အစီအစဉ်များလွန်းပြီး အချိန်ကွာဟမှုကြောင့် ခရီးပန်းနေတဲ့အတွက် အနားယူဖို့ လိုအပ်နေတာသာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း နိုင်ငံတော်သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2016-09-25
MLM လို့ ခေါ်တဲ့ ဆင့်ပွားအရောင်းလုပ်ငန်း တစ်ခုဖြစ်တဲ့ Aimstar Network Busi ness ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ကုမ္ပဏီဟောပြောပွဲမှာ သတင်းမီဒီယာတွေ ကို ဝေဖန် ပြော ဆိုတာနဲ့ ပတ်သက်ပြီး အရေးယူနိုင်ဖို့ သတင်းမီဒီယာ သမားတွေ လက်မှတ် စုဆောင်းနေပါတယ်။
2016-09-25
ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ် သမား အကြိုညီလာခံကို မြေပုံမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။
2016-09-25
ကျိုက်ထီးရိုးတောင်ပေါ်မှာ အစိုးရ ခွင့်ပြု ချက်ထက် ကျော်လွန်ပြီး ဆောက်လုပ်ထားတဲ့ အခန်း ၁၀၀ ကျော်ကို စည်းကမ်းချက်တွေနဲ့ အညီ ပြင်ဆင်ဆောက် လုပ်မှာဖြစ်ကြောင်း ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက် သိန်းနိုင်က ခံဝန်ကတိပြုလိုက်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
2016-09-25
ရန်ကုန်နဲ့ မန္တလေးမြို့ဟာ စစ်ကိုင်းပြတ်ရွေ့ကြော အနီးမှာရှိနေပြီး အထပ်မြင့် အဆောက်အဦးတွေ များတဲ့အတွက် ငလျင် အန္တရာယ် ပိုမိုသတိထားဖို့နဲ့ အထပ်မြင့် အဆောက်အဦးတွေ ကို ငလျင်ဒဏ်ခံနိုင်ရည် ရှိ မရှိ ဆန်းစစ်ဖို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက မနေ့က သတိပေးထုတ်ပြန်လိုက်ပါ တယ်။
2016-09-25
မန္တလေးစည်ပင်သာယာရေးကော်မ တီရွေးကောက်ပွဲကို မြို့နယ် ၆ မြို့နယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။