သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-22
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ မြသီတာအထက်တန်းကျောင်းက ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက် နေ့လည် ထမင်းစားကျောင်းဆင်းချိန်မှာ ပျောက်ဆုံးသွားတဲ့ ကျောင်းသား ၄ ယောက်ကို ဒီနေ့ဖားကန့်မြို့မှာ ပြန်တွေ့ပြီလို့ ဟိုပင်မြို့ မြသီတာ အုပ်ချုပ်ရေးမှူးက အတည်ပြုပါတယ်။
2018-06-22
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြိုနယ်မှာ ထားဝယ်တက္ကသိုလ်တည်ဆောက်ဖို့ သိမ်းဆည်းခဲ့တဲ့ ဥယျာဉ်ခြံမြေနဲ့ သီးနှံလျော်ကြေးအတွက် ကျပ်သိန်းတစ်သောင်းနီးပါး ပေးအပ် ခဲ့ပြီး လျော်ကြေးပေးဖို့အတွက် ၄ ဦးသာကျန်ရှိတော့တယ်လို့ ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
2018-06-22
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မရဲစခန်းက အချုပ်သားတွေ ထွက်ပြေးတဲ့အတွက် တာဝန်ကျ ရဲဝန်ထမ်းတွေက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွား ပါတယ်။
2018-06-22
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စုက နေရာ ၃ ခုမှာ ဒီကနေ့ မနက်ပိုင်းက မိုးကြီးပြီး ကမ်းပါးပြို၊ မျှောကြောင်း ပေါက်ကျတာကြောင့် ခန့်မှန်း လူ ၃ ယောက်သေဆုံးပြီး ၃ ယောက်လောက် ပျောက်ဆုံးနေပါတယ်။
2018-06-22
ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနိုင်ပြီး မြန်မာနိုင်ငံမှာ သဘာဝဘေးကြောင့် ထွက်ပြေးရသူတွေ ပိုများလာနိုင်တဲ့အတွက် အစိုးရအနေနဲ့ မြေယာ ဘဏ်ထူထောင်ပြီး နေထိုင်စရာအသစ် ဖန်တီးပေးဖု့ိ စိမ်းလန်းအမိမြေအသင်းက တိုက်တွန်းလိုက်ပါတယ်။
2018-06-22
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံထားရတဲ့ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန FDA ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို မန္တလေးတိုင်း တရားလွှတ်တော်မှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ ၄ ယောက်မြောက်ကို စစ်ဆေးခဲ့ပါတယ်။
2018-06-22
အစား၊ အသောက်နဲ့ ဆေးဝါးကြီးကြပ်မှုကွပ်ကဲရေးဌာန FDA က ဒုတိယဦးစီးမှူး မရွှေရည်ဝင်း ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ အငှားယာဉ်မောင်း မျိုးဇော်ဦး(ခ) ဆီဒိုးနားကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ဒီကနေ့ သေဒဏ်ချမှတ်လိုက်ပါတယ်။
2018-06-21
ရခိုင်ပြည်နယ်မှာ ဖြစ်ပါွးခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအပေါ် အများလက်ခံ ယုံကြည်နိုင်လောက်တဲ့ စိစစ်အရေးယူမှုမျိုးလုပ်ဖို့ လိုအပ်တယ် လို့ မြန်မာနိုင်ငံ ခေါင်းဆောင်တွေကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂင်နာက ပြောခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
2018-06-21
ဇွန်လ ၂၁ရက်နေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ Yoga နေ့မှာ မြန်မာနိုင်ငံက လူ ၃ဝဝ ကျော် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ ပါဝင်ဆင်နွဲကြပါတယ်။ Yoga လေ့ကျင့်မှုတွေဟာ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က စပြီးခေတ်စားလာတာဖြစ်ပြီး အခုတော့ တစ်နိုင်ငံလုံးမှာ လူကြိုက်များလာတယ်လို့ နည်းပြဆရာတစ်ဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောပါတယ်။
2018-06-21
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ကို ဝေဖန်ပုတ်ခတ်လို့ဆိုပြီး နိုင်ငံသား အခွင့်အရေးဆိုင်ရာ ဥပဒေချိုးဖောက်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ) အမှုနှစ်ခုနဲ့ တရားစွဲဆိုခံထားရတဲ့ စစ်တွေမြို့ခံ ဦးအောင်သန်းဝေကို ရဲတပ်ဖွဲ့က ဒီနေ့ညနေက ဖမ်းဆီးလိုက် ပါတယ်။
2018-06-21
ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် ဘန်မယ်ကဆရွာမှာ မနေ့ညက ကွမ်းယာဝယ်တာနဲ့ ပတ်သက်လို့ အချေအတင်ဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားတဲ့အတွက် မြန်မာရွေ့ပြောင်းအလုပ်သမားတဦး သေဆုံးခဲ့ တယ်လို့ ဒီနေ့ထုတ် ထိုင်း Nation သတင်းစာက ရေးပါတယ်။
2018-06-21
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်မှာ မနေ့ညက မြန်မာ ၂ ဦးကို စိတ်ကြွဆေးပြား ၃ဝ ကီလိုဂရမ်နဲ့အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2018-06-21
မြန်မာအပါအဝင် ကမ္ဘာ့ ၈ နိုင်ငံက အမြဲစိမ်းသဘာဝသစ်တောတွေဟာ ၂ဝ၁၄ ကနေ ၂ဝ၁၆- နှစ်နှစ်တာ ကာလအတွင်း တနှစ်ကို သြစတြေလျနိုင်ငံရဲ့ အကျယ်အဝန်းပမာဏနှုန်းအတိုင်း ပျက်စီးပျောက်ဆုံးနေရကြောင်း သိပ္ပံပညာရှင်တွေက ဒီနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
2018-06-21
ပြည်ပက အမုန်းပွားစေတဲ့ သဘောထားအမြင်တွေကြောင့် ရခိုင်ပြည်နယ်က အသိုင်းအဝိုင်းနှစ်ခု အကြား ပိုမိုကွဲပြားစေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော လိုက်ပါတယ်။
2018-06-21
အမေရိကန်အခြေစိုက် Caterpillar ကုမ္ပဏီ၊ ဆွီဒင်အခြေစိုက် Volvo ကုမ္ပဏီ၊ ဂျပန်အခြေစိုက် Komatsu ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက လယ်ယာမြေသိမ်းယူမှုတွေ၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ဆွီဒင်နိုင်ငံအခြေစိုက် Swedwatch အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။