သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-28
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာခရစ်ယာန်တွေကို ARSA စစ်သွေးကြွတွေက တနင်္လာနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
2020-01-28
ဟိုတယ်တွေမှာ လာရောက်တည်းခိုတဲ့ ဧည့်သည်တွေထဲကနေ ဖျားနာတာတွေ၊ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ သံသယရှိရင် ကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်ဖို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ မနေ့က ဆွေးနွေးခဲ့ကြပါတယ်။
2020-01-28
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး TNLA က သူတို့ရဲ့ တပ်ဖွဲ့ဝင်တစ်ဦး ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ဟွေခုတ်ကျေးရွာက မူလတန်းပြကျောင်းဆရာမ တစ်ယောက်ကို ပစ်သတ်လိုက်တာကြောင့် သူတို့တပ်ဖွဲ့ရဲ့ ဥပဒေအရ အရေးယူအပြစ်ပေးမယ်လို့ မနေ့က ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
2020-01-28
နေပြည်တော် ပညာရေးဆွေးနွေးပွဲတစ်ခုအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေချိန်မှာ ပညာရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ဆယ်ဦးခန့်က အခြေခံပညာကျောင်း စာသင်ကာလနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြသူတွေကို ဝေဖန်ပြစ်တင်လိုက်ပါတယ်။
2020-01-27
အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ကော်မတီက ပြင်ဆင်ရေးမူကြမ်း နှစ်ရပ်ကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရာမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်တဲ့ အာဏာကို လျှော့ချတဲ့အချက်တွေနဲ့ တပ်မတော်ရဲ့ လွှတ်တော်မှာ အလိုအလျောက်နေရာရမှုကို တဖြည်းဖြည်း လျှော့ချနိုင်မယ့် အချက်တွေ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။
2020-01-27
တရုတ်-မြန်မာနယ်စပ်က မူဆယ် မန်ဝင်းနဲ့ ဆင်ဖြူ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်မှာ ကိုယ်အပူချိန် မြင့်တက်နေသူ နှစ်ဦးကို ဒီနေ့မနက်က စစ်ဆေးတွေ့ရှိတာကြောင့် စောင့်ကြည့်စစ်ဆေးနေပါတယ်။
2020-01-27
ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု စတင်ပေါ်ပေါက်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာရှိနေတဲ့ မြန်မာနိုင်ငံက ကျောင်းသူ၊ ကျောင်းသား ၆၀ ကို မြန်မာနိုင်ငံပြန်လည်ခေါ်ဆောင်ရေး အတွက် တရုတ်အာဏာပိုင်တွေဆီက အကြောင်းပြန်ကြားမှုကို စောင့်ဆိုင်း နေတယ်လို့ ပေကျင်းမြို့ မြန်မာသံရုံး တာဝန်ရှိသူတွေက ပြောပါတယ်။
2020-01-26
ရန်ကုန်ုတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို NLD ပါတီက ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ ပါတီဝင် အဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
2020-01-26
ရခိုင်ပြည်နယ် မြေပုံမြို့နယ် စညှင်းကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းကို တပ်မတော် စစ်ကြောင်းတစ်ခု မနေ့ညက ဝင်ရောက်ခဲ့ပြီး စခန်းဖျက်သိမ်းဖို့ ပြောဆိုခဲ့ပါတယ်။
2020-01-25
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာမှာ ဒီနေ့မနက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2020-01-24
ကိုရိုနာ ဗိုင်းရပ်စ် အဆုပ်ရောင်ရောဂါပိုးစဖြစ်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေက သူတို့ကို မြန်မာပြည်ဘက်ခေါ်ဖို့ တရုတ်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို တောင်းဆိုထားပါတယ်။
2020-01-24
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့က စတင်ပျံ့နှံ့လာတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကြောင့် သေဆုံးသူ ၂၆ ဦးအထိ ရှိနေပြီး ကူးစက်ခံရသူ ၈၃ဝ ကျော် ရှိလာနေပါပြီ။
2020-01-24
ရက္ခိုင့်တပ်တော် AA နဲ့ပတ်သက်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှု၊ အကြမ်း ဖက်မှုတွေနဲ့ တရားရင်ဆိုင်နေရသူ ၁၄ ဦးကို မှားယွင်းဖမ်းဆီးမှုလို့ သုံးသပ်ပြီး စစ်တွေတရားရုံးက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2020-01-24
ဂျပန်ရေတပ်ရဲ့ ပင်လယ်ရေအောက် ဆေးကုသရေးစင်တာနဲ့ အရေးပေါ်ရေငုပ်သင်္ဘော ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ဦးနဲ့ တခြားအရာရှိ တွေဟာ ဂျပန်ရေတပ်မှာ သွားရောက်လေ့လာခဲ့ကြပါတယ်။
2020-01-24
တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ မရှိကြောင်းနဲ့ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ဆောင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။