သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-22
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားဇုံမှာ ရောက်ရှိနေတဲ ရိုဟင်ဂျာမွတ်စလင် ၃၁ ဦးကို အိန္ဒိယရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။
2019-01-22
ရခိုင်ပြည်နယ်အတွက် ဆန်တန်ချိန် ၂၅၀ ကို တောင်ကိုးရီးယားနိုင်ငံက ဒီနေ့လှူဒါန်းလိုက်ပါတယ်။
2019-01-22
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ ပြည်နယ်လွှတ်တော်က ဆောင်ရွက်ထားတဲ့အခြေအနေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာက ဒီနေ့ ပြည်နယ်လွှတ်တော် အကြီးအကဲတွေကို တေ့ွဆုံပြီး မေးမြန်းခဲ့ပါတယ်။
2019-01-22
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့က ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒီနေ့ နေ့လယ်ပိုင်းမှာ တေ့ွဆုံခဲ့ပါတယ်။
2019-01-22
ကချင်ပြည်နယ်က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကို တာဝန်ကရပ်စဲပြီး စိုက်မွေးဝန်ကြီးနဲ့ လူမှုရေးဝန်ကြီးတို့ကို ရာထူးကနေ နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံး က မနေ့ညက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2019-01-22
တရုတ်နိုင်ငံ ယူနန်ပြည်နယ် မုံရှိန်မြို့နားက ကြံစိုက်ခင်းတစ်ခုမှာ ၄ ရက်ကြာအောင် အစာရေစာ ဖြတ်တောက်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၄၅ ယောက်ဟာ ရှမ်းပြည်နယ် ပန်ဆိုင်းမြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။
2019-01-22
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးဖယ်ရှားပေးဖို့ စာတမ်းပါ စတစ်ကာတွေကို မန္တလေးမြို့က လူစည်ကားရာ နေရာအချို့မှာ Freedom Fighters အဖွဲ့က မနေ့က လိုက်လံကပ်ခဲ့ပါတယ်။
2019-01-21
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ထုတ်ဝေနိုင်ဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ဒီနေ့ ပြောပါတယ်။
2019-01-21
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မြိုတိုင်းရင်းသား ဦးထွန်းနု ကို ပြီးခဲ့တဲ့နှစ်ရက်လောက်က အမည်မသိ လက်နက်ကိုင်တစ်ဖွ့ဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မြိုတိုင်းရင်းသားတွေက ပြောပါတယ်။
2019-01-21
အသက် ၁၈ နှစ်ပြည့်ပြီးသူကိုသာ လက်ထပ်ထိမ်းမြားတဲ့စာချုပ် ချုပ်ဆိုနိုင်ခွင့်ပြုဖို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဒီကနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2019-01-21
ယူနန်ပြည်နယ် ပေါက်ချန်းခရိုင် မုံရှိန်မြို့ကနေ ငါးနာရီကျော်ကြာသွားရတဲ့ တောင်ကုန်းပေါ်က ကြံစိုက်ခင်းတစ်ခုမှာ မြန်မာအလုပ်သမား ၄၅ ယောက်ဟာ အစာရေစာ ပြတ်လတ်ပြီး ဒုက္ခရောက်နေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2019-01-21
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦးကို ရာထူးကနေ နုတ်ထွက်ခိုင်းတာဟာ အုပ်ချုပ်ရေးအဖွဲ့ အထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်ဖြစ်တယ်လို့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ဒီနေ့ ပြောလိုက်ပါတယ်။
2019-01-21
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင် စစ်တိုင်းဒေသ ၅ ခုမှာ တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲ ထားမယ့်အကြောင်း ကြေညာပြီးနောက် ကရင်နီပြည်နယ်အတွင်း စစ်တပ်စခန်း ၄ ခု တိုးချဲ့တည်ဆောက်နေတာကြောင့် သံသယတွေ ဖြစ်ပေါ်စေကြောင်း ထိုင်းနိုင်ငံအခြေစိုက် Karenni Civil Society Network (KCSN) က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2019-01-21
မကွေးတိုင်းဒေသကြီး သရက် - မင်းတုန်းကားလမ်းနဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းမိုင်တိုင် ၁၃၄ တို့မှာ ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာလာတဲ့ မွတ်စလင် ဒုက္ခသည် ၃၀ လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။
2019-01-21
ဘင်္ဂလားပင်လယ်အော် မြန်မာ့ရေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စက်လှေ ၃ စီးနဲ့ လူ ၁၂ ယောက်ကို မနေ့ညက ရေတပ်က ဖမ်းဆီးမိခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို အတည်ပြုပြောပါတယ်။