သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-31
ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး အူးလက်တိုနေစ် (Ulla Tornaes) ဦးဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကူညီရေးအတွက် WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် အကြီးအကဲနဲ့အတူ ဒီရက်ပိုင်းအတွင်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။
2018-10-31
ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး Cardinal Charles Maung Bo ကာဒီနယ်လ် ချားလ် မောင်ဘိုက မြန်မာနိုင်ငံကို ဥရောပနိုင်ငံများအဖွဲ့က ကုန်သွယ်ရေးအရ ပိတ်ဆို့အရေးယူမယ် ဆိုရင် ဆင်းရဲသားအလုပ်သမားတွေပဲ ဒုက္ခရောက်မှာဖြစ်လို့ ဆန့်ကျင်ကန့်ကွက်ကြောင်း မနေ့က မိန့်ကြားလိုက်ပါတယ်။
2018-10-31
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်မှာ လုံခြုံစိတ်ချစွာ ပြန်ပြီး နေရာချထားပေးနိုင်မယ်လို့ ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရထံက မျှော်လင့်နေတာဟာ လက်တွေ့မကျဘူးလို့ မွတ်စလင်ရေးရာဌာန ညွန်ကြားရေးမှူးက ပြောဆိုကြောင်း အီရန်က သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
2018-10-31
မန္တလေးတိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး တစ်ဦးနဲ့ ဌာနခွဲစာရေးတစ်ဦးကို ငွေကျပ် ၁ဝ သန်းကျော် အလွဲသုံးစားမှုအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူဖို့ စီစဉ်နေပါတယ်။
2018-10-31
ဖုယွင်အထည်ချုပ်စက်ရုံက သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ လာမယ့် နိုဝင်ဘာလ ၆ ရက်နေ့မှာ အလုပ်ပြန်ဆင်းဖို့အတွက် သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။
2018-10-31
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ Great Well ဖိနပ်စက်ရုံ ဆန္ဒပြအလုပ်သမားတွေ အရေး အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ဒီနေ့ ချိန်းဆိုထားရာမှာ အလုပ်ရှင်ဘက်က ပျက်ကွက်ခဲ့ပါတယ်။
2018-10-31
ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ လုံခြုံရေးအတွက် မြန်မာငွေကျပ် သန်းပေါင်း ၁၂၀၀ လောက် အသုံးပြုပြီး စောင့်ကြည့်ကင်မရာတွေကို နေရာအနှံ့မှာ တပ်ဆင်သွားမယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ပြောပါတယ်။
2018-10-31
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့က သိမ်းဆည်းမြေဧက ၄၈၀၀ နီးပါးကို တိုင်းဒေသကြီး အစိုးရအဖွဲ့က တောင်သူတွေထံကို ဒီကနေ့ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ပြောပါတယ်။
2018-10-31
မြောက်ပိုင်းဒေသမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကို လက်တွေ့ကျကျ လျှော့ချနိုင်ရေး၊ KIA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့လုံးနဲ့ တွေ့ဆုံနိုင်ဖို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ TNLA၊ AA နဲ့ MNDAA အဖွဲ့တို့ သဘောတူညီချက် ရခဲ့ပါတယ်။
2018-10-31
ရခိုင်ပြည်နယ်က ရိုဟင်ဂျာကျေးရွာတွေမှာ မွတ်စလင်တွေအပေါ် စစ်တပ်က အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေကို လက်စဖျောက်တဲ့အနေနဲ့ မြန်မာအစိုးရက ဖျက်ဆီးနေ တယ်လို့ ဗြိတိန်နိုင်ငံထုတ် ဂါဒီးယန်းသတင်းစာက ဖော်ပြလိုက်ပါတယ်။
2018-10-30
ရခိုင်ပြည်နယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း ၂၇ ခုရှိပြီး စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
2018-10-30
ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးအထူးအခွင့်အရေး GSP မရုပ်သိမ်းဖို့ ကုန်သည်လုပ်ငန်းရှင်တွေက အီးယူကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့ထံ တောင်းဆို လိုက်ပါတယ်။
2018-10-30
တရုတ်နိုင်ငံသားပိုင် ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားအရေးမှာ အလုပ်ထုတ်ခံထားရသူတွေ အားလုံးကို အလုပ်ပြန်ခန့်ဖို့ အလုပ်ရှင်ဘက်က ဒီနေ့ သဘောတူလိုက်ပါတယ်။
2018-10-30
မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်တွေကို လူသတ်တရားခံဆိုတဲ့ ဗီနိုင်းစကိုင်ဆောင်ပြီး ကုလသမဂ္ဂနဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အမြန်ဆုံး လာရောက်ဖမ်းဆီးပေးဖို့ MDCF အဖွဲ့ဝင် ၁၀ ဦးက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2018-10-30
ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာကျင်းပမယ့် UPDJC ရဲ့ နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲကို NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ကို ဖိတ်ကြားထားပေမယ့် အားလုံးတက်ရောက်မှာမဟုတ်ဘူးလို့ သိရပါတယ်။