သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-18
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အသက် (၁၄)နှစ်အရွယ် မိန်းကလေးငယ်ကို လိမ္မော် သီးခိုးစားတယ်လို့ စွပ်စွဲပြီး အလုပ်ရှင် က ရေနွေးပူဖြင့်လောင်းချခဲ့တဲ့အမှုကို မော်လမြိုင်မြို့နယ် တရားသူကြီးက အလုပ်ရှင်ကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ဒီနေ့ အမိန့်ချမှတ်ခဲ့ပါတယ်။
2017-05-18
ရန်ကုန်မြို့မှာ ရေကြီးရေလျှံမှုတွေကာ ကွယ်ဖို့၊ အဆောက်အအုံတွေ ထိန်းသိမ်းဖို့ နဲ့ ဝန်ထမ်းတွေ စွမ်းဆောင်ရည်မြင့်မားဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အမေရိ ကန်ဒေါ်လာ သန်း ၁ဝဝ ကျော်အသုံးပြုဖို့ ကမ္ဘာ့ဘဏ်က ချေးငွေချေးယူမှာဖြစ် ပါတယ်။
2017-05-18
ဒီကနေ့ ပြန်လည်စတင်ကျင်းပ တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။
2017-05-18
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ခေါင်းဆောင် ၂ ဦးကို အရေး ယူပေးဖို့ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၃ ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-05-18
ကချင်ပြည်နယ်မှာ စိုက်ပျိုးရေးလုပ်ငန်း အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဧက ၁၃ သိန်းကျော်ကို လုပ်ကိုင်ခွင့်ပြုခဲ့ရာမှာ ဧက ၁ သိန်းကျော်ကိုသာ အကောင်အထည်ဖော်ထား တာကြောင့် ကျန်တဲ့ ၁ဝ သိန်းကျော်ကို နိုင်ငံတော် က ပြန်လည်သိမ်းယူသွားမှာဖြစ်တယ်လို့ ပြည်နယ်အစိုးရ အဖွဲ့က ပြောပါတယ်။
2017-05-18
နိုင်ငံတော်သမ္မတထံ ပေးပို့ထားတဲ့ ကြိုတင်မမျှော်မှန်းနိုင်တဲ့ သဘာဝဘေး အန္တရာယ်တွေအတွက် ၂ဝ၁၆ ခုနှစ် ၊ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးပါ ဥပဒေပါ သီးသန့်ရန်ပုံငွေ ကျပ် သန်း တစ်သောင်း တစ်ထောင်သုံးရာကျော် ခွဲဝေသုံးစွဲတဲ့ကိစ္စကို ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတွေက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။
2017-05-18
ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖု့ိ့ ကိုယ်စားလှယ် ၉ဝဝ ခန့် ဖိတ်ကြားသွားမှာဖြစ်ပြီး အဲဒီထဲမှာ အပစ် ရပ်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အထူးဖိတ်ကြားခံရသူတွေအဖြစ် ဖိတ်ကြားသွား မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
2017-05-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး ကျန်းမာလာစေဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲွ့ချုပ် အဖွဲ့ဝင်တွေဟာ ဒီကနေ့ ညနေပိုင်းက ရွှေတိဂုံစေတီမှာ ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။
2017-05-18
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလဟာ စတင်ဆဲ ကာလဖြစ်တာကြောင့် ဒီမိုကရေစီ ဖက်ဒ ရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ အခက်အခဲအကျပ်အတည်းကို ကျော်လွှားရဦးမှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေအကြား ဒီမိုကရေစီအလေ့အကျင့်တွေ အားကောင်းစေဖို့ ပူးပေါင်း ကူညီဆောင်ရွက်ကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က တိုက်တွန်း ပြောလိုက်ပါတယ်။
2017-05-18
စတုတ္ထအကြိမ် ပန်းခမ်းညီလာခံက ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင် ၇ ဖွဲ့ဟာ တဖွဲ့ချင်းစီ မဟုတ်ဘဲ ကော်မတီ အဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို တက်ရောက်ဖို့ အသင့်ရှိတဲ့ အကြောင်း ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန် လိုက်ပါတယ်။
2017-05-17
Global Witness က ရိုက်ကူးထား တဲ့ ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များ Jade and the Generals ရုပ်ရှင်မှတ်တမ်းကို ရန်ကုန်မြို့က Park Royal ဟိုတယ်မှာ ပြသဖို့ စီစဉ်ခဲ့ပေ မယ့် ပြသခွင့်မရခဲ့ပါဘူး။
2017-05-17
ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်း ဘုရားမှာထိန်းသိမ်းထားတဲ့ အာနန္ဒစန္ဒြား မင်းကျောက်စာကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်း ဝင်နိုင်ရေးအတွက် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနဲ့ မြောက်ဦးဒေသခံတွေ မြောက်ဦး မြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2017-05-17
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီ ဘွန်ကျောက်စိမ်းလုပ်ကွက်မှာ ဒီကနေ့ မ နက်အစောပိုင်းက ရေမဆေးကျောက်ရှာဖွေ သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပြီး ပစ် ခတ်မှုရှိခဲ့တာကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၄ ဦးသေ ဆုံးပြီး ၁၁ ဦးဒဏ်ရာရခဲ့ပါတယ်။
2017-05-17
The Voice သတင်းစာမှာ"ကျည်ထောင်စု သစ္စာ" သရော်စာ ရေးသားသူ ဗြိတိသျှ ကိုကိုမောင် နဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ကို တပ် မတော်က ၆၆(ဃ) နဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရဲစခန်းမှာ ဒီနေ့ အမှု ဖွင့်လိုက်ပါတယ်။
2017-05-17
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မေလ ၁၄ ရက်နေ့ကနေ ဒီနေ့ ၁၇ ရက်နေ့အထိ ၄ ရက်အတွင်း မြန်မာရွှေ့ပြောင်းအလုပ် သမား ၃၀၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော် မတီက ပြောပါတယ်။