သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-15
ဖက်ဒရယ်စနစ်ဟာ တိုင်းရင်းသားပေါင်းစုံ လူမျိုးစုပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုအပေါ် အခြေခံတဲ့ တိုးတက်ရေးကို ရေရှည်ထိန်းသိမ်းနိုင်မှာ ဖြစ်တာကြောင့် ဖက်ဒရယ် စနစ်ကို ဦးတည်တာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2020-01-14
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြံပြုတင်ပြထားတဲ့ အချက်ပေါင်း ၃၇၆၀ ကျော်ကို ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ အပြီးသတ် မဲခွဲဆုံးဖြတ်ခဲ့ပြီး ဥပဒေမူကြမ်းနှစ်ခုကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်ကို တင်ပြတော့မှာ ဖြစ်ပါတယ်။
2020-01-14
အခြေခံပညာကျောင်းတွေရဲ့ စာသင်ကာလကို မတ်လအထိ တိုးမြှင့်လိုက်တဲ့အပြင် စာမေးပွဲကာလ ပြောင်းလဲ လိုက်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ လူစည်ကားရာ နေရာတွေမှာ ပြည်သူတွေရဲ့ အသံတွေကို စုစည်းတာနဲ့ ဆရာ/ဆရာမတွေရဲ့ ကန့်ကွက်လက်မှတ်တွေ စုစည်းတဲ့ လှုပ်ရှားမှုကို ဇန်နဝါရီလ ၁၄ ရက်နေ့ ကနေ ၂၄ ရက်နေ့ အထိ ၁၀ ရက်တာ လှုပ်ရှားမှုအနေနဲ့ ဒီနေ့ စတင်လိုက်ကြောင်း ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
2020-01-14
မနက်ဖြန်မှာ ကျရောက်မယ့် ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား တက်ရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့ ကရင်နီလူငယ်ဖွဲ့တွေက တောင်းဆိုထားပါတယ်။
2020-01-14
ဗစ်တိုးရီးယားအမှုမှာ ရဲကျင့်ဝတ် ချိုးဖောက်ပြီး နစ်နာသူရဲ့အမည်ကို ထုတ်ပြောခဲ့တဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို တရားစွဲဆို အရေးယူဆောင်ရွက်ခွင့်ပြုဖို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံကို ဒီကနေ့မှာ ကြိုတင်ခွင့်ပြုမိန့် တောင်းခံလိုက်ပါတယ်။
2020-01-14
တစ်လကျော်ကြာ ဆန္ဒပြခဲ့ကြတဲ့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် ဟွာမှုံအထည်ချုပ်စက်ရုံက ဆန္ဒပြအလုပ်သမား ၅၀၀ ကျော်ဟာ စက်ရုံတာဝန်ရှိသူတွေနဲ့ နှစ်ဘက်သဘောတူညီမှု ရသွားတာကြောင့် ဒီနေ့မနက်မှာ အလုပ်ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။
2020-01-14
မန္တလေးတက္ကသိုလ်အတွင်းမှာ Food Court ဖွင့်လှစ်ဖို့ တင်ဒါခေါ်ယူခြင်းမရှိဘဲ ခွင့်ပြုခဲ့တဲ့ ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ဒီနေ့အထိ ဆက်လက်သပိတ် မှောက်ဆန္ဒပြနေပါတယ်။
2020-01-13
ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားဟောင်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးချင်တယ်ဆိုရင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့က မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးကတဆင့် ဆက်သွယ်ကြဖို့ မြန်မာအစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။
2020-01-13
မြန်မာနိုင်ငံကို တရုတ်သမ္မတရှီကျင်းဖျင် မလာခင် တပတ်အလို ဇန်နဝါရီလ ၁ဝ ရက် သောကြာနေ့က တရုတ်အစိုးရရဲ့ကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းက KIA ဌာနချုပ် လိုင်ဇာမြို့မှာ KIA ခေါင်းဆောင်တွေနဲ့တွေ့ဆုံသလို AA ရခိုင့်တပ်တော်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
2020-01-13
မကွေးတိုင်းဒေသကြီးအတွင်းက သိမ်းဆည်းခံထားရတဲ့ မြေယာအမှုပေါင်း ၃၀ ကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ဦးဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသားများ တောင်သူလယ်သမားများသမဂ္ဂဗဟို ဟာ ဇန်နဝါရီ ၁၀ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ် တောင်းဆိုခဲ့ပါတယ်။
2020-01-13
ဆေးခြောက်စိုက်ပျိုးမှုနဲ့ အရေးယူခံရပြီး အာမခံနဲ့ လွှတ်ပေးထားတဲ့ အမေရိကန်နိုင်ငံသား လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့ရုံးချိန်းမှာ အမှု လာရောက်မရင်ဆိုင်ရင် အာမခံပေးထားသူကို တရားစွဲသွားမယ်လို့ မြင်းခြံခရိုင်တရားရုံးက ပြောလိုက်ပါတယ်။
2020-01-10
ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူမြို့နယ်တွေမှာ စက်မှုဇုန်၊ ဆိပ်ကမ်း၊ အမြန်လမ်း၊ ရထားလမ်း စတဲ့စီမံကိန်းတွေကို အကောင်အထည်ဖော်ချင်တယ်ဆိုပြီး တရုတ်ကျောထောက် နောက်ခံပြုထားတဲ့ ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေးကုမ္ပဏီလီမိတက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဒီနေ့ အဆိုပြုလိုက်ပါတယ်။
2020-01-10
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ဇာဒတ်ကြီးကျွန်းမှာ ထိန်းသိမ်းထားတဲ့ မွတ်စလင် ၁၇၀ ကျော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပြန်လည်ပို့ဆောင်ပေး လိုက်ပြီလို့ ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောပါတယ်။
2020-01-10
ပင်လုံအစ ကချင် ကဆိုတဲ့စိတ်ဓာတ်၊ လွတ်လပ်ရေးနေ့နဲ့အတူ ဖွားမြင်လာတဲ့ ကချင်ပြည်နယ်နေ့ ဆိုတဲ့ စိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေးအတွက် အတူ လက်တွဲသွားကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2020-01-10
စစ်ကိုင်းမြို့၊ မင်းကွန်းတိုက်နယ်၊ ကင်းကျေးရွာကနေ လူကုန်ကူးခံလိုက်ရတဲ့ ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ တရုတ်နိုင်ငံကနေ ရှမ်းပြည်နယ် မူဆယ်မြို့ကို ပြန်ရောက်နေပြီဖြစ်ပေမယ့် မိသားစုနဲ့ ပြန်လည်တွေ့ဆုံနိုင်ခြင်း မရှိသေးပါဘူး။