သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-24
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်အနီးက နယ်ခြားစောင့် လုံခြုံရေးစခန်းတစ်ခုကို ဒီနေ့မနက်က ဘင်္ဂလားဒေ့ရ်ှဘက်ခြမ်းမှာရှိတဲ့ အမည်မသိ လက်နက်ကိုင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ အင်ဂျင်နီယာ တပ်က အလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
2019-01-24
တရုတ်နိုင်ငံ ဆန်းတုန်းမြို့က ပင်လယ်စာ ရေဘဝဲလုပ်ငန်းကို ပွဲစားက လိမ်လည်ပြီး အပို့ခံ လိုက်ရတဲ့ မြန်မာအလုပ်သမား ၁၅ ဦး ဒီနေ့မနက်မှာ မုံရွာမြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။
2019-01-24
ရတနာပုံတက္ကသိုလ် ကျောင်းတွင်းလုံခြုံရေးနဲ့ သန့်ရှင်းရေးဝန်ထမ်း တိုးမြှင့်ချထားပေးရေးအတွက် ဆန္ဒပြတဲ့အတွက် ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံး ဖြေလျော့ ဆောင်ရွက်ပေးသွားဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ကတိပေးခဲ့တယ်လို့ သိရပါတယ်။
2019-01-24
AA ရက္ခိုင့်တပ်မတော်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက နယ်ခြားစောင့်ရဲကင်း စခန်းတွေကို တိုက်ခိုက်ခဲ့တာဟာ တာဝန်မဲ့လုပ်ရပ်ဖြစ်လို့ တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။
2019-01-23
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်းဘာဂနာ ဟာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ကြိမ်နီပြင် နဲ့ အနောက်ရဲ မွတ်စလင် ဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။
2019-01-23
ကျောင်းတွင်းလုံခြုံရေးနဲ့ ကျောင်းသန့်ရှင်းရေးဝန်ထမ်း တိုးမြင့်ပေးဖို့ ဆန္ဒပြခဲ့တဲ့ ရတနာပုံ တက္ကသိုလ် ကျောင်းသား ၇ ဦးကို ဖမ်းဆီးတရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် နဲ့ တွေ့ခွင့်ရဖို့ တက္ကသိုလ်ကျောင်းပေါင်းစုံက ကျောင်းသားတွေ အစိုးရရုံးမှာ ဒီနေ့ တောင်းဆိုကြပါတယ်။
2019-01-23
တနင်္သာရီတိုင်း ပုလောမြို့နယ် ဝါးဇွန်းအုပ်ကျေးရွာက ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ ဥယျာဉ်ခြံမြေတွေထဲမှာ တပ်မတော် လေ့ကျင့်ရေးကျောင်းက စစ်ရေးလေ့ကျင့်ပြီး မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတွေ ကျန်ရှိနေတာကြောင့် ဒေသခံရွာသားတွေ စိုးရိမ်နေကြပါတယ်။
2019-01-23
တရုတ်နိုင်ငံကို တရားမဝင်လမ်းကြောင်းက သွားရောက်ပြီး ကြံခုတ်လုပ်ငန်းကနေ ထွက်ပြေး လာတဲ့ မြန်မာအလုပ်သမား ၄၅ ဦးဟာ ဒီကနေ့မနက်မှာ မုံရွာမြို့ကို ပြန်လည်ရောက်ရှိ လာပါတယ်။
2019-01-23
တရားသူကြီးတွေ တရားခွင်မှာ ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေး အဆိုကို ကန့်ကွက် သူမရှိတဲ့အတွက် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2019-01-23
မန္တလေး ရတနာပုံတက္ကသိုလ်မှာ ကျောင်းလုံခြုံရေး တိုးမြှင့်ချထားပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အတွက် ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၇ ဦးကို အမရပူရမြို့နယ် တရားရုံးမှာ ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2019-01-23
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ Myanmar Coast Guard ဖွဲ့စည်းသွားမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဇန်နဝါရီလ ၂၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။
2019-01-23
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအုပ်စု ရွာဟောင်းကျေးရွာမှာနေထိုင်တဲ့ အသက် ၅၆ နှစ်အရွယ် ဦးမောင်အေးသိန်းကို မနေ့ညက အမည်မသိ သေနတ်သမားတစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရပါတယ်။
2019-01-22
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေအကြား လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အိန္ဒိယနယ်ခြားဒေသနဲ့ နီးကပ်လာနေ တဲ့အတွက် အိန္ဒိယအာဏာပိုင်တွေက စိုးရိမ်နေတယ်လို့ မနေ့က သတင်းရပါတယ်။
2019-01-22
ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် ဟာစီနာရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် AK Abdul Momen အေ ကေ အဘ်ဒူလ် မိုမင်း က သူတို့နိုင်ငံရောက် ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်ပို့ရေးအတွက် တရုတ်ပြည်နဲ့ တခြားနိုင်ငံခြားတိုင်းပြည်တွေရဲ့ အကူအညီနဲ့ အောင်မြင်စွာ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2019-01-22
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားဇုံမှာ ရောက်ရှိနေတဲ ရိုဟင်ဂျာမွတ်စလင် ၃၁ ဦးကို အိန္ဒိယရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။