သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-19
ရှမ်းပြည်နယ်မှာ ဒီနှစ် ဇွန်လအထိ တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၂၄၁ ဦးကို တရားစွဲဆိုခဲ့တယ်လို့ ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူး ဦးဝင်းလွင်က RFA ကို ပြောပါတယ်။
2019-12-18
နေပြည်တော် Wisdom Hill မူကြိုကျောင်းက Victoria ကလေးငယ် လိင်အကြမ်းဖက်မှုမှာ ကျူးလွန်သူအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ ကိုအောင်ကြီးကို အပြစ်ရှိကြောင်း သက်သေအထောက်အထား မတွေ့ရတဲ့အတွက် ဒက္ခိဏခရိုင်တရားရုံးက တရားရှင် လွှတ်ပေးလိုက်ပါတယ်။
2019-12-18
လက်ရှိ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ မဘသ ဆရာတော် ဝီရသူနဲ့ ဆရာတော်ကြီးတချို့ ဦးစီးတည်ထောင်တဲ့ မန္တလေးတိုင်းက မဟော်သဓာ စာသင်ကျောင်းဟာ လိုင်စင်မဲ့ ဆောက်လုပ်တာဖြစ်လို့ မြို့နယ်ထွေအုပ်က တရားစွဲဆိုထားပေမယ့်၊ အမှုအတွက် ထွက်ဆိုဖို့ ရုံးချိန်း ၁၈ ကြိမ် ချိန်းဆို ရာမှာ ခြောက်ကြိမ်ထိ ပျက်ကွက်ခဲ့ပါတယ်။
2019-12-18
လူအများစိတ်ဝင်စားတဲ့ နေပြည်တော်က Victoria အမှုကို ဒီကနေ့ ဒက္ခိဏခရိုင်တရားရုံးမှာ ၁၃ ကြိမ်မြောက် ရုံးချိန်း အဖြစ် စစ်ဆေးရာမှာ Wisdom Hill မူကြိုကျောင်းက ဆရာမ နှင်းနုလွင်အပါအဝင် ဆရာမ သုံးဦးက သက်သေ ထွက်ဆိုရမှာ ဖြစ်ပါတယ်။
2019-12-18
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အမှုကို ရှေ့နေလိုက်ပါ ဆောင်ရွက် ပေးနေတဲ့ ရှေ့နေ ဒေါ်ရွက်နုအောင် ကို တရားရုံးအတွင်း ဆရာတော် ဦးဝီရသူကို ထောက်ခံသူတွေက ခြိမ်းခြောက်၊ ဆဲဆိုခဲ့တာကို မန္တလေးတိုင်းဒေသကြီး တရား လွှတ်တော်ရုံးအနေနဲ့ မသိရှိထားကြောင်း ပြန်ကြားရေးအရာရှိက ပြောပါတယ်။
2019-12-17
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ကော်မတီကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ဒီနေ့ ထပ်မံနုတ်ထွက်လိုက်ပါတယ်။
2019-12-17
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူလမ်းပေါ်က လွယ်တောက်ကျေးရွာအနီး ဒီဇင်ဘာလ ၁၆ ရက်နေ့က တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေ ရောက်လာသလို လွယ်တောက်ရွာအနီး လက်နက်ကြီးတွေ ကျတာကြောင့် ကျေးရွာသုံးရွာက ဒေသခံငါးရာကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2019-12-17
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သောင်းဒြားကျေးရွာကို တပ်မတော်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးသွားခဲ့ပြီး သက်ကြီးရွယ်အို ခြောက်ဦး နဲ့ စိတ်ကျန်းမာရေးချို့တဲ့သူ တစ်ဦး ပိတ်မိနေတယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က RFA ကို ပြောပါတယ်။
2019-12-17
စစ်ကိုင်းတိုင်း မင်းကွန်းတိုက်နယ်က ဆယ်ကျော်သက် မိန်းကလေးတစ်ဦး တရုတ်ကို လူကုန်ကူးခံရမှုမှာ ဆက်စပ်နေတယ်လို့ ယူဆရသူ သုံးဦးကို မကြာသေးခင် ရက်ပိုင်းအတွင်း ဖမ်းဆီးရမိထားတယ်လို့ ရဲက ပြောပါတယ်။ ဒီမိန်းကလေးကတော့ တရုတ်ပြည်ထဲမှာ ရှိနေတယ်လို့ ရဲက ယူဆထားပါတယ်။
2019-12-17
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ UWSA နယ်မြေထဲက ပိတ်ခံထားရတဲ့ လားဟူနှစ်ခြင်း ခရစ်ယာန် ကျောင်း ၅၀ ကျော်ကို ဒီဇင်ဘာ ပထမပတ်လောက်မှာ အားလုံးပြန်လည်ဖွင့် လှစ်ခွင့်ပြုလိုက်ပါတယ်။
2019-12-17
ရခိုင်ပြည်နယ် မြောက်ဦးမြို့က မူးယစ်ဆေးဝါးသုံးစွဲရောင်းချနေတဲ့ လူငယ် ၂၀ ကျော်ကို ရခိုင်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြောက်ဦးမြို့ခံတွေက ပြောပါတယ်။ AA ပြောရေးဆိုခွင့်ရှိသူကတော့ အဲဒီကိစ္စကို အတိအကျမသိသေးကြောင်း ပြောပါတယ်။
2019-12-16
တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးထုတ်လုပ်မှုကြောင့် ဘေးထွက်ဆိုးကျိုးတွေကို ကြိုတင်ကာကွယ်တားဆီးဖို့နဲ့ အခွန်ဘဏ္ဍာရရှိရေး မူဝါဒချဆောင်ရွက်ဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်က ဒီနေ့အတည်ပြုလိုက်ပါတယ်။
2019-12-16
တိုင်းရင်းသားဒေသတွေမှာ အကြီးစားစီမံကိန်းတွေ လုပ်ဆောင်မယ်ဆိုရင် တိုင်းရင်းသားတွေကို ကြိုတင်ချပြပြီး ညှိနှိုင်းသဘောတူညီမှုတွေရမှ လုပ်ဆောင်ဖို့နဲ့ တပ်မတော်က တောင်သူတွေကို တရားစွဲထားတာတွေ ပြန်လည်ရုပ်သိမ်းပေးဖို့ ဖက်ဒရယ်တိုင်းရင်းသား တောင်သူလယ်သမားများကွန်ရက် (FEFN) က ဒီနေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2019-12-16
မြစ်ကြီးနားမြို့နယ် တရားသူကြီးကို ချိန်ခွင်ပျက်တစ်ခုပေးခဲ့တာကြောင့် ထောင်ဒဏ် သုံးလချမှတ်ခံခဲ့ရတဲ့ ကချင်လူငယ် ကိုပေါလု လွတ်ရက်စေ့လို့ မြစ်ကြီးနား အကျဉ်းထောင်ကနေ ဒီနေ့ပြန်လည်လွတ်မြောက်လာပါတယ်။
2019-12-16
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မဲလ်ဖို့ဒ်မြို့၊ မြူ ရ် (Muir) အလယ်တန်းကျောင်းရဲ့ သူရဲကောင်းခန်းမ Hall of Heroes မှာ ချိတ်ဆွဲထားတဲ့ နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပန်းချီကားချပ်ကို ဖယ်ရှားလိုက်တယ်လို့ လော့စ်အိန်ဂျယ်လစ်တိုင်းမ်စ် သတင်းစာမှာ ဖော်ပြထားပါတယ်။