သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-22
လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး နောက် ဆုံးအဆင့် အယူခံတင်ဖို့ ပြင်ဆင်ချိန်ကို တစ်လတိုးပေးဖို့ အတွက် ထိုင်းနိုင်ငံ တရားရုံးချုပ်ထံ တင်ပြ သွားမယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
2017-03-22
ထိုင်း မြန်မာနယ်စပ် မယ်ဟောင်ဆောင် မြို့အနီးက ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ က ဒုက္ခသည်တွေကို အခုမတ်လကုန် ကစလို့ အလှူရှင်တွေ ထောက် ပံ့ပေးနေတဲ့ ဆန်နဲ့ရိက္ခာ အကူအညီတွေကို အရင်က စားကုန်အဖြစ် ထုတ်ပေးနေရာ ကနေပြီး ပိုက်ဆံကဒ်အနေနဲ့ ပြောင်းလဲ ထုတ်ပေးသွားဖို့ စီစဉ်နေပါတယ်။
2017-03-21
တရုတ်အစိုးရပိုင် စိုက်ပျိုးရေးဘဏ်က ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ရဲ့ ဘဏ်စာရင်းကို ပိတ်လိုက်ပြီလို့ သတင်းရ ပါတယ်။ အခုလို သူတို့ငွေစာရင်းကိုပိတ်လိုက်ကြောင်း MNDAA လို့ အတိုကောက်ခေါ်တဲ့ မြန်မာအမျိုးသား ဒီမို ကရက်တစ် မဟာမိတ် တပ်မတော် ခေါ် ကိုးကန့် လက်နက် ကိုင်အဖွဲ့ကို တရုတ်စိုက်ပျိုးရေးဘဏ်က ပြီးခဲ့တဲ့ သီတင်း ပတ်အကုန်မှာ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
2017-03-21
မြန်မာနိုင်ငံက နိုင်ငံခြားကို အခု ၂ဝ၁၆-၁၇ ဘဏ္ဏာရေးနှစ်အတွက် ဆန်တန်ချိန် ၁ သန်းခွဲ တင်ပို့နိုင်ခဲ့တဲ့ အတွက် ဝင်ငွေအဖြစ် အမေရိကန် ဒေါ်လာ သန်း ၇ဝဝ ခန့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြော ပါတယ်။
2017-03-21
ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကော်မတီရဲ့ အစီရင်ခံစာကို ဒီနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။
2017-03-21
သြင်္ကန်ကာလမတိုင်ခင်နဲ့ သြင်္ကန် ကာလနောက်ပိုင်းရက်တွေမှာ အဝေးပြေးယာဉ်စီးခနှုန်းတွေကို သင့်တင့်တဲ့ ဈေးနှုန်း တိုးမြှင့်သတ်မှတ်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ ယာဉ်လိုင်းပိုင်ရှင်တွေ တောင်းဆိုထားတဲ့အပေါ် အစိုးရဘက်က ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
2017-03-21
ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ ၂ ဖွဲ့ ခွဲပြီး မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်လေ့လာစုံစမ်းခဲ့တဲ့ အခြေအနေတွေကို မကြာခင်ရက်ပိုင်းအတွင်း ၂ဖွဲ့တွေ့ဆုံ ဆွေးနွေးသွားမယ် လို့ ကော်မရှင်အဖွဲ့ဝင် ဦးစောသလေးစော က ပြောပါတယ်။
2017-03-21
မန္တလေးတိုင်း ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်အသင်း MRCCI က ညီနောင်အသင်းအဖွဲ့ ၃၇ ဖဲ့ွ နဲ့ စစ်ကိုင်း၊ မုံရွာ၊ မြင်းခြံ စတဲ့မြို့တွေက ကုန်သည်လုပ်ငန်းရှင်တွေဟာ မြေပိုင်ဆိုင် ခွင့်ရရှိဖို့ နဲ့ ငွေကြေးအရင်းအနှီးရရှိဖို့ ကူညီဆောင်ရွက်ပေးဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကျော်ဝင်း ထံ တင်ပြလိုက်ပါတယ်။
2017-03-21
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးစွဲဖို့ ရန်ပုံငွေ ကျပ်သိန်းပေါင်း ၃ သောင်း ကျော်ရှိပြီး လုပ်ထုံးလုပ်နည်းနဲ့ အညီ တောင်းခံလာရင် စိစစ်ပြီး ထုတ်ပေးသွားမှာဖြစ်တယ် လို့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောကြားလိုက် ပါတယ်။
2017-03-20
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ရန်ကုန်တိုင်းဒေသကြီး ကြည်မြင့်တိုင်မြို့နယ်မှာ နေထိုင်တဲ့ ကိုသက်မျိုးဦးဆိုသူက ကျောက်တံတား မြို့နယ်တရားရုံးမှာ သာသနာညှိးနွမ်းစေမှုနဲ့ ဒီကနေ့ တရားစွဲဆိုလိုက်ပါတယ်။
2017-03-20
မြန်မာ့သစ်လုပ်ငန်းကနေ ကန်ထရိုက် စနစ်နဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို သစ်ထုတ်လုပ်ခွင့်ပေးတဲ့စနစ်ကို လာမယ့် ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာနှစ်ကနေစပြီး ရုပ်သိမ်းမယ်လို့ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
2017-03-20
တရုတ်ပြည်ကနေ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် သယ်ဆောင်လာတဲ့ ခန့်မှန်း ကျပ်သိန်းပေါင်း ၆၀ ကျော်တန်ဖိုးရှိတဲ့ ကြက်ဥ၊ ဘဲဥနဲ့ အေးခဲ ကြက်သားတွေကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အကောက်ခွန်ဦးစီးဋ္ဌာနရုံးမှာ ဒီကနေ့ ဖျက်ဆီးခဲ့ပါတယ်။
2017-03-20
ကချင်ပြည်နယ် အစိုးရသက်တမ်းတစ်နှစ် ကာလအတွင်း စစ်ဘေးဒုက္ခသည်တွေ ကို ငွေကျပ် သိန်းပေါင်း ၅ ထောင်ကျော်ကို ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ဒီနေ့ ပြောကြားပါတယ်။
2017-03-20
ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ ဒီနေ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
2017-03-20
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဝင်းခနိမ်ကျေးရွာအုပ်စုက ရွှေတွေ ထွက်ရှိတယ်ဆိုတဲ့နေရာကို ပိတ်သိမ်းဖို့အတွက် လုံခြုံရေးဆောင်ရွက်နေတဲ့ အစိုးရတပ်မတော်၊ KNU တပ်မဟာ ၃ နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ ညှိနှိုင်း ထားတယ်လို့ သိရပါတယ်။