သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-04
၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေကို ပြင်ဆင်ဖို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင် များကော်မရှင် ICJ က အစိုးရကို တောင်းဆိုလိုက်ပါတယ်။
2019-10-04
ထားဝယ်အထူးစီးပွားရေးဇုန်ကို မြန်မာနဲ့ ထိုင်းတို့ပူးပေါင်းပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အစည်းအဝေးမှာ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေက သဘောတူခဲ့ပါတယ်။
2019-10-02
နိုင်ငံတဝန်း လူကုန်ကူးမှုတွေ မှိုလိုပေါက်နေပေမယ့်၂ဝ၁၉ ပထမ ၉ လ ပိုင်းမှာ လူကုန်ကူးမှု ၁၉ မှု ဖော်ထုတ်နိုင်ပါတယ်။ ဒါကလည်း လူကုန်ကူးပွဲစားတွေကို ဖမ်းမိမှ အမှုတည်ဆောက်နိုင်တာ ရောင်းစားခံရသူတွေဟာ ပွဲစားတွေဟာ ဘယ်သူဘယ်ဝါပါလို့ ရဲရဲတင်းတင်းပြောသင့်တယ်လို့ လူကုန်ကူးမှုတိုက်ဖျက်ရေး အကျိုးဆောင်တွေက ပြောပါတယ်။
2019-10-02
မြစ်ကြီးနားမြို့ အောက်မော်ဖောင်းကျေးရွာရှိ မူးယစ်ဆေးဖြတ် သမ္မာကျမ်းစာ သင်တန်းကျောင်းမှာ အစိုးရအာဏာပိုင်တွေက သွားရောက်စစ်ဆေးခဲ့ပြီး လက်ကိုင်စကားပြောစက် တွေ့ရှိခဲ့တာကြောင့် ကျောင်းစည်းကမ်းထိန်းသိမ်းရေးမှူးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ နဲ့ အမှုဖွင့်ခဲ့တာပါ။
2019-10-02
ရခိုင်ပြည်နယ် ကျောက်တော်မြို့ မီးဝကျေးရွာထဲကို အောက်တိုဘာလ ၁ ရက်နေ့က ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရတဲ့ မီးဝဆရာတော်ကို စစ်တွေဆေးရုံကနေ ရန်ကုန်ကို ရွှေ့ပြောင်းကုသမှုပေးဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။
2019-10-02
ဘာသာ သာသနာထွန်းကောင်းအောင် ဆောင်ရွက်ပေးတဲ့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ပေးအပ်ချီးမြှင့်ဖို့ စီစဉ်ရတာဖြစ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အတည်ဖြစ်တာနဲ့ ထုတ်ပြန်ကြေညာပေးမယ်လို့ YMBA ဥက္ကဋ္ဌ ဦးစိန်သန်းက RFA ကို ဒီကနေ့ ပြောပါတယ်။
2019-10-02
ကရင့်အာဇာနည်နေ့ အစီအစဉ်ကို ရန်ကုန်မှာ ဦးဆောင်ပြုလုပ်ခဲ့အပြီး တရားစွဲခံနေရတဲ့ နော်အုန်းလှ အပါအဝင် သုံးဦးတို့ကို ကျောက်တံတားမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၁၅ ရက် အမိန့်ချမှတ်လိုက်ပါတယ်။
2019-10-02
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် စံဂိုးထောင်ကျေးရွာမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် သုံးဆယ့်တစ်ဘုံ ဘုရားပရိဝုဏ်အတွင်းမှာ တပ်မတော်သားတွေ လာရောက်တပ်စွဲတာ မလုပ်ကြဖို့ ပြည်နယ်အစိုးရထံ မေတ္တာရပ်ခံထားတယ်လို့ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဦးတေဇောဘာသက ဒီကနေ့ မိန့်ပါတယ်။
2019-10-02
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကာဒီမွတ်စလင်ကျေးရွာမှာ ဆိုင်ကယ် မောင်းနှင်လာသူ တစ်ဦးကို တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဒီမနက်ပစ်ခတ်ရာမှာ သေဆုံးသွားပါတယ်။
2019-10-01
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Baszar မှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သံဆူးကြိုးတွေ ခတ်ဖို့ရှိပြီး ဝန်ကြီးချုပ်ဟာဆီနာထံက ခွင့်ပြုချက်ကို စောင့်နေတယ်လို့ ဘင်္ဂလားဒေ့ရ်ှအရာရှိတွေက ပြောပါတယ်။
2019-10-01
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလုပ်ငန်းတစ်ခုဖြစ်တဲ့ ယူနစ်ကုဒ်စံစနစ်ကို အောက်တိုဘာလ ၁ ရက်နေ့ ဒီနေ့ကစပြီး တစ်နိုင်ငံလုံး အသုံးပြုဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2019-10-01
Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုကို မြို့နယ်တရားရုံးကို ပြန်စစ်ဆေးဖို့ ဆိုပြီး မန္တလေးခရိုင်တရားရုံးက ဆုံးဖြတ်လိုက်တာဟာ တရားစီရင်ရေးအတွက် အချိန်ဆွဲထားတာမျိုး ဖြောင့်မတ် မှန်ကန်တဲ့အဖြေမျိုး ထွက်မလာတဲ့အမှုတွေဖြစ်လာနိုင်တယ်လို့ ဥပဒေပညာရှင်တချို့က သုံးသပ်ကြပါတယ်။
2019-10-01
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မီးဝကျေးရွာကို မနေ့ညက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရပြီး ဆရာတော်တစ်ပါး၊ ကိုရင်တစ်ပါးအပါအဝင် ငါးယောက် ဒဏ်ရာရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။
2019-09-30
ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညှဲမြို့ မုံးစီးကျေးရွာအုပ်စု ရဲစခန်းက စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးကို စက်တင်ဘာ ၂၉ မနေ့က နေ့လယ်ပိုင်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-09-30
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ရှောင်ရှားကြစေဖို့ ပြည်နယ်အစိုးရအဖွဲ့ကနေ လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ပေးရေး တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်က ဆွေးနွေးအတည်ပြုခဲ့ပါတယ်။