သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-31
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် သတ်ပြီး မြှုပ်ထားတဲ့ ကျင်း ငါးကျင်း တွေ့ခဲ့တာနဲ့ပတ်သက်လို့ စစ်စည်းကမ်းအရ အရေးယူတော့မယ်လို့ တပ်မတော်က မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2019-08-31
ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးအတွက် အသနားခံစာကို ထိုင်းဘုရင်ထံ တစ်လအတွင်း တင်သွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က RFA ကို ပြောပါတယ်။
2019-08-31
တရုတ်ရဲ့ ပိုးလမ်းမသစ် အစီအစဉ်မှာပါဝင်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ မူဆယ်-မန္တလေး ရထားလမ်းဟာ မြန်မာပြည်တွင်းက ပဋိပက္ခဖြစ်ပွားရာ တောင်တန်း ဒေသတွေနဲ့ ပြည်နယ်နဲ့ တိုင်းတွေကို ဖြတ်သန်းသွားမှာဖြစ်လို့ ပြည်သူတွေကို ပွင်လင်းမြင်သာစွာ ချပြသင့်တယ်လို့ Sandhi Governance Institute အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2019-08-31
တပ်မတော်က စစ်တိုင်းဌာနချုပ် ငါးခုမှာ အပစ်ရပ်ကာလကို လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
2019-08-31
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ မောဟိတ်စုစည်းရွာထဲ လက်နက်ကြီးကျလို့ လသားအရွယ်ကလေး တစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2019-08-31
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က ဒီနေ့ ကျိုင်းတုံမြို့ တွေ့ဆုံပွဲအပြီးမှာ ပူးတွဲကြေညာချက် ထုတ်လိုက်ပါတယ်။
2019-08-30
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအနီးမှာ ကုန်တင်ယာဉ် သုံးစီးကို AA အဖွဲ့က မနေ့ညက မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ တပ်မတော်က ပြောပါတယ်။
2019-08-30
တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ တစ်နေ့ကို အမေရိကန်ဒေါ်လာ ငါးသန်းကနေ ခုနှစ်သန်း အထိရှိပြီး တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ကာ နေ့စဉ် ပျမ်းမျှ ဒေါ်လာ ခြောက်သန်း ခန့် နစ်နာရတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြောပါတယ်။
2019-08-30
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဒုက္ခသည်တွေက မိမိသဘောဆန္ဒအရသာ ပြန်မလာကြတာဖြစ်ပြီး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောသလို စခန်းတာဝန်ရှိသူတွေက မပြန်ဖို့တားဆီးတာတွေနဲ့ ARSA လို အကြမ်းဖက် အဖွဲ့အစည်းတွေကလည်း တားဆီးပိတ်ပင် လွှမ်းမိုးတာတွေရှိတယ်ဆိုတာ မမှန်ကန်ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
2019-08-30
ပြည်ထောင်စုလွှတ်တော်မှာ လျှပ်စစ်နဲ့စွမ်းအင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ပြောကြားချက်တွေဟာ မြန်မာ့စီးပွားရေးဦးပိုင် အများနဲ့သက်ဆိုင်သော ကုမ္ပဏီလီမိတက်အပေါ် ပြည်သူတွေ အထင်မြင်လွဲမှားပြီး ဂုဏ်သိက္ခာထိခိုက်စေတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ဦးပိုင်ကုမ္ပဏီက ဒီနေ့ထုတ် မြဝတီသတင်းစာမှာ ထည့်သွင်းထားပါတယ်။
2019-08-30
ရှမ်းပြည်နယ် သိန္နီမြို့နယ် ပန်ဖတ်ရွာနဲ့မိုင်းလီရွာကွေ့တံတားပေါ်မှာ ဒီမနက်က လက်နက်ကိုင် တချို့က ဈေးသည် ဆိုင်ကယ်တစ်စီးနဲ့ ခရီးသည်တင်ကားတစ်စီး အပါအဝင် ကားငယ်သုံးစီးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2019-08-30
ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်လွန်းဒေသမှာ မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေပါဝင်တဲ့ မူးယစ်ဆေးဝါး ကုန်သွယ်သူ အယောက် ၅၀ ကျော်ကို UWSA ဝ တပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
2019-08-29
ရခိုင်ပြည်နယ်၊ တောင်ပိုင်း သံတွဲမြို့ ငပလီကမ်းခြေမှာရှိတဲ့ Amara Ocean Resort ဟိုတယ်အကြောင်း ရေးသားတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး Irrawaddy သတင်းဌာနရဲ့ အကြီးတန်းသတင်းထောက် ကိုမိုးမြင့်ကို ဟိုတယ်ပိုင်ရှင်က၂၀၁၈ ခုနှစ်ကတည်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ထားပါတယ်။
2019-08-29
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဒုက္ခသည်တွေထဲမှာ ပြန်လာချင်သူတွေရှိပေမယ့် စခန်းတာဝန်ရှိသူတွေက မပြန်ဖို့ တားဆီးတာတွေရှိသလို ARSA လို အကြမ်းဖက် အဖွဲ့အစည်းတွေကလည်း တားဆီးပိတ်ပင် လွှမ်းမိုးတာတွေရှိတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီနေ့ ပြောပါတယ်။
2019-08-29
ရခိုင်ပြည်နယ် ဘူးသီးတော်မြို့နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေလည်း ထိခိုက်မှုရှိနေပါတယ်။