သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-25
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၁၅ ခုက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ တအာင်းပလောင် အမျိုးသားပါတီအမည်ကို ထည့်သွင်းထား တာကို ကန့်ကွက်ကြောင်းနဲ့ ပယ်ဖျက်ပေးဖို့ တောင်းဆို လိုက်ပါတယ်။
2017-01-25
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ နှစ်သန်းကျော်အတွက် မဲရုံနှစ်ထောင် ထားရှိသွားမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း က ပြောပါတယ်။
2017-01-25
ရန်ကုန်မြို့မှာ YBS ယာဉ်တွေ မပြေးဆွဲတဲ့ ည ၉နာရီကစပြီး ညပိုင်းသီးသန့်ယာဉ်တွေ နဲ့ ပြေးဆွဲ ပေးသွားမယ်လို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
2017-01-25
ဝန်ကြီးချုပ်တွေကို အလုပ်တွေခိုင်းဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်း ပခုက္ကူမြို့နယ် စံပြကြီးရွာ က ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောပါတယ်။
2017-01-24
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းကို ရောက်ရှိခဲ့တဲ့ အမေရိကန် အမျိုးသမီးဓါတ်ပုံ သတင်းထောက် Allison Joyce က မြန်မာစစ်တပ်က မုဒိန်းကျင့်ခဲ့ပါတယ်လို့ ပြောဆိုကြတဲ့ အမျိုးသမီးများ နဲ့ တွေ့ဆုံခဲ့ပြီး ဗြိတိန်နိုင်ငံ IB Times သတင်း မှာ ဖေါ်ပြထားပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက် ပြီး မြန်မာနိုင်ငံဘက်ကတော့ ငြင်းဆိုလိုက်ပါတယ်။
2017-01-24
မလိခမြစ်အတွင်း တရုပ်သိပ္ပံပညာရှင်တွေ က ရေချိုငခူမျိုးစိတ် အသစ်တမျိုးကို တွေ့ရှိ ခဲ့တယ်လို့ တရုတ်သိပ္ပံအကယ်ဒမီ CAS က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2017-01-24
မကွေးတိုင်းဒေသကြီး မင်းဘူး၊ ရေနံချောင်း စတဲ့ မြို့နယ်တချို့မှာ နှစ်ရက်ဆက် တိုက် ပေါက်ကွဲသံ ၄ ကြိမ်လောက် ကြားနေရတာကြောင့် စိုးရိမ်ထိတ်လန့်နေကြတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2017-01-24
ပုဂံဒေသကို ရှေးဟောင်းယဉ်ကျေးမှု ဇုန်တွေ ခွဲခြားသတ်မှတ်ရာမှာ ဒေသခံတွေ လက်ခံနိုင်မယ့်ပုံစံနဲ့ ဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းလိုက်ပါတယ်။
2017-01-24
မျိုးစောင့်ဥပဒေလေးခုကို ၂ဝ၁၇ ခုနှစ်အတွင်း ပြင်ဆင်သွားမယ်လို့ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာမြသောင်း က ပြောပါတယ်။
2017-01-24
ဒုတိယအကြိမ်ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ညီလာခံမှာ လေ့လာသူအနေနဲ့သာ ဖိတ်ကြားရင် NCA ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေက တက်ရောက်မှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
2017-01-24
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ ဆားဒန်းမြို့ မှာ သတ်ဖြတ်ခံရတဲ့ မြန်မာနိုင်ငံသား ၅ ဦးရဲ့ မိသားစု ဝင်တွေကို မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က ထောက်ပံ့ငွေ ကျပ် ၅ သိန်းစီ ဒီနေ့ ပေးအပ်ခဲ့ပါတယ်။
2017-01-24
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ WY ဆေးပြား ၁၄ သန်း ဖမ်းဆီးနိုင်ဖို့အတွက် တောထဲမှာ ၈ ရက်ကြာ နေထိုင်ပြီး ကြိုးစားဖော်ထုတ်ပေးခဲ့တဲ့ ဒေသခံ ကိုရာဇာဟိန်းကို ဒီဇင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရွေးချယ်လိုက်ပါတယ်။
2017-01-23
မြန်မာနိုင်ငံမြောက်ပိုင်းက တိုက်ပွဲတွေ အကြောင်း၊ ဒုတိယအကြိမ် ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ အကြောင်းနဲ့ NCA လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်တချို့ရဲ့ အမှု ကိစ္စတွေကို အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေ ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်က NRPC ရုံးမှာ ဒီနေ့မနက်က တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
2017-01-23
ရှမ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို လာမယ့် ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်မှာ ကျင်းပသွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။
2017-01-23
အစိုးရသစ်လက်ထက် ၁၀ လတာ ကာလအတွင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အဖွဲ့တွေ အပြန်အလှန် ထိန်းကျောင်းမူ ယိမ်းယိုင်လာတဲ့အတွက် ဒီမိုကရေစီ အာဏာရှင်စနစ်ကို ဦးတည်လာပြီး တရားဥပဒေ စိုးမိုးရေးလည်း အားနည်း လာတာကို တွေ့ရတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက ပြောပါတယ်။