သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-09-30
ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညှဲမြို့ မုံးစီးကျေးရွာအုပ်စု ရဲစခန်းက စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးကို စက်တင်ဘာ ၂၉ မနေ့က နေ့လယ်ပိုင်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-09-30
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ရှောင်ရှားကြစေဖို့ ပြည်နယ်အစိုးရအဖွဲ့ကနေ လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ပေးရေး တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်က ဆွေးနွေးအတည်ပြုခဲ့ပါတယ်။
2019-09-30
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အရပ်သား နှစ်ယောက် အနည်းဆုံး ရှိခဲ့ပါတယ်။
2019-09-30
ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေမှာ အင်တာနက်လိုင်းပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက စက်တင်ဘာ ၂၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-09-30
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ဝါးစိမ်းတောင်မှာ မြန်မာယန်စီကုမ္ပဏီက ဓာတ်သတ္ထု ရှာဖွေစမ်းသပ်တူးဖော်ခွင့် တောင်းခံတဲ့အပေါ် ကန့်ကွက်စရာမရှိကြောင်း ပြည်ထောင်စုအစိုးရထံ မှတ်ချက်ပေးခဲ့တာကို တိုင်းအစိုးရအဖွဲ့က ပြန်ပြီး ပယ်ဖျက်လိုက်ပါတယ်။
2019-09-29
လွှတ်တော်က အစိုးရအဖွဲ့ကို ထိန်းကျောင်းရမှာဖြစ်ပေမယ့် မပြောရဲ မဆိုရဲဖြစ်ပြီဆိုရင် ဒီမိုကရေစီ ပျက်စီး မှာဖြစ်တယ်လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ပါတီ ရုံးဖွင့်ပွဲမှာ ပြောပါတယ်။
2019-09-29
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၁၅ ရက်နေ့နောက်ပိုင်း တိုက်ပွဲတွေဖြစ်ပြီးနောက် မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သူ ၁၅ ယောက်ကျော်ရှိလာပြီး အနည်းဆုံး သေဆုံးသူ ငါးဦးခန့် ရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
2019-09-29
ချင်းပြည်နယ် ပလက်ဝမြို့နယ်က ကျေးရွာတချို့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် ဒီစာသင်နှစ်မှာ စာသင်ကျောင်းပေါင်း ၁၁၈ ကျောင်းပိတ်ထားရတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က RFA ကိုပြောပါတယ်။
2019-09-28
နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပတာဟာ စစ်ဖြစ်တော့မှ လုပ်ရမယ့် ကိစ္စမျိုးမဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောကြားလိုက်ပါတယ်။
2019-09-28
အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ် ၉ခုထဲက မြို့နယ် ငါးခုမှာ ပြန်အသုံးပြုခွင့်ရနေပေမယ့် ကျန်တဲ့ မြို့နယ် လေးခုမှာတော့ ဒီနေ့အထိ အင်တာနက် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2019-09-27
မြို့နယ်ဥပဒေအရာရှိကို ခြိမ်းခြောက်တဲ့စာတွေ မြို့အနှံ့လမ်းမပေါ်နဲ့ အဆောက်အအုံတွေမှာ ကပ်ထားတဲ့ဖြစ်ရပ်တစ်ခု ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့ပေါ်မှာ ယမန်နေ့က ဖြစ်ပွားခဲ့တယ်လို့ ကျောက်တော်မြို့ ဒေသခံတချို့က RFA ကို ဒီမနက်မှာ ပြောပါတယ်။
2019-09-27
ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ ရေကျော်ကျေးရွာအုပ်စုမှာ မနေ့က မွတ်စလင် အယောက် ၃၀ ကို ထိန်းသိမ်းလိုက်ပြီး သူတို့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ သက်ကယ်ပြင်ကျေးရွာနဲ့ သဲချောင်းကျေးရွာတွေကနေ ရန်ကုန်မြို့ကို သွားရောက်ဖို့ ထွက်လာသူတွေဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
2019-09-27
ဗစ်တိုးရီးယားရဲ့ ဖခင်ဖြစ်သူအပါအဝင် ခြောက်ဦးကို Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) နဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်ပါတယ်။
2019-09-26
တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားခံရတဲ့ မန်တုံမြို့နယ် ဆိုင်လိန်ရွာသားတစ်ဦးဟာ မနေ့ညပိုင်းကအထိ ရွာကိုပြန်လည်ရောက်ရှိမလာသလို နောက်ထပ်ရွာသားတစ်ဦးလည်း ပျောက်ဆုံး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-09-26
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မလေးရှားရဲ့ စစ်ဖက်ဆိုင်ရာ ဂုဏ်ပြုဆု ပေးအပ်ထားတာ ပြန်ရုပ်သိမ်းဖို့ မလေးရှားဝန်ကြီးချုပ်ဆီ စာရေးသားတောင်းဆိုတဲ့ လှုပ်ရှားမှုကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေအနေတွေကို စောင့်ကြည့်ဝေဖန်နေတဲ့ Burma Campaign UK အဖွဲ့က ပြုလုပ်နေပါတယ်။