သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-30
ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ လက်ခံရေးစခန်းတွေ နယ်စပ်မှာ ဖွင့်ထားပေမယ့် ပြန်လာသူမရှိဖြစ်နေတယ်လို့ ဇွန်လ ၃ဝ ရက်နေ့ထုတ် AFP သတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။
2018-06-30
မြန်မာအစိုးရအနေနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖေါ် လိုကြောင်း ပြည်ထောင်စုဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
2018-06-30
အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးတချို့ တက်ရောက်ခဲ့ ပါတယ်။
2018-06-30
မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာ ဖမ်းဆီးရမိသူ ၄ ဦးကို ရန်ကုန်နဲ့ ထားဝယ်က တရားရုံးတွေမှာ မနေ့က မူးယစ်ပုဒ်မ ၂ဝ(ခ) /၂၂(က) နဲ့ တရားစွဲဆိုလိုက်ပါတယ်။
2018-06-30
ရန်ကုန်တိုင်းအတွင်း လူမှုကူညီရေးအဖွဲ့တွေ အသုံးပြုနေတဲ့ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးမခံ ရအောင် ထောက်ခံချက်တွေ ထုတ်ပေးဖို့အတွက် ပရဟိတအဖွဲ့ ၁ဝဝ ကျော်က တိုင်းအစိုးရအဖွဲ့ထံ အသနားခံစာတင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2018-06-30
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ညွှန်းကို ဇူလိုင်လကုန်မှာ အပြီးသတ်ရေးသားမယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဒီနေ့ ပြောပါတယ်။
2018-06-30
လယ်မြေသိမ်းဆည်းခံရမှုတွေကို ဖြေရှင်းပေးဖို့ လမ်းလျှောက်တောင်းဆိုပွဲကို လယ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ တောင်သူ စုစုပေါင်း ၁ဝဝ နီးပါးက ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ စတင်လိုက်ပါတယ်။
2018-06-30
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ထမ့်လုံခွန်နမ့် လိုဏ်ဂူအတွင်း ပိတ်မိနေတဲ့ လူငယ် ၁၃ ယောက်ကို မြန်မာဘက်အခြမ်းက လိုဏ်ဂူတွေမှာ တာချီလိတ်ခရိုင်ရဲတပ်ဖဲ့ွ၊ ကြက်ခြေနီနဲ့ မီးသတ်အင်အား ၅ဝ လောက်က ရှာဖွေနေတာ ဒီနေ့ဆိုရင် ၃ ရက်ရှိနေပြီဖြစ်ပေမယ့် ထူးခြားမှုတစ်စုံတစ်ရာ မတေ့ွရသေးဘူးလို့ ရှာဖွေရေးလုပ်ငန်းမှာ ပါဝင်သူတွေက ပြောပါတယ်။
2018-06-29
ဇွန်လ ၂၈ ရက်၊ ညနေပိုင်းက ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ယာအနီးက ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနယ်စပ်ဒေသမှာ သေနတ်နဲ့ အပစ်ခံရတာကြောင့် ၁ဝ နှစ်ရွယ် မွတ်စလင် ကလေးငယ်တစ်ဦး ဆေးရုံတက်ရောက် ကုသနေရပါတယ်။ နယ်စပ်ခြံစည်းရိုးကို လာရောက် ဖျက်ဆီးတာကြောင့် မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ခြောက်လှန့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
2018-06-29
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေ ပြန်လာရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား မကြာခင်က လျှို့ဝှက်သဘောတူညီချက်တစ်ခု ရေးထိုးခဲ့ရာမှာ အဲဒီသူတွေပြန်လာတဲ့အခါ ရခိုင်ပြည်နယ်ရှိ တခြားတိုင်းရင်းသားအားလုံးနည်းတူ လွတ်လပ်ခွင့်တွေ ရရှိမှာဖြစ်ပေမယ့် နိုင်ငံသားဖြစ်ခွင့်နဲ့ ရခိုင်ပြည် နယ်နမိတ်ကို ကျော်လွန်ပြီး တခြားတိုင်းနဲ့ပြည်နယ်တွေကို သွားလာခွင့်အတွက် ကတိပြုခြင်းတော့ မပါဝင်ဘူးလို့ နောက်ဆုံးရ ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။
2018-06-29
ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ မြန်မာနိုင်ငံက မွတ်စလင်ဒုက္ခသည်တွေ နေထိုင် စားသောက်ရေးအတွက် လူသားချင်း စာနာကူညီမှုဆိုင်ရာ အကူအညီတွေပေးဖို့ တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်အစိုးရကို ကမ်းလှမ်းမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
2018-06-29
အိန္ဒိယကွန်မန်ဒိုအဖွဲ့က ဝင်ရောက်တိုက်ခိုက်တဲ့အတွက် နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီတပ် NSCN-K အဖွဲ့ဝင်တချို့ အကျအဆုံးရှိခဲ့တယ်လို့ အိန္ဒိယစစ်တပ်အရာရှိတယောက်က ပြောကြားလိုက်ပါတယ်။
2018-06-29
မြန်မာ့တပ်မတော်ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်လိုက်တဲ့ ဗိုလ်ချုပ်မောင်မောင်စိုးနဲ့၊ နှုတ်ထွက်သွားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောတို့ကို ရိုဟင်ဂျာတွေ နှိပ်ကွပ်ခံရမှုနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တရားဥပဒေအရ အရေးယူသင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောလိုက်ပါတယ်။
2018-06-29
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်ဟာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌနဲ့အတူ လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို သွားရောက် လေ့လာမယ်လို့ သိရပါတယ်။
2018-06-29
ရခိုင်ပြည်နယ်မှာ အဖက်ဖက်က အခြေအနေ မကောင်းသေးဘူးလို့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ပီတာမော်ရာ (Peter Maurer) က ပြောလိုက်ပါတယ်။