သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-31
ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ပြန်လည် လက်ခံရေးအတွက် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် UNDP တို့ ပူးပေါင်းလုပ်ဆောင်ဖို့ ကနဦး နားလည်မှုစာချွန်လွှာ တစ်စောင်ကို မနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။
2018-05-31
ရခိုင်ပြည်နယ်မှာ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှု နောက်ပိုင်းဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုများနဲ့ ဆက်နွယ်တဲ့ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတရုံးက မနေ့က ကြေညာလိုက်ပါတယ်။
2018-05-31
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ဆန်တန်ချိန် တစ်သိန်းမှ ၂ သိန်းအထိ ရှေ့လာမယ့် ဇူလိုင်လမှာ ဝယ်ယူဖို့ အစီအစဉ်ရှိတယ်လို့ မြန်မာဆန်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောပါတယ်။ ဒီကိစ္စအတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အစိုးရချင်း သဘောတူထားတာဖြစ်ပါတယ်။
2018-05-31
ဥရောပကော်မရှင်အနေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေရဲ့ အရေးပေါ် အသက်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှု လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၄၈ သန်းနီးပါးနဲ့တူညီတဲ့ ယူရိုငွေ သန်း ၄ဝ ကူညီမယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
2018-05-31
စစ်ပွဲတွေရပ်တန့်ဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့အတွက် တရားစွဲခံထားရတဲ့အမှုတွေကို ရုပ်သိမ်းပေး ဖို့ဆိုပြီး ဒီကနေ့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဆန္ဒပြတောင်းဆိုရာမှာ ဆန္ဒပြသူတွေထဲက ၈ ဦးကို ပြည်မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2018-05-31
မြန်မာနိုင်ငံဟာ ရခိုင်အရေးကိစ္စကြောင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေးနွေးထွေးမှု လျော့နည်းခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။
2018-05-31
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတဲ့ အမှု ၂၉ ကြိမ်မြောက် ရုံးချိန်းကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ဒီနေ့ စစ်ဆေးခဲ့ပါတယ်။
2018-05-31
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့မှာ လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် လက်ရှိအချိန် အထိ ပျက်စီးသွားတဲ့ လူနေအိမ်အသေး အလုံးပေါင်း ၈ဝဝ ကျော်ရှိသွားပြီဖြစ်တယ်လို့ ရွှေပြည် သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
2018-05-31
ဒေါက်တာအေးမောင်ကို တရားစွဲဆိုထားတဲ့ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မသုံးခုကို ပယ်ဖျက်ပေးဖို့ လျှောက်ထားချက်ကို ရခိုင်ပြည်နယ် တရားလွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။
2018-05-31
လစ်လပ်နေတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာအတွက် ဦးစိုးဝင်းကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ခန့်အပ်လိုက်လိုက်ပါတယ်။
2018-05-30
လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေတဲ့မြန်မာစစ်တပ်ကို သင်တန်းတွေပေးနေတာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာန အဆင့်မြင့်ကိုယ်စားလှယ် Federica Mogherini ကိုဖြစ်စေ၊ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Kristian Schmidt ကိုဖြစ်စေ စာရေးသားတောင်းဆိုကြဖို့ Burma Campaign UK အဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2018-05-30
တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုတွေက မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှာရှိတဲ့ စာသင်သားသုံးထောင်နီးပါးကို မေလ ၃ဝ ရက်နေ့က လှူဖွယ်ပစ္စည်းတွေနဲ့ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
2018-05-30
တောင်ကိုရီးယားအခြေစိုက် အဝတ်အထည်ထုတ်လုပ်တဲ့ ဟန်ဆေးကုမ္ပဏီက မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံ နောက်တခု ထပ်မံတည်ဆောက်မယ်လို့ Yonhap သတင်းက ဖေါ်ပြပါတယ်။
2018-05-30
အီတလီနိုင်ငံအခြေစိုက် Link for Aid ဆိုတဲ့ ပရဟိတအဖွဲ့က ဓါတ်ပုံဆရာမ ဖရန်ချက်စကာ မိုစကယ်နီ (Francesca Moscheni) ဟာ ဆမ်ဆောင်းအပါအဝင် နောက်ထပ် စီးပွားရေးလုပ်ငန်းစု ၄ ခုနဲ့အတူ “တိတ်ဆိတ်နေတဲ့ ရန်ကုန်” ဆိုတဲ့ ဓါတ်ပုံစာအုပ်တအုပ်ကို မြန်မာနိုင်ငံမှာ ထုတ်ဝေမယ်လို့ သိရပါတယ်။
2018-05-30
မြန်မာကို အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး ICC တင် အမှုဖွင့်နိုင်ရေးအတွက် ရိုဟင်ဂျာမွတ်စလင် ၄ဝဝ ခန့်ကို ကိုယ်စားပြုတဲ့ ဘင်္ဂလားဒေ့ရှ် ရှေ့နေတွေက ကြိုးပမ်းနေပါတယ်။