သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-27
အခု ဘဏ္ဏာရေးနှစ်အတွင်း မြန်မာနိုင်ငံ က နိုင်ငံခြားကိုတင်ပို့ရောင်းချမယ့် ဆန် တန်ချိန် ပမာဏဟာ မိုးကြီးရေလျှံမှုနဲ့ တရုတ်နိုင်ငံက ဝယ်လိုအားကျဆင်းမှုတွေကြောင့် အရင်နှစ် ကထက် လျှော့နည်းမယ်လို့ သိရပါတယ်။
2017-01-27
ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခ သည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ သွားရောက်လှူဒါန်းမယ့် KP1M အဖွဲ့က လှူဒါန်းပစ္စည်းတွေ လိုအပ်သလောက် မရရှိသေးတဲ့အတွက် ဆက်လက်စုဆောင်းနေတယ်လို့ မနေ့က ပြောကြားပါတယ်။
2017-01-27
ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းရေးအတွက် ပုဂံဒေသ က ရှေးဟောင်းစေတီ ပုထိုးတော်တွေပေါ်ကို ခရီး သည်တွေတက်ခွင့်မပြုတော့ပဲ ရှုခင်းကြည့်ဖို့အတွက် စင်မြင့်တွေ စတင်ဆောက်လုပ်နေပြီလို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
2017-01-26
ရခိုင်ပြည်သူလူထုရဲ့ လူနေမှုဘဝနဲ့ သဘာ ဝပတ်ဝန်းကျင်ကို အကာအကွယ်ပေးပြီး အာမခံချက်ရှိစေနိုင်မယ့် ဥပဒေ၊ နည်းဥပဒေတွေမရှိသေး တာကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို ရပ်တန့်ထားဖို့ စီမံကိန်းဧရိယာအတွင်းမှာပါဝင်တဲ့ ကျေး ရွာပေါင်း ၂၅ ရွာက ဒေသခံ ၃၀၀ လောက်က ဒီနေ့ ကျောက်ဖြူမြို့နယ်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲ မှာ တောင်းဆိုလိုက်ပါတယ်။
2017-01-26
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ပြည် တွင်းစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ပထမ ဆုံးလှူဒါန်းငွေဟာ ကျပ်ငွေ ၁၁ ဘီလီယံအထိရှိနေပြီး ထပ်မံ လှူဒါန်းဖို့ရှိတာတွေပေါင်းရင် ကျပ်ငွေ ၁၅ ဘီလီယံအထိ ရရှိမယ်လို့ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခင်ရွှေက ပြောပါတယ်။
2017-01-26
တတိယ အကြိမ်မြောက် အာရှ ကော့စမို ပိုလီတန်ဆုချီးမြှင့်ပွဲမှာ Grand Prize ဂုဏ်ထူးဆောင် ရရှိခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို ဂုဏ်ပြုတဲ့ပွဲကို နေပြည်တော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ ဒီကနေ့ ညနေ ၆ နာရီခွဲမှာ ကျင်းပခဲ့ပါတယ်။
2017-01-26
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ စစ်ပွဲ အလိုမရှိကြောင်း ပြဇာတ်ကပြခဲ့တဲ့ ကျောင်း သား ၉ ဦးရဲ့အမှုကို အနောက်တောင်တိုင်း စစ်ဌာနချုပ်က အသရေဖျက်မှု ဥပဒေ ပုဒ်မ ၅၀၀ နဲ့ တရားစွဲ ဆိုရာမှာ အမှုကို ပုသိမ်မြို့နယ် တရားရုံးက မနေ့က လက်ခံ လိုက်ပါတယ်။
2017-01-26
မွန်ပြည်နယ်၊ ရေးမြို့နယ် မြို့မရဲစခန်းက ရဲအုပ်တစ်ဦးကို အဂတိလိုက်စားမှုနဲ့ ပြည် နယ်ရဲတပ်ဖွဲ့ရုံးမှာ ဖမ်းဆီးစစ်ဆေးနေတယ် လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။
2017-01-26
တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ ကချင်ပြည် နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့မှာ မနေ့ညပိုင်းက မီးလောင်လို့ အဆောက် အဦး ၅ လုံး ပျက်စီးပြီး ကာလတန်ဖိုး ကျပ်သိန်းပေါင်း နှစ်ရာဝန်းကျင် ဆုံးရှုံးခဲ့ပါတယ်။
2017-01-25
မန္တလေးတိုင်းအတွင်းရှိ စိုက်ပျိုးရေး လုပ်ကိုင်ခြင်းမရှိတဲ့ မြေယာဧက လေးသောင်းကျော်ကို နိုင်ငံပိုင်အဖြစ်သိမ်းယူမှာဖြစ်တယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောဆိုပါတယ်။
2017-01-25
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေ ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2017-01-25
မြန်မာပြည်ရဲ့ ဒီမိုကရေစီပြောင်းလဲရေးနဲ့ ပဋိပက္ခတွေ ဖြေရှင်းရေးအတွက် အင်ဒို နီးရှားနိုင်ငံရဲ့ အတွေ့အကြုံတွေကို ဓါတ်ခွဲစမ်းသပ်ခန်းသ ဖွယ် အသုံးပြုလေ့လာနိုင်ပါတယ်လို့ အင်ဒိုနီးရှားနိုင် ငံခြားရေးဝန်ကြီး Retno Marsudi ရိနို မာစူးဒီ က ပြောကြား လိုက်ပါတယ်။
2017-01-25
တနင်္သာရီတိုင်းဒေသကြီး လက်နက်ကိုင် ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားအောင် အသီးသီးတာဝန်ယူကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မွန်ပြည်သစ်ပါတီတို့ဟာ ဒီကနေ့ ညနေက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးပြီး သဘောတူဆုံးဖြတ် လိုက်ပါတယ်။
2017-01-25
တပ်မတော်က ဖမ်းဆီးထားတဲ့ မုံးကိုးမြို့က ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်နှစ်ယောက်ကို မနေ့ည က မူဆယ်ရဲစခန်းထံ လွှဲအပ်ခဲ့ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)(၂)တို့နဲ့ အမှုဖွင့်ထားတယ်လို့ မူဆယ်ရဲစခန်းက တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ယောက် က ပြောပါတယ်။
2017-01-25
မကွေးတိုင်းဒေသကြီး မင်းဘူး၊ ရေ နံချောင်း၊ ပွင့်ဖြူ၊၊ စကု၊ မကွေး၊ စတဲ့ မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ နှစ်ရက် ဆက်တိုက်က ပေါက်ကွဲသံ ၄ ကြိမ်လောက် ထွက်ပေါ်ခဲ့တာဟာ မကွေးမြို့ တပ်မတော် (လေ)က လက်နက်စမ်းသပ် ပစ်ခတ်တာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်း က ပြောပါတယ်။