သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-28
မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ကုလသမဂ္ဂ အရာရှိ တစ်ဦးက သောကြာနေ့က ပြောပါတယ်။
2018-04-28
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မေလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပမယ့် ရခိုင်လူငယ်ညီလာခံကို လုံခြုံရေးပြဿနာတွေရှိနေတာကြောင့် ကမန်နဲ့ မာရမာကြီး တိုင်းရင်းသားတွေကို ကိုယ်တိုင်တက်ရောက်ခြင်း မပြုတာဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေးအဖွဲ့က အကြောင်းကြားလိုက်ပါတယ်။
2018-04-28
မီးလောင်ကျွမ်းတာ တစ်ပတ်ကျော်ကြာနေပြီဖြစ်တဲ့ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မနေ့က Bio Foam ဓာတုဆေးရည်နဲ့ မီးငြိမ်းသတ်ခဲ့ရာ မီးလောင်မှုကို ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-04-28
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နဲ့ မအူပင်ခရိုင်တွေမှာ ဒီလလယ်လောက်ကစပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် လူနေအိမ်ခြေ ၅ ထောင်ကျော်လောက် အမိုးလန်ပျက်စီးသွား ခဲ့တယ်လို့ တိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ပြောပါတယ်။
2018-04-28
ဒီနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လစ်လပ်မဲဆန္ဒနယ်မြေတွေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေကို မဲပေးခွင့်ရှိသူစာရင်းပြုစုဖို့ ညွှန်ကြားထားပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ၆ လကြိုတင်ပြီး ကြေညာသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-04-28
KIA ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်ရင်း ၄ တပ်စွဲထားတဲ့ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် တဝိုက်မှာ တပ်မတော်နဲ့ KIA တို့ ဒီနေ့အထိ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာကြောင့် မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးလာကြရတဲ့ ဒုက္ခသည်တွေ တိုးလာနေပါတယ်။
2018-04-27
ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်အကြား တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ KIA ပြောခွင့်ရသူတစ်ဦးက ရိုက်တာသတင်းဌာနကို သောကြာနေ့မှာ ပြောကြားပါတယ်။
2018-04-27
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေရဲ့ အခြေအနေလေ့လာဖို့ မနက်ဖြန် စနေနေ့မှာခရီးစဉ်စတင်မယ်လို့ သိရပါတယ်။
2018-04-27
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်း ပြည်သူတွေထောင်နဲ့ချီပြီး အိုးအိမ်တွေ စွန့်ခွာထွက်ပြေးစေရအောင် ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေအပေါ် လွန်စွာစိုးရိမ်မကင်းဖြစ် မိကြောင်း၊ ရန်ကုန်မြို့ အမေရိကန်သံရုံးက ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
2018-04-27
ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်ပေမယ့် သြစတြေးလျအနေနဲ့ မြန်မာစစ်တပ်ကို သတ်မှတ်ချက်အတိုင်းအတာတခုအထိ သင်တန်းအကူအညီတွေ ဆက်လက်ပေးအပ်ကူညီသွားမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ပြောကြားလိုက်ပါတယ်။
2018-04-27
လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် နေပြည်တော်ကောင်စီနယ်မြေမှာ လယ်ယာမြေလျော်ကြေးငွေတွေ ပေးအပ်ဖို့ ငွေကျပ် သန်းငါးရာကို ပြည်ထောင်စုအစိုးရထံကို တင်ပြတောင်းခံသွားမှာဖြစ်ပါတယ်။
2018-04-27
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်တဝိုက်က KIA အဖွဲ့ တပ်ရင်း ၄ တပ်စွဲထားတဲ့ဒေသမှာ တပ်မတော်နဲ့ KIA တို့ ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အနီးနားဒေသ ရွာပေါင်း ၂၀ နီးပါးက ဒေသခံ တစ်ထောင်နီးပါးဟာ မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးလာကြပါတယ်။
2018-04-27
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ကယားပြည်နယ် လွိုင်ကော်မြို့ မှာ နှစ်ရက်ကြာဆွေးနွေးပွဲ ဒီနေ့ ပြီးဆုံးခဲ့ပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ KNPP က လက်မှတ်ထိုးဖို့ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပဲဖြစ်နေပါတယ်။
2018-04-27
အသက် ၁၈ နှစ် မပြည့်သေးသူတွေကို စစ်သားအဖြစ် စုဆောင်းခဲ့တဲ့အတွက် ဒီနေ့အထိ အရေးယူထားတဲ့ အရာရှိ ၁၈ ဦးနဲ့ အခြားအဆင့် ၂၉ ဦး၊ စုစုပေါင်း ၄၇ ဦးကို စစ်စည်းကမ်းအရ အရေးယူထားတယ်လို့ မနေ့က ကြေးမုံသတင်းစာမှာ နိုင်ငံတော်အစိုးရက ထုတ်ပြန်တဲ့ ပြည်သူ့ အတွက် ဒုတိယ ၁ နှစ်တာ ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။
2018-04-26
ဥရောပနိုင်ငံများအဖွဲ့ EU က မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုပိတ်ပင်တဲ့ ပြဌာန်းချက်ကို ကြာသပတေးနေ့မှာ နောက်ထပ်တစ်နှစ် သက်တမ်းတိုးလိုက်ပါတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော် အရာရှိတွေနဲ့ နယ်ခြားစောင့်တပ် အရာရှိတွေကို တစ်ဦးချင်းပိတ်ဆို့တားမြစ်မှုတွေ ချမှတ်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။