သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-02-21
နိုင်ငံတကာတရားရုံး ICJ က ကြားဖြတ်အမိန့်ချမှတ်ပြီး တစ်လဝန်းကျင်အကြာမှာ တပ်မတော်က ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ ရွာနှစ်ရွာမှ လူ့အခွင့်အရေးချိုးဖောက် ခဲ့တဲ့ တပ်မတော်သားတွေကို စစ်တရားရုံးတင် အရေးယူမယ်လို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့၊ မနေ့က ထုတ်ပြန်ပါတယ်။
2020-02-21
အကြည်ညိုပျက်စေမှုနဲ့ တပ်မတော် တရားစွဲဆိုခဲ့သူတွေထဲက ဒါရိုက်တာ မင်းထင် ကိုကိုကြီးဟာ ပြစ်ဒဏ်စေ့လို့ ဒီနေ့ လွတ်မြောက်ခဲ့ပါတယ်။ ကချင်ပြည်နယ်က ပြဇာတ်ဦးဆောင်သူနှစ်ဦးလည်း အချုပ်ကနေ လွတ်မြောက်ခဲ့ပါပြီ။
2020-02-20
ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံကိုသွားမယ့် ရိုဟင်ဂျာ ၄၉ ယောက်ကို ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ မနေ့က ဖမ်းမိခဲ့ပါတယ်။
2020-02-20
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်မှာရှိတဲ့ Pacific Steel Enterprise သံမဏိစက်ရုံက သံရည်ကြိုတဲ့ဖိုမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေလို့ စက်ရုံရှေ့မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စပြီး အစာအငတ်ခံ ဆန္ဒထုတ်ဖော်နေကြပါတယ်။
2020-02-20
ဒေသခံတွေ စိုးရိမ်မှုမရှိအောင် ထိပ်တိုက်ရင်ဆိုင်ထိတွေ့မှုတွေကို ရှောင်ရှားဖို့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူနဲ့ တပ်မတော်တို့ မနေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2020-02-20
လတ်တလော ထောင်ချခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံက နာမည်ကြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ဆုချီးမြှင့်တဲ့ Schuman Right Awards လူ့အခွင့်အရေးဆု ရရှိသွားကြပါတယ်။
2020-02-19
လူမှုရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ် ကြားမှာ ဒီနေ့ မနက် ၁၀ နာရီကျော်က မြေပြင်ကနေ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သတင်းရရှိပါတယ်။
2020-02-19
ချင်းပြည်နယ် ပလက်ဝဒေသက ရိက္ခာပြတ်နေတဲ့ ပြည်သူတွေအတွက် ရိက္ခာထောက်ပံ့ရေးလုပ်ငန်းနဲ့ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ အရပ်သားတွေ နေရပ်ပြန်နိုင်ရေး ဝိုင်းဝန်းကူညီပေးဖို့ ခူမီးတိုင်းရင်းသား မျိုးနွယ်စုအဖွဲ့တဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2020-02-19
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဓါတ်ခွဲစစ်ဆေးနိုင်ဖို့ အမေရိကန် ကူးစက်ရောဂါ ကာကွယ်ရေးဌာန (CDC) က ပညာရှင်တွေ စေလွှတ်ဖို့စီစဉ်နေပြီး၊ ဓာတ်ခွဲခန်းအသုံးပြုပစ္စည်းတွေလည်း မှာယူထားပါတယ်။
2020-02-19
ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေက ရိုက်နှက်တဲ့အတွက် မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာက လူငယ်တစ်ဦး သေဆုံးသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
2020-02-18
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ တပ်မတော်နဲ့ KNU တိုက်ပွဲတွေကြောင့် ဖာပွန်ခရိုင် ဒေသခံ ရာနဲ့ချီ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာဒိုမူးက ပြောလိုက်ပါတယ်။
2020-02-18
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကြား ကုလား တန်မြစ်ကြောင်းတလျှောက် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေတာကြောင့် လမ်းပန်းဆက် သွယ်ရေးခက်ခဲပြီး စားနပ်ရိက္ခာ ပြတ်နေတဲ့အတွက် မကြာခင် ပလက်ဝပြည်သူတွေ အငတ်ဘေးကြုံရဖွယ်ရှိတယ်လို့ ကူညီဆောင်ရွက်ပေးသူတွေက ပြောကြပါတယ်။
2020-02-18
မြန်မာပြည်သူတွေ တပ်ပိုင်ကုမ္ပဏီအားလုံးရဲ့ ထုတ်ကုန်တွေကို ဝယ်ယူခြင်းမပြုဖို့ ကရင်အမျိုးသမီးအစည်းအရုံး KWO က ဖေဖော်ဝါရီ ၁၇ ရက်နေ့၊ မနေ့က တိုက်တွန်းလိုက်ပါတယ်။
2020-02-17
တရုတ်နိုင်ငံက တရားမဝင် မြန်မာအလုပ်သမားတွေ နေရပ်ပြန်နိုင်ဖို့အတွက် ကိုယ်ရေးအချက်အလက်တွေကို အလုပ်သမားအရေး ကူညီသူတွေ ကောက်ယူနေ ကြပါတယ်။
2020-02-17
စစ်ကိုင်းတိုင်းအတွင်းက ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေကို နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသထဲ ထည့်သွင်းပေးဖို့ လေရှီးမြို့ခံတစ်ဦးက အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုထားမှုကို ရှမ်းနီတိုင်းရင်းသား အဖွဲ့အစည်းတွေက အပြင်းအထန်ကန့်ကွက်နေကြပါတယ်။