သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-30
မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေး လုပ်ငန်းတွေ စတင်သင့်ပြီဖြစ်ပြီး၊ ဒုက္ခသည်တွေအတွက် လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ အားလုံးအတွက် ဘဝရှေ့ရေး အလားအလာကောင်းတွေ ဖန်တီးပေးရမှာဖြစ်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှနန် က ပြောပါတယ်။
2018-09-30
မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ ဧပြီလကနေ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ၆ လအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၇ သန်းဖိုးရှိခဲ့တယ်လို့ ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
2018-09-30
ငြိမ်းချမ်းရေးရရှိဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ကြိုးပမ်းနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မိမိတို့တစ်သားတည်းရှိကြောင်း ထောက်ခံဆန္ဒပြပွဲကို ထောက်ခံသူ ၃၀ ခန့်ဟာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ညနေက ပြုလုပ်ခဲ့ပါတယ်။
2018-09-30
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ တပ်မတော်အရာရှိတွေ ကျူးလွန်တဲ့ အဂတိလိုက်စားမှုတွေကို ဝင်ရောက်စစ်ဆေးအရေးယူခွင့် မရှိဘူးလို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။
2018-09-30
ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ တပ်မတော်ကို အရေးယူဖို့ ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးထားတဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု (MDCF) က ဗဟိုကော်မတီဝင် ဦးတင်မောင်ကြည်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၂၀ တို့နဲ့ တရားစွဲဆိုလိုက်ပါတယ်။
2018-09-30
ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး မလေးရှား ဝန်ကြီးချုပ် မဟာသီယာက မြန်မာအစိုးရကို ဝေဖတ်ရှုတ်ချလိုက်ပါတယ်။
2018-09-30
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ ပလောင်လက်နက်ကိုင် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA တို့ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေက စိုးရိမ်တာကြောင့် ဒီနေ့နေ့လယ်ပိုင်းမှာ သိန္နီမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
2018-09-30
ရန်ကုန်မြို့ ရွှေဘုံသာလမ်းမှာ ဒေါ်လာဈေးကစားသူတွေထဲက လေးဦးကို အထူးစုံစမ်း စစ်ဆေးရေးဦး စီးဌာန စ သုံးလုံးက ဖမ်းဆီးအမှုဖွင့်ထားပြီး နောက်ထပ်စစ်ဆေးမှုတွေ ဆက်လုပ်နေသေးတယ်လို့ စ သုံးလုံး ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြောပါတယ်။
2018-09-30
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကို ငြိမ်းချမ်းမေတ္တာ ဖောင်ဒေးရှင်းကတဆင့် ရခိုင်ပြည်နယ် အစိုးရကို ဒီနေ့ မနက်ပိုင်းက လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
2018-09-30
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အောက်တိုဘာလအတွင်း ဒေသ တွင်းဆိုင်ရာ ညီလာခံတစ်ခုကို တက်ရောက်ဖို့ ဂျပန်နိုင်ငံကိုသွားရောက်မယ်လို့ သိရပါတယ်။
2018-09-29
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးခဲ့ရတဲ့ မွတ်စလင် ဒုက္ခသည်တွေအနက် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုခံစားခဲ့ရတဲ့ အမျိုးသမီးတွေကို ကူညီရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ကုလသမဂ္ဂ အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် တစ်ခုကို သောကြာနေ့က လက်မှတ် ထိုးလိုက်ပါတယ်။
2018-09-29
ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိခဲ့မယ်ဆိုရင် တာဝန်ခံမှုရှိစေဖို့အတွက် မြန်မာအစိုးရအနေနဲ့ အပြည့်အဝ ကတိပြုကြောင်းနဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တစ်ခု ဖွဲ့စည်းဆောင်ရွက်နေကြောင်း သောကြာနေ့ က ပြောကြားလိုက်ပါတယ်။
2018-09-29
တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA က ဒီကနေ့ မနက် ၆ နာရီလောက်ကစပြီး ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မန်ပြိန်းရွာလယ်နဲ့ မူဆယ်မြို့အထွက် နမ့်အွမ်ကျေးရွာတွေမှာ ငွေကောက်ခံနေတယ်လို့ သိရပါတယ်။
2018-09-29
ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ နဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ကို ဒီနေ့ စတင်ဖွဲ့စည်းလိုက်ကြောင်း ကြေညာ လိုက်ပါတယ်။
2018-09-29
မန္တလေးတိုင်းမှာ ရက်ပေါင်း ၉၀ ကြာ စီမံကိန်းတစ်ခုအနေနဲ့ တိုင်းအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ သိန်းငှက်စစ်ဆင်ရေးကာလအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၁၅၀ ကျော် ဖမ်းဆီးနိုင်ခဲ့ပြီး အမျိုးသား ၂၀၀ ကျော်နဲ့ အမျိုးသမီး ၃၀ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။