သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-20
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာမှာ ဒီနေ့မနက် ၄ နာရီ လောက်က ရွာထဲကနေအိမ်တစ်လုံးကို သေနတ်ကျည်ကျရောက်လို့ အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး ယာဘက်ခြေထောက်မှာ ကျည်ထိမှန်ဒဏ်ရာရသွားပါတယ်။
2020-01-19
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ စေတနာ့ဝန်ထမ်း ကချင်ဆရာမ နှစ်ဦး အဓမ္မပြုကျင့် အသတ်ခံခဲ့ရမှု အမှုမှန်ပေါ်ပေါ်ဖို့ မိသားစုဝင်တွေနဲ့ အမှုမှန်ပေါ်ပေါက်ရေးကော်မတီက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2020-01-19
ရခိုင်ပြည်နယ်မှာ သုံးရက်အတွင်း တိုက်ပွဲမရှိပေမယ့် မင်းပြားမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ လက်နက်ကြီးကျည် ပေါက်ကွဲတာ၊ မိုင်းပေါက်ကွဲတာတွေကြောင့် အရပ်သား ကိုးယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2020-01-18
NCA အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား အဖွဲ့တွေအားလုံး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးမှာ ပါဝင်နိုင်ဖို့နဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို မတ်လထဲမှာကျင်းပဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ PPST အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြပါတယ်။
2020-01-18
ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းပေးဖို့အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် ကို ဒီနေ့ ဆန္ဒပြတောင်းဆိုပါတယ်။
2020-01-17
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ အစည်းအဝေးကို ၂၀၂၀ ခုနှစ် လေးလအတွင်း ကျင်းပနိုင်ဖို့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က ဒီနေ့ ဆွေးနွေးကြပါတယ်။
2020-01-17
နေပြည်တော်ကို ရောက်ရှိနေတဲ့ သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာအစိုးရတို့ဟာ မနက်ဖြန်မှာ ပိုးခါးပတ်လမ်းမ BRI ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မြန်မာနိုင်ငံထဲက စီမံကိန်းကြီးတွေကို နားလည်မှုစာချွန်လွှာ MOU တွေ ရေးထိုးဖို့ရှိတယ်လို့ သိရပါတယ်။
2020-01-17
မြိုင်ကလေးစက်ရုံကြောင့် နောက်ဆက်တွဲဆိုးကျိုးဝေးဖို့ ဒေသခံတွေ ဆုတောင်း ကရင်ပြည်နယ် ဘားအံမြို့နယ်က မြိုင်ကလေး ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံရဲ့ စွန့်ပစ်ရေတွေကြောင့် အနီးအနား ကျေးရွာတွေဟာ ရေအရင်းအမြစ်နဲ့ လူမှုစီးပွားဒုက္ခတွေ ခံစားနေရတာကနေ ကင်းဝေးအောင်ဆိုပြီး ဒေသခံတွေဟာ ဒီနေ့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2020-01-16
ရခိုင်ပြည်နယ်မှာ ဈေးသွားရောင်းတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦး မြို့နယ်က ဈေးသည် နှစ်ဦး ပျောက်ဆုံးခဲ့ပြီး ရက္ခိုင့်တပ်တော် AA က သတ်ဖြတ်လိုက်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က စွပ်စွဲပြော ဆိုလိုက်ပါတယ်။
2020-01-16
မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်နဲ့ရွှေလီမြို့တွေမှာ နေထိုင်ခွင့်စာအုပ်မှရှိဘဲ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဒီရက်ပိုင်းအတွင်းမှာ ဖမ်းဆီးခံနေရပါတယ်။
2020-01-16
တနင်္သာရီတိုင်း ကော့သောင်းမြို့ကနေ ပြန်လာတဲ့ ရိုဟင်ဂျာ မွတ်စလင် ၁၅၀ ကျော်ကို ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ စစ်ဆေးနေရာမှာ ၂၉ ဦးဟာ မောင်တောခရိုင်အတွင်း နေထိုင်သူတွေဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
2020-01-16
ကရင်ပြည်နယ် မြဝတီမြို့မှာ ဟိုတယ်မှာ တည်းခိုခြင်း မရှိဘဲ နေအိမ်တွေထဲမှာ ငှားရမ်းနေထိုင်ကြတဲ့ တရုတ်နိုင်ငံသား ၄၀ ကျော်ကို ခေါ်ယူစစ်ဆေးအပြီး နေထိုင်ခွင့်အထောက်အထား ပြည့်စုံတဲ့အတွက် ပြန်လွှတ်ပေးလိုက်ပါတယ်။
2020-01-15
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လတ်တလော ကယားပြည်နယ်မှာ ကြုံတွေ့ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အဓိကအကြောင်းအရာ သုံးချက် တင်ပြဆွေးနွေးခဲ့တယ်လို့ ကရင်နီလူငယ်တွေက ပြောပါတယ်။
2020-01-15
တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ အဓိကရင်းနှီးမြုပ်နှံတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ တရုတ်ရဲ့ လုပ်လက်စ စီမံကိန်းတွေ အများအပြားရှိသလို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီစဉ်နေတဲ့ စီမံကိန်း တွေကလည်း အများအပြားရှိနေပါတယ်။
2020-01-15
ရှမ်းပြည်နယ်တွင်းက မူးယစ်ဆေးဝါးပြဿနာ အမြန်ဆုံးဖြေရှင်းဖို့ စတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တင်ပြအတည်ပြုနိုင်ဖို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS က ဦးဆောင်ပြီး ပြည်တွင်းပြည်ပက ရှမ်းလူမှုအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။