သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-08
မြန်မာနိုင်ငံမှာ ပညာရေးသင်ထောက်ကူပြု ဖုန်း Application တစ်ခုဖြစ်တဲ့ ဓာတ်သင်ပုန်းကို တီထွင်တဲ့ 360ed ကုမ္ပဏီက မလှလှဝင်းကို အမေရိကန်နိုင်ငံ The Schwab Foundation for Social Entrepreneurship က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်မှာ လူမှုစွန့်ဦးတီထွင်ဆု ချီးမြင့်ခဲ့ပါတယ်။
2019-10-07
ဗစ်တိုးရီးယားအမှုမှာ Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူးက စွပ်စွဲခံရသူ ကိုအောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို နိုင်လွတ်လုံ ဥပဒေ နဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဒေါ်စုဒါလီအောင်က ကျောင်းကြီးကြပ်ရေးမှူးကို အဲဒီဥပဒေနဲ့ပဲ ရဲစခန်းမှာ ပြန်အမှုဖွင့်မယ်လို့ သိရပါတယ်။
2019-10-07
ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ သုံးရက်ကြာ အစည်းအဝေးမှာ ပါတီတည်ဆောက်ရေးနဲ့ ပါတီစည်းရုံးရေး၊ ရခိုင်ပြည်နယ်ထဲ တိုက်ပွဲတွေဖြစ်ပွားနေတာတွေ လျှော့ချနိုင်ရေး၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်အစီစဉ်တွေကို စစ်တွေမြို့မှာ ဆွေးနွေးနေကြပါတယ်။
2019-10-06
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးခံနေရသူတွေထဲက ၃၈ ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအပါအဝင် ပုဒ်မအသီးသီးနဲ့ တရားစွဲတင်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
2019-10-06
DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်က တပ်ရင်းမှူးအဆင့်ရှိတဲ့ ဒု-ဗိုလ်မှူးကြီး စောဝေ့ထူးဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ချောင်းတောင်ရပ်ကွက်မှာ မနေ့ည ၇ နာရီဝန်းကျင်လောက်က သေနတ်နဲ့လုပ်ကြံခံရလို့ သေဆုံးသွားပါတယ်။
2019-10-06
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့က ပျောက်ဆုံးနေတဲ့ ဒေသခံ ၁၀ ယောက်နဲ့ပတ်သက်လို့ အခုချိန်ထိ သတင်းအစအန မရဘူးလို့ ချင်းလူ့အခွင့် အရေးအဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။
2019-10-06
ချင်းပြည်နယ်မှာ ဗိုလ်ချုပ်ရုပ်တုနဲ့အတူ ချင်းတိုင်းရင်းသားခေါင်းဆောင် သုံးယောက်ရဲ့ ရုပ်တုတွေကိုပါ စိုက်ထူသွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
2019-10-05
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာနဲ့ ဖုန်ညိုလိပ်ကျေးရွာအနီး ဆိုင်းတင်ချောင်း တံတားနားက တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းကင်းစခန်းကို ဒီကနေ့ မနက်အစောပိုင်းမှာ ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
2019-10-05
မနေ့ညက စစ်တွေမြို့မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦးကို လူနှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
2019-10-05
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဆရာတော်နှစ်ပါး ကို စစ်တွေခရိုင်တရားရုံးက သက်သေမခိုင်လုံလို့ မနေ့က ပြန်လွှတ်ပေးလိုက်ပေမယ့် အဲဒီထဲက ဆရာတော်တစ်ပါးကို မှုခင်းရဲတပ်ဖွဲ့က နောက်ထပ်ပုဒ်မတစ်ခုနဲ့ အမှုဖွင့်ပြီး ဖမ်းဆီးလိုက်ပါတယ်။
2019-10-04
မူးယစ်ဆေးဝါးထွက်ရှိမှုနဲ့ ပတ်သက်လို့ နာမည်ကြီးတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းက "ဝ" ဒေသမှာ ဒီလဆန်းလောက်ကစပြီး မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့ကို ဖမ်းဆီးနေတဲ့ဖြစ်ရပ်တွေ ရှိနေပါတယ်။
2019-10-04
လိမ်လည်ခြစားမှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုလသမဂ္ဂဝန်ဆောင်မှုရုံး UNOPS က အရေးယူပိတ်ဆို့တာ ခံရတဲ့ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမျိုးသွင်ဟာ ဥက္ကဋ္ဌအဖြစ်က နုတ်ထွက်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။
2019-10-04
မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင် ခြောက်ဦးကို ထိုင်း-မြန်မာနယ်စပ်အနီး ရှမ်းပြည်အရှေ့ပိုင်း UWSA "ဝ" တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေမှာ အသေဖမ်းဆီးရမိတယ်လို့ UWSA လားရှိုးရုံးဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။
2019-10-04
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နိုင်ငံလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေး အသိပညာပေးလ Myanmar Cybersecurity Month အဖြစ် ဒီနေ့ ရန်ကုန်မြို့မှာ စတင်ကျင်းပပါတယ်။
2019-10-04
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှာ အထောက်အထားမဲ့ ဝင်ရောက်လာတယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ အယောက် ၃၀ ထဲက ၂၁ ယောက်ကို လဝက အက်ဥပဒေနဲ့ ထောင်ဒဏ် နှစ်နှစ် စီချမှတ်လိုက်ပြီး ကျန်တဲ့ ရှစ်ယောက်ကိုတော့ ငှက်အော်စမ်းကိုပို့ဖို့ စီစဉ်နေပါတယ်။