သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-20
ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ နှစ်ဦးကို လုံခြုံရေးစာရွက်စာတမ်းတွေ ပေးပြီး ဖမ်းဆီးဖို့ ရဲမှူးချုပ် တင်ကိုကိုက အမိန့်ပေးတာဖြစ်ကြောင်း ဒုရဲမှူး မိုးရန်နိုင်က တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။
2018-04-19
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်း သွားရောက်ကြည့်ရှုခဲ့တဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒုက္ခသည်တွေရဲ့အခြေအနေတွေဟာ အလွန်အမင်း ဆိုးဝါးနေကြောင်းနဲ့ မိုးရာသီ ကျရောက်တော့မှာဖြစ်တဲ့အတွက် သူတို့ကို အမြန်ဆုံးပြန်လည် ခေါ်ယူရေးဟာ မိမိတု့ိရဲ့ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း မနေ့က ပြောကြားပါတယ်။
2018-04-19
နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC (National Verification Card) ကိုင်ဆောင်ထားသူ အားလုံး တစ်နိုင်ငံလုံးမှာ လွတ်လပ်စွာသွားလာခွင့် ရနေပြီဖြစ်ကြောင်း အဲဒီအတွက် လူဝင်မှုကြီး ကြပ်ရေး ပုံစံ ၄ ကို ဖြည့်ရမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးက ပြောပါတယ်။
2018-04-19
ဧပြီလ ၁၉ ရက်နေ့ညပိုင်း ၉ နာရီ ၂ဝ ခန့်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ဗုံးတစ်လုံး ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ မျက်မြင်သက်သေတွေကပြောပါတယ်။
2018-04-19
မြန်မာနိုင်ငံနဲ့ နယ်စပ် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်နားမှာ ARSA- ရခိုင်- ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတယောက်က BenarNews သတင်းဌာနကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
2018-04-19
ကချင်ပြည်နယ်မှာ တိုင်းရင်းသားနှစ်ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေ အနေနဲ့ မြန်မြန်ဆန်ဆန် စုံစမ်းအရေးယူဖို့ ဒီအမှုနဲ့ ပတ်သက်ပြီး တရားမျှတအောင် ဆောင်ရွက် ဖို့ တောင်းဆိုခဲ့တဲ့၊ အသတ်ခံရသူတဦးရဲ့ မိသားစုဝင်တဦးအပေါ် စစ်တပ်က တရားစွဲဆိုထားတာကို လည်း ပြန်ရုပ်သိမ်းဖို့ Forify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2018-04-19
ကချင်ပြည်နယ် တနိုင်း-ဟူးကောင်းဒေသမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရသူတွေ မူလရပ်ရွာတွေမှာ ပြန်လည်နေထိုင်လို့ရပြီဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောပါတယ်။
2018-04-19
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်နဲ့ ကလောမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၃ ရွာက အိမ်ခြေ ၃ဝဝ လောက်မှာ ရေရှားပါးပြတ်လပ်သွားတာကြောင့် အရပ်ဘက် လူမှုအထောက်အကူပြု အဖွဲ့အစည်းတွေက သောက်ရေသုံးရေးအတွက် အကူညီပေးနေရပါတယ်။
2018-04-19
ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှာ လေလံလိုင်စင်အောင်ပြီး ငွေကောက်နေတဲ့ မြို့ဝင်ဘီးခွန်ဂိတ် ၁၉ ခုကို ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့စပြီး ဘီးခွန် မကောက်ခံဖို့ ညွှန်ကြားလိုက်ပါတယ်။
2018-04-19
ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ထိုင်းကျောင်းသူတစ်ယောက်ကို သတ်တယ်ဆိုပြီး တရားစွဲဖမ်းခံထား ရတဲ့ မြန်မာအလုပ်သမား ၄ ယောက်ကို ရနောင်းမြို့တရားရုံးက ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်လိုက်ပါတယ်။
2018-04-19
နိုင်ငံသားစိစစ်မှ သက်သေခံကတ်ပြား NVC (National Verification Card) ကိုင်ဆောင်ထားသူ အားလုံး တစ်နိုင်ငံလုံးမှာ လွတ်လပ်စွာသွားလာခွင့် ရနေပြီဖြစ်ကြောင်း အဲဒီအတွက် လူဝင်မှု ကြီးကြပ်ရေး ပုံစံ ၄ ကို ဖြည့်ရမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးက ပြောပါတယ်။
2018-04-18
ကုလသမဂ္ဂ ထိပ်တန်းအရာရှိတဦးက နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေအတွက်သာ အာရုံစိုက်မနေကြဘဲ ရခိုင်ပြည်နယ်မှာ လက်ရှိနေထိုင်လျှက်ရှိတဲ့ ကျန် ရိုဟင်ဂျာ မွတ်စလင် ၄ သိန်းခန့်ရဲ့ ဒုက္ခဆင်းရဲတွေကိုလည်း မမေ့ကြပါနဲ့လို့ မနေ့က ပြောကြား လိုက်ပါတယ်။
2018-04-18
နိုင်ငံတကာ ယဉ်ကျေးမှုနဲ့ လူ့အခွင့်အရေးအဖွဲ့ Pen ရဲ့ မြန်မာပြည်ဆိုင်ရာဌာနခွဲက ဧပြီလ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက်တစောင် မနေ့က ထုတ်ပြန်ပြီး နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ကြိုဆိုလိုက်ပါတယ်။
2018-04-18
အမေရိကန်ဒေါ်လာ ၄၈၄ သန်းကုန်ကျမယ့် ကုလားတန်ဘက်စုံစီမံချက်ရဲ့ တစိတ်တပိုင်းအနေ နဲ့ မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Zorinpui နဲ့ ချင်းပြည်နယ် ပလက်ဝကို ဆက်သွယ်မယ့် ၁၀၉ ကီလိုမီတာရှိတဲ့လမ်းကို အိန္ဒိယက စတင်ဖောက်လုပ်နိုင်သွားပါပြီ။
2018-04-18
ရခိုင်ပြည်နယ် ရသေ့တောင်မြို့မရဲစခန်းက ခေတ္တစခန်းမှူး ရဲအုပ် သိန်းရွှေဟာ မနေ့က ရသေ့တောင်မြို့နယ်မှာ ရှိတဲ့ ကျောက်တန်းကျေးရွာကို မူးယစ်ဆေးဝါးဖမ်းဖို့သွားရာမှာ သေနတ်နဲ့ပစ်ခံရတဲ့အတွက် သေဆုံးသွားပါတယ်။