သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-22
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အမြန်ဆုံးပြင်ဆင်ပေးဖို့ အရပ်ဖက် အဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်း သားတွေနဲ့ ပုဒ်မ ၆၆(ဃ) နဲ့ အရေးယူခံခဲ့ရသူတွေ စုစုပေါင်း လူအင်အား ၂၀၀ နီးပါးက ဒီနေ့ ရန်ကုန်မြို့မဟာဗန္ဓုလ ပန်းခြံအနီးမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-01-22
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံ မှာ အလုပ်ရှင် အလုပ်သမားပြဿနာကို တိုင်းအစိုးရအဖွဲ့က ကြားဝင်ဖြေရှင်းပေးပေမယ့် ပြေလည်မှု မရှိတာကြောင့် ဒီနေ့ မန္တလေးမြို့ပေါ်မှာ ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
2017-01-22
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့က ပုသိမ်ဟိုတယ်မှာ စစ်ပွဲတွေ အလို မရှိကြောင်း ပြဇာတ်ကပြရာမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၉ ဦး ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်က အသရေဖျက်မှုနဲ့ ပုသိမ်မြို့မရဲစခန်းမှာ တရားစွဲဆိုထားပါတယ်။
2017-01-22
ကချင်ပြည်နယ် ဖားကန်မြို့နယ် နမ့်မဖြစ်ရွာ က အလယ်တန်းကျောင်းဆရာ ဦးအောင်ဇင်ထွန်း သေနတ်နဲ့ ပစ်သတ်ခံရမှုကို အမှုမှန်ဖော် ထုတ်ပေးဖို့အတွက် ဆရာ၊ ဆရာမတွေက ဒီနေ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-01-22
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် အတွင်း ကရင်အမျိုးသားအစည်းအရုံး KNUနဲ့ မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွား ခဲ့တာတွေနဲ့ပတ်သက်ပြီး လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့ မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။
2017-01-22
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ် အတွင်းမှာ ဇန်နဝါရီလ၂၁ ရက်နေ့မနေ့က တပ်မတော်နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တို့တိုက် ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။
2017-01-22
လူငယ်တွေအနေနဲ့ အင်တာနက် အသုံး များနေတာကို လျှော့ပြီး ရသစာပေတွေ ဖတ်ကြဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2017-01-21
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ဟာ စနေနေ့က အစ္စလာမ္မစ်ကောင်စီ OIC အဖွဲ့အတွင်းရေးမှူး ဒေါက်တာ အိုတာမီနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အရေးနဲ့ပတ်သက်ပြီး ကွာလာလမ်ပူမြို့ မှာ ဆွေးနွေးပါတယ်။
2017-01-21
မြန်မာနယ်ခြားစောင့်တပ် BGF က ကမ္ဘာလှည့်ခရီးသည် ၃၇ ဦးကို ဖမ်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနယ်စပ်အနီးကို မသွားကြဖို့ ထိုင်းအာဏာပိုင်တွေက ကမ္ဘာလှည့်ခရီး သည်တွေကို သတိပေးလိုက်ပါတယ်။
2017-01-21
မလိုလားအပ်တဲ့ ဖိအားပေးမှုတွေ ပြုလုပ်နေတာ ဟာ ပြဿနာကို ပိုမိုရှုပ်ထွေးစေတယ်လို့ ရခိုင်ပြည် နယ်ပြဿနာကို ဆွေးနွေးဖို့ မလေးရှားနိုင်ငံမှာ အိုအိုင်စီအထူးအစည်းအဝေး ခေါ်ယူကျင်းပတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-01-21
ငြိမ်းချမ်းရေးအတွက် အားကောင်းခိုင် မာသော ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး ပွဲကို ရန်ကုန်မြို့က မီလီယာဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2017-01-21
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မန်လွယ်ကျေးရွာမှာ ဒီနေ့မနက်က မိုင်းနင်းမိပြီး ဒေသခံအမျိုးသမီး ၁ ဦး သေ ဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2017-01-21
မြန်မာနိုင်ငံသား ငါးဦးကို သတ်ဖြတ်ပြီး မီးရှို့ခဲ့တဲ့ ထိုင်းနိုင်ငံသား အထူးကု သမားတော်ကို မော်လမြိုင်မြို့နယ် တရားရုံးက မနေ့ က ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။
2017-01-21
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဟာ ရခိုင်အရေးနဲ့ စစ်ပွဲဖြစ်ပွားနေ တဲ့ ဒေသတွေနဲ့ပတ်သက်ပြီး ပူပန်မိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
2017-01-20
လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိရောက် စွာအရေးယူတားမြစ်ပေးဖို့ မြန်မာနိုင်ငံသား အစ္စလမ် ဘာသာဝင် ၂၇ ဦးက စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားတင်ပြလိုက်ပါတယ်။